menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အိန္ဒိယက ယခုနှစ်အတွင်း မတ်ပဲ တန်ချိန် လေးသိန်းတင်သွင်းရန် ခွင့်ပြု
➖🔹➖🔹➖🔹➖🔹➖🔹➖
✔️အိန္ဒိယနိုင်ငံတွင် မတ်ပဲဈေးများ မြင့်တက်လျက်ရှိချိန် အစိုးရက ၂၀၂၁-၂၂ ရာသီအတွင်း မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းရန် သွင်းကုန်ကိုတာကို မတ်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာ လိုက်သည်။အိန္ဒိယသို့ မတ်ပဲ အများဆုံးတင်ပို့နေသော မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများအရ မတ်ပဲ ပို့နိုင်မပို့နိုင် မသေချာဖြစ်နေသဖြင့် စိုးရိမ်မှုများ ရှိနေသည်။ အစိုးရ၏ မတ်လ ၄ ရက်နေ့ ကြေညာချက်တွင် မတ်ပဲ သွင်းကုန်ကိုတာကို ပဲစက်လုပ်ငန်းများ/ပြန်လည်ကြိတ်ခွဲသန့်စင်ရေး လုပ်ငန်းများအတွက်သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
✔️အိန္ဒိယတွင် မိုးမမှန်သဖြင့် မတ်ပဲများ ပျက်စီးခဲ့ရပြီးနောက် ပြည်တွင်းမတ်ပဲဈေး တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။ အခွံမချွတ်ရသေးသော မတ်ပဲဈေးသည် လက်ရှိတွင် အစိုးရသတ်မှတ်သည့် အခြေခံဈေး (MSP) ထက် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်နေသည်။ မတ်ပဲအတွက် MSP ဈေးမှာ တစ်ကီလိုလျှင် ၆၀ ရူပီးဖြစ်ပြီး လက်ရှိအရောင်းအဝယ် ဖြစ်နေသောဈေးနှုန်းမှာ တစ်တန်လျှင် ၇၅ မှ ၈၀ ရူပီးကြားထိ ရှိနေသည်။
✔️မြန်မာနိုင်ငံသည် အိန္ဒိယပြင်ပတွင် မတ်ပဲအဓိကထုတ်လုပ်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ရာ ကုန်သည်များက မြန်မာနိုင်ငံရေး မတည်ငြိမ်မှုအပေါ် စိုးရိမ်နေပြီး ပြည်တွင်းပဲရောင်းလိုအား ဖြည့်ဆည်းရေး ဆုံးဖြတ်ချက် အမြန်ချမှတ်နိုင်ရန် တောင်းဆိုထားကြသည်။ မြန်မာနိုင်ငံမှလာသည့် အခြားပဲတစ်မျိုးဖြစ်သော ပဲစင်းငုံအတွက်လည်း ရောင်းလိုအားဆိုင်ရာ စိုးရိမ်မှုဖြစ်ပေါ်နေသည်။
✔️အစိုးရသည် ပဲစက်လုပ်ငန်းများအလိုက် တင်သွင်းခွင့်ကိုတာကို နောက်ပိုင်းအဆင့်တွင် ထုတ်ပြန်သွားမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။ "မတ်ပဲတင်သွင်းခွင့်ကာလကို အရင်နှစ်လိုမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ လအနည်းငယ်အတွင်း ကန့်သတ်ခွင့်ပြုခဲ့တာပါ။ အရင်နှစ်တုန်းက တင်သွင်းမှုကို ကာလအတိုအတွင်းသာ ခွင့်ပြုခဲ့တာက နိုင်ငံတကာဈေးနှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်နေတာကြောင့် ကုန်တင်ပို့သင်္ဘောတွေဟာ အခက်အခဲ ကြုံရနိုင်ပါတယ်" ဟု အိန္ဒိယပဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဆာရတ်အဂါဝယ်က ပြောသည်။
Sources : ဘာသာပြန် - ဝေယံဟိန်း (B.Ag)
မြန်မာတောင်သူကြီးများဂျာနယ်