menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အိန္ဒိယမှ မြန်မာ့ပြောင်းတန်ချိန် ၅ သိန်းခန့်ကို ဝယ်ယူထား .....
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
➡️ ယခု၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှပြောင်းများကို ပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံဈေးကွက်သစ်သို့ အကောက်ခွန်ကင်းလွတ်ခွင့်နှင့် စတင်တင်ပို့လျက်ရှိပြီး ယခုနှစ်အတွက် ပြောင်းတန်ချိန် ၅ သိန်းခန့်ကို အိန္ဒိယမှဝယ်ယူထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
➡️ လက်ရှိမှာ အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် ပြောင်းများကိုလည်း အတော်များများတင်ပို့ထားပြီးဖြစ်သလို မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းများကို ထိုင်းနိုင်ငံသို့အဓိကတင်ပို့လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။
➡️ “အမှန်တော့ အိန္ဒိယက ကျွန်တော်တို့ဆီကပြောင်းကို မဝယ်တာကြာပြီ။ အခုမှပြန်စဝယ်တဲ့သဘောပဲ၊ အတော်များများတော့ဝယ်ပါတယ်။ အခုနှစ်ဇန်နဝါရီလကနေ လက်ရှိအချိန်အထိဆိုရင် တန်ချိန် ၅သိန်းလောက်အထိကို အိန္ဒိယကဝယ်ထားတယ်လို့ သိရပါတယ်။ တန်ချိန်အတော်များများလည်း ပို့ပြီးသွားပြီလို့သိရပါတယ်။ အိန္ဒိယကို ကျွန်တော်တို့ပို့တာလည်း အကောက်ခွန်လွတ်ပို့တာပဲ။ လမ်းကြောင်းကလည်း ပုံမှန်ရေကြောင်းကုန်သွယ်ရေးကနေ အဓိကပို့ဆောင်ပါတယ်။ ပို့တာတော့အများဆုံးကထိုင်းနိုင်ငံပါ၊ ပြီးရင်ဖိလစ်ပိုင်ကိုလည်း ပို့ပါတယ်။ အနည်းအကျဉ်းတော့ဗီယက်နမ်ကိုလည်း ပို့တယ်။ ဒီနှစ်လည်း မနှစ်ကခန့်မှန်းထားသလိုပဲ တန်ချိန် နှစ်သန်းလောက်တော့ပို့ဖြစ်မှာပါ ” လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
➡️ လက်ရှိပြည်ပတင်ပို့မှုအနေဖြင့်လည်း ပြောင်းတန်ချိန်တစ်သန်းခွဲကျော်ကို တင်ပို့ထားပြီးဖြစ်သလို ပြည်တွင်းမှာပြောင်းကို ရှမ်းပြည်နယ်အတွင်း အဓိကစိုက်ပျိုးပြီး မိုးရာသီတွင် မိုးပြောင်း၊ ဆောင်းရာသီတွင် ဆောင်းပြောင်း ဟုဆိုကာစိုက်ပျိုးလျက်ရှိကြောင်းလည်းသိရပါတယ်။
Credit to Myanmar Future News