menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“အသစ်ထွက်လာမည့် ပို့ကုန်ပဲများ အမြင့်ဈေးတန်းရရှိနိုင်”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
↗️အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်ရှိနေသောကြောင့် အသစ်ထွက်လာမည့် ပို့ကုန်ပဲများ အမြင့်ဈေးတန်း ရရှိနိုင်သလို ပြည်တွင်းသုံး ကုလားပဲအုပ်စုဈေးများ အမြင့်ဈေးဖြစ်နေကြောင်း ပဲ၊ နှမ်းကုန်သည် များထံက သိရသည်။ လက်ရှိဒေါ်လာဈေးတည်ငြိမ်နေသောကြောင့် အသစ်ဝင်ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေသော်လည်း အိန္ဒိယ၏ပဲလိုအပ်ချက်မြင့်မားနေပြီး ၂၀၂၃ခုနှစ် ပို့ကုန်ပဲသစ်များမှာ ဈေးကောင်းရရှိလာနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
↗️အသစ်ဝင်ရောက်လာသည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဈေးမြင့်တက်လာခြင်းမရှိသေးသော်လည်း နှစ်ကုန်ပိုင်း နောက်ပိုင်းတွင် အရောင်းအဝယ်သွက်လက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း လက်ကျန်နည်းလာသည့် ကုလားပဲအုပ်စုမှာ အမြင့်ဈေးတန်းအတိုင်းဆက်လက်ရှိနေမည်ဖြစ်ကြောင်း နယ်စပ်ပို့ကုန်လမ်းကြောင်း ကောင်းမွန်လာပါက နှမ်းမျိုးစုံနှင့်မြေပဲဆန်ဈေးကွက်မှာ အမြင့်ဈေးကို ဦးတည်လာနိုင်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
↗️“ဒီအချိန်က နှစ်ကုန်ပဲ အဟောင်းရောင်း အသစ်ဝယ်ချိန်ပါ။ ပဲသစ်ကလည်း ၂မျိုး၊ ၃မျိုး စတင် ဝင်ရောက်နေပါပြီ။ လက်ရှိသီတင်းပတ်မှာ ဖြစ်ပေါ်နေတဲ့အမြင့်ပဲဈေးတွေက နှစ်ကုန်ထိ ဒီအတိုင်းပဲ ဆက်သွားပါလိမ့်မယ်။ ကုလားပဲ V2 တစ်အိတ် ၁၉၅,၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ဒီပေါက်ဈေးက ဒီနှစ်အတွက်တော့ အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ ပို့ကုန်မတ်ပဲပေါက်ဈေးက တစ်အိတ် ငွေကျပ် ၁၇၀,၀၀၀ ဝန်းကျင်၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၅,၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ပဲတီစီမ်းတစ်အိတ် ငွေကျပ် ၁၄၀,၀၀၀ ဈေးတန်းတွေကတော့ လွန်ခဲ့တဲ့(၁၀)ရက်လောက်ကတည်းက တည်ငြိမ်နေတာပါ၊၊ ဒေါ်လာငွေလဲလှယ်နှုန်းကလည်း တည်ငြိမ်နေပါတယ်။ ပို့ကုန်ပဲတွေအနေနဲ့ ဈေးမတက်ဘဲ အရောင်းအဝယ်ကတော့ကောင်းနေပါတယ်။ နှစ်ကုန်ပြီး ဇန်နဝါရီ(၁၅)ရက်လောက်ဆိုရင် ပဲအသစ်တွေ ဈေးကွက်ထဲ အစုံအလင်ဝင်ရောက်လာတော့မှာပါ။ ပို့ကုန်လှောင်လက်သမားတွေကတော့ အသစ်ဝင်လာမယ့်ပဲသစ်တွေကို စောင့်ဆိုင်းနေတာပါ။ ပြည်တွင်းသုံးပဲတွေကတော့ ဈေးမတက်တာ တစ်လကျော်ကြာပါပြီ။ လာမည့် ပဲသစ်ရာသီမှာ ထွက်ပေါ်လာမယ့်ပို့ကုန်ပဲဈေးကွက်ကတော့ အမြင့်ဈေးတန်းတစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
မတ်ပဲနှင့်ပဲစင်းငုံသာ ဈေးကွက်အတွင်းအသစ်ဝင်ရောက်နေပြီး လှောင်လက်သမားများ ၂၀၂၃ခုနှစ် ပဲသစ်ကို စောင့်ဝယ်ယူနေရသောကြောင့် ဈေးအမြင့်တန်းကိုရရှိနိုင်ကြောင်း ပဲကုန်သည်များက သုံး သပ်ထားရာ ဒီဇင်ဘာ(၂၂)ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၀,၀၀၀၊ ပဲစင်းငုံတစ်အိတ် ၁၆၅,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိသည်။
↗️နှစ်ကုန်ပိုင်း ရောက်ရှိလာရာ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးအနည်းငယ်စီ မြင့်တက်လာသည်။ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၅,၀၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၅,၀၀၀၊ စွန်တာပြာတစ်အိတ်လျှင် ငွေကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ်၂၀၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ်၃၀၀,၀၀၀ ပေါက်ဈေးဖြစ်သည်။
↗️သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း