menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အစောဆုံးထွက်ရှိလာသည့် ဆောင်းမတ်ပဲများ အဖွင့်ဈေးကောင်းရရှိနေ
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
✅ ၂၀၂၂ခုနှစ် ပဲရာသီအတွက် နယ်စုံဒေသမှ အစောဆုံးထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ဆောင်းမတ်ပဲများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး အဖွင့်ဈေးကောင်းရရှိနေကြောင်း မန္တလေးပဲကုန်သည်များ ထံကသိရသည်။
✅ ဆောင်းမတ်ပဲသီးနှံမှာ ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ဝင်ရောက်လာပြီး အထွက်နှုန်းနှင့် အရည်အသွေးပိုင်းလည်း ကောင်းမွန်ကြောင်း သိရကာ ပြီးခဲ့သည့်နှစ်ကာလတူရာသီကအဖွင့်ဈေး သုံးတင်းဝင်တစ်အိတ်ကျပ် ၈၅,၀၀၀ နှုန်းထက်သာလွန်စွာ ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၃၀,၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
✅ "ဆောင်းမတ်ပဲတွေက ဒီလဒုတိယပတ်ကစပြီး မန္တလေးဈေးကွက်ကို စတင်ဝင်ရောက်နေတာပါ။ ဒီနှစ်က စတင်ထွက်ရှိကတည်းက အဖွင့်ဈေးကောင်းရရှိကြပါတယ်။ မိုးဦးကစိုက်ခဲ့တဲ့ ရေသွင်းမတ်ပဲတွေက ဈေးကွက်ထဲမှာမရှိသလောက်ဖြစ်သွားပါပြီ။ ဆောင်းမတ်ပဲက ဒီနှစ်မှာ ပိုးမွှားလည်း ဖျက်ဆီးမှုမရှိဘူး၊ ရာသီဥတုကလည်း မျှတတာနဲ့ကြုံတွေ့ရလို့ မတ်ပဲအထွက်ကောင်းတယ်။ မတ်ပဲက အထက်ပိုင်းဒေသတွေမှာ သီးထပ်အနေနဲ့ စိုက်ပျိုးလို့ရတယ်။ အောက်ပိုင်းဒေသတွေမှာတော့ တစ်နှစ်ကို ဆောင်းသီးနှံအနေနဲ့ တစ်ရာသီပဲ စိုက်တယ်။ ဒီနှစ်မတ်ပဲအထွက်ကနှစ်ပတ်လောက်စောတယ်" ဟု ၎င်းက ပြောသည်။
✅ လက်ရှိမန္တလေးပဲဈေးကွက်သို့ ကသာ၊ ထီးချိုင့်၊ မတ္တရာ၊ စဥ့်ကူးနယ်များမှ ဆောင်းမတ်ပဲများ စတင်ဝင်ရောက်လာနေပြီး မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ မြင်းခြံဒေသများ၌လည်း မကြာခင် အများအပြား ထွက်ရှိလာတော့မည်ဖြစ်သည်။
✅ မတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ သြဂုတ်လအတွင်း စတင်စိုက်ပျိုးကာ ဇန်နဝါရီလအတွင်း လှိုင်လှိုင်ပေါ်ထွက်လေ့ရှိပြီး၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကြောင်းသိရသည်။
✅ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer media)