menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုကန့်သတ်ချက်များကို ဖြေလျော့လိုက်ခြင်းကြောင့် ပြည်တွင်းပဲစိုက်ပျိုးမှုမြင့်တက်နိုင် . . .
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
↗️အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုကန့်သက်ချက်များကိုဖြေလျော့တာကြောင့် ပြည်တွင်း ပဲတီစိမ်း၊မတ်ပဲ၊ ပဲစင်းငုံစျေးများ မြင့်တက်လာသလို လာမည့်စိုက်ပျိုးရာသီတွင် စိုက်ပျိုးမှုများ ပိုမိုအားကောင်းလာနိုင် ကြောင်း ပဲစိုက်တောင်သူများထံမှသိရသည်။ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်း ပဲလိုအပ်ချက်များလာပြီး ပြည်ပမှ ပဲတင်သွင်းမှုကန့်သတ်ချက် ကိုတာစနစ်ကို ဖြေလျော့လိုက်ပြီး မြန်မာနိုင်မှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန်တစ်သိန်းကို နှစ်စဉ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ထိ ပုဂ္ဂလိက ကုန်သည်များမှတဆင့်တင်သွင်းရန် ဇွန်လ ၁၈ ရက်ကလက်မှတ်ရေးထိုးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။
↗️ထို့သို့နှစ်နိုင်ငံသဘောတူညီမှုကြောင့် ပို့ကုန်ပဲများကို မြန်မာတောင်သူများအနေဖြင့် စျေးကွက်သေချာသည့် သီးနှံစိုက်ပျိုးမှုများရှိလာနိုင်ပြီး လက်ရှိအချိန်တွင် အနီးဆုံးပဲစင်းငုံစိုက်ပျိုးရာသီရောက်လာပြီ ဖြစ်တာကြောင့် ယခင်မြေလပ်ထားသည့် ယာသီးနှံစိုက်ခင်းများ ၊အခြားသီးနှံပြောင်းလဲစိုက်ပျိုးသည့် စိုက်ခင်းများ၊ သီးညှပ်စိုက်ပျိုးမှုများကို ကြိုတင်ပြင်ဆင်လာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်းနှင့်မတ်ပဲကို ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးစပါးရိတ်သိမ်းပြီး နိုဝင်ဘာလတွင် အများဆုံးစိုက်ပျိုးပြီး ပဲစင်းငုံကို မိုးဦး ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးကာ မိုးကောင်းသောက် ယာမြေများတွင် သီးညှပ်အဖြစ် သြဂုတ်လ မြေပဲစိုက်ခင်းနှင့်အတူ နောက်ဆုံးစိုက်ပျိုးလေ့ရှိသည်။
↗️အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုကန့်သတ်ချက်များကို ၂၀၁၇ခုနှစ်မှ စတင်ခါ ကန့်သတ်ခဲ့ခြင်းကြောင့် တောင်သူများ ပဲစျေးနှုန်းရရှိသင့်သလောက်မရှိပဲ ပဲစင်းငုံမှာ စိုက်ပျိုးကွင်းဆက်လျော့ကျခဲ့ပြီး ပဲတီစိမ်း နှင့်မတ်ပဲမှာ တင်ပို့မှု ပမာဏလည်းများစွာကွာခြားမှု မရှိခြင်းကြောင့် စိုက်ပျိုးမှုလျော့ကျမှုများစွာ မရှိခဲ့ပေ။ လက်ရှိတွင် အိန္ဒိယနိုင်ငံအနေဖြင့်တင်သွင်းမှုတွင်ဖြေလျော့မှုများရှိလာသဖြင့် မြန်မာ တောင်သူများအတွက် စျေးကွက်သေချာသည့် စိုက်ပျိုးမှုဖြစ်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ပြောသည်။
↗️“အိန္ဒိယနိုင်ငံက ပို့ကုန်ပဲတွေအပေါ် ကိုတာစနစ်ကန့်သတ်တာ နဲ့ မကန့်သတ်တာက မြန်မာနိုင်ငံ ပို့ကုန်ပဲတွေ အပေါ်သက်ရောက်မှု သိပ်မရှိလှပါဘူး။ မြန်မာနိုင်ငံက တင်ပို့မှုကွာခြားသွားတာ မရှိသလောက်ပါ။ ပို့ကုန်ပဲ လေးမျိုးကို ကိုတာစနစ်လုပ်တာမှာ ပဲရာဇာကတော့ သက်ရောက်မှု မရှိပါဘူး။ပမာဏနည်းပါတယ်။ ကျန်ပဲသုံးမျိုးမှာ ပဲတီစိမ်းက ဝယ်လက်နိုင်ငံများတော့ ထိခိုက်မှု မရှိပါဘူး” ၎င်းက ပြောသည်။ သို့သော် အိန္ဒိယကုန်သည်များ၏ စျေးကစားခြင်းခံရပြီး တောင်သူများ သီးနှံစျေးနှုန်းရသင့်သလောက်မရသည့် အခြေအနေမှာ၂၀၁၈ ခုနှစ်မှ ယနေ့အချိန် ထိဖြစ်ပေါ်နေခဲ့သဖြင့် လက်ရှိ တင်ပို့မှုကန့်သတ်ချက်မျာဖြေလျော့ကာ ကိုတာစနစ်များ ပြောင်းလဲဖွင့်လှစ်လိုက်ခြင်းက ပို့ကုန်သီးနှံများ စျေးကောင်းပြန်လည်ရရှိလာမည့် အခြေအနေဖြစ်သည်ဟု ပို့ကုန်ပဲအမျိုးအစား အလိုက် ဦးမျိုးသူ သုံးသပ်ထားသည်။
↗️“ကိုတာစနစ်နဲ့ ထိန်းလိုက်တာက အိန္ဒိယက မြန်မာနိုင်ငံရဲ့ ပဲရောင်းဝယ်မှုကို ထိန်းထားနိုင်သလို ဖြစ်သွားပြီး အိန္ဒိယကုန်သည်တွေ စျေးကစားမှုကို မြန်မာကုန်သည်တွေ ခံရသလို တောင်သူတွေရဲ့ အရောင်းအဝယ်ကိုထိခိုက်လာတာပေါ့။ တောင်သူတွေကလည်း ပဲစျေးရသင့်သလောက်မရဘူး။ ကုန်သည်တွေလည်း အကျိုးအမြတ်နည်းခဲ့တယ်။ ဒီပြဿနာတွေက ၂၀၁၇၊၂၀၁၈၊၂၀၁၉၊ ၂၀၂၀၊ ယနေ့အထိ ဖြစ်လာခဲ့တာပါ။ အရောင်းအဝယ်ပမာဏတွေတင်ပို့မှုတွေကိုကြည့်ရင် သိပ်မပြောင်းလဲပါဘူး” ဟု ၎င်းကပြောသည်။
Sources : ရွှေမန်း (The Farmer Media )