menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အမြင့်ဈေးတွင်ရှိနေသည့် သကြားဈေးကွက်အခြေအနေ
↗️ စျေးကွက်တွင် လက်ကျန်နည်းလာသည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ထို့အပြင် လတ်တလော ဒေါ်လာစျေး မှာ မြင့်တက်လာခြင်းကြောင့် စျေးမှာအတက်စျေးတွင်ရှိနေခြင်းကြောင်း သိရသည်။
↗️ “ပြည်တွင်းမှာလဲ သကြားရောင်းစရာသိပ်မကျန်တော့ဘူး။ လက်ကျန်နည်းတာလဲပါမယ်။ အခုရက်ပိုင်းငွေစျေးတွေလဲ ပြောင်းသွားတယ်။ အဲ့ဒီတော့ သကြားစျေးလဲလိုက်တက်တာပေါ့။ ဒါပေမဲ့ အရောင်းဝယ်အများကြီးမဖြစ်သေးဘူး” ဟု မြန်မာနိုင်ငံသကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးစိန်ထွန်း က ပြောသည်။
↗️ ပြီးခဲ့သည့်လက ပြည်တွင်း၌သကြားတစ်ပိဿာလျှင် ၃,၀၇၅ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ ၃,၂၀၀ မှ ၃,၃၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိကြောင်း သိရသည်။ ဒေသအလိုက် အချိန်နှင့်အမျှလည်း ဈေးနှုန်းပြောင်းလဲ နိုင်ပြီး ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက စျေးနှုန်း အဆမတန်မြင့်တက်လာ ကြောင်း သိရသည်။ လက်ရှိ Export အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျှက်ရှိနေပြီး အဆိုပါနိုင်ငံသို့ သကြား မကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
↗️ “ဗီယက်နမ်ကို ထပ်ပြီးမရောင်းနိုင်ဘူး၊ ကြံကြိတ်ရာသီကလဲ ပြီးသွားပြီ ၊ကြံကြိတ်စက်တွေလဲ တော်တော်များများရပ်သွားပြီဆိုတော့ ဗီယက်နမ်ကိုပို့မယ်ဆိုတဲ့ သကြားတွေကလဲ မကြိတ်ခင်တည်းက ကြိုရောင်းထားတဲ့သကြားတွေ တင်ပို့နေတာ။ နောက်ထပ်တော့ စာချုပ်ထပ်မချုပ်ရသေးဘူး” ဟု ယင်း ကဆက်လက်ပြောသည်။
↗️ ၂၀၂၂ - ၂၀၂၃ နောက်ဆုံး ကောက်ယူထားသည့်စာရင်းအရ ပြည်တွင်းသကြားထုတ်လုပ်နိုင်မှုမှ တန်ချိန် လေးသိန်းနီးပါးထွက်ရှိထားပြီး လက်ရှိလက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့်သာရှိတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင်စတင်ပြီး ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိခြင်းကြောင့် သကြားလက်ကျန်မှာနည်းနေခြင်းဖြစ်သည်။
↗️ ယခုနှစ် ကြံစိုက်တောင်သူများအနေဖြင့် သကြားစျေးကောင်းခဲ့သည့်အတွက် စျေးနှုန်းရရှိမူ တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ကြံကြိတ်ရာသီအတွက် ကြံစျေးသတ်မှတ်ထားရာမှ လက်ရှိသကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ တိုးပေးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
↗️ “သကြားစျေးက အခုနှစ်မှာ နိုင်ငံတကာစျေးမှာလည်းမြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမှုလည်းရှိတော့ အဆင်ပြေတာပေါ့” ဟု ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။ ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)