menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အသစ်ဝင်ပဲစင်းငုံဈေးကွက်နှင့်အတူ ပို့ကုန်ပဲများအရောင်းအဝယ်သွက်လာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅အသစ်ဝင် ပဲစင်းငုံဈေးကွက်နှင့်အတူ ပို့ကုန်ပဲများ အရောင်းအဝယ်သွက်လာပြီး ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးတည်ငြိမ်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံ ဈေးကွက်ကျဆင်းနေရာမှ အသစ်ဝင်ပဲဈေးကွက်နှင့်အတူ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာ ကြောင်း၊ ပဲစင်းငုံအသစ်များမှာ နယ်ဈေးကွက်တွင် အရောင်းအဝယ်ခပ်သွက်သွက်ရှိနေသော်လည်း အသစ်ဝင်ရောက်မှု ပမာဏနည်းသေးကြောင်း၊ မြေပဲဆန်ဈေးကွက် ပုံမှန်သာရှိပြီး နှမ်းမျိုးစုံထိပ်စ အရည်အသွေးများသာ အရောင်းသွက်လျက်ရှိကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
✅“ကုလားပဲအုပ်စုကတော့ ဈေးအတက်အကျ သိပ်မပြောင်းလဲဘဲ ပုံမှန်အမြင့်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ လဆိုင်းပေးစနစ်ဆိုရင် တစ်အိတ် ငွေကျပ် ၃,၀၀၀ခန့် ပိုမိုဈေးရတယ်။ မြေပဲဆန်ဈေးကတော့ စားဆီ၊ ပဲဆီဈေးမတက်တော့ ပုံမှန်သာအရောင်းအဝယ်ရှိပါတယ်။ နှမ်းမျိုးစုံကတော့ ထိပ်စက တစ်အိတ်ကျပ် ၂၆၅,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးဖြစ်နေတော့ ဈေးတွေ အနည်းငယ်ပြန်ကျတယ်။ ပြည်တွင်းသုံးပဲမာလိုင်းတွေကတော့ အမြင့်တွေဖြစ်သွားပြီး ငြိမ်နေတာ ကြာပါပြီ။ ပို့ကုန်ပဲတွေ ဈေးကျဆင်းနေတာကနေ ဈေးပြန်တက်လာပြီး အဝယ်သွက်နေပါတယ်။ ပဲစင်းငုံအသစ်တွေ တစ်တင်း ကျပ် ၅၅,၀၀၀ လောက်နဲ့ ဈေးစတင်ဝင်ရောက်ပေမယ့် ရောင်းလောက် ဝယ်လောက်တဲ့ ပမာဏမရှိသေးပါဘူး။ နယ်တွေမှာတော့ အရောင်းအဝယ်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
နယ်စုံမှပဲစင်းငုံအသစ်များ စတင်ထွက်ရှိလာရာ နယ်ဈေးကွက်တွင် တစ်တင်း ကျပ် ၅၅,၀၀၀ ထိ ပေါက်ဈေးရှိလာသော်လည်း အဝင်နည်းနေသေးသည်။ ဒီဇင်ဘာ(၈) ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၇၀,၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၆၅,၀၀၀ သာ ပေါက်ဈေးဖြစ်နေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၀,၀၀၀ သာ ပေါက်ဈေးရှိသည်။
🥜မြေပဲ🥜
မြေပဲဆီဈေးနှင့် စားဆီဈေးများ တည်ငြိမ်နေတာကြောင့် မြေပဲဆံဈေးမှာလည်း အပြောင်းအလဲမရှိ ဈေးငြိမ်နေရာ ဒီဇင်ဘာ(၈)ရက်တွင် ထိပ်စမြေပဲဆံမှာ ငွေကျပ် ၅,၈၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် သွက်နေပြီး ဆီဆံမှာ တစ်ပိဿာ ကျပ် ၄,၆၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ ပေါက်ဈေး ရှိနေသည်။
✅ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်အသစ်ဝင်ရောက်လာသည့် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အရောင်းအဝယ်ကောင်းလာသလို ပြည်တွင်းသုံးပဲမာမျိုးစုံမှာ အမြင့်ဈေးဖြင့်ငြိမ်နေရာ ဒီဇင်ဘာ(၈)ရက် တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀၊ ပဲယင်းတစ်အိတ်လျှင် ကျပ် ၁၁၃,၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ကျပ် ၂၃၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင်ကျပ် ၁၅၀,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ကျပ် ၁၃၇,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ကျပ် ၃၅၀,၀၀၀ ပေါက်ဈေးအသီးသီးဖြစ်နေသည်။
✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)