menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“အတက်ဈေးတွေ ဖြစ်နေတဲ့ ပဲ၊ နှမ်း ဈေးကွက်”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏯ဒေါ်လာဈေးအပေါ် အခြေခံလာသည့် ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲကြောင့် ပဲမျိုးစုံဈေးကွက်အတွင်း ပဲ၊ နှမ်းအားလုံး ဈေးမြင့်တက်လာသည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများမှာ ဈေးမြင့်တက်လာလျှက်ရှိကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
⏯ဒေါ်လာငွေသတ်မှတ်ချက်အပြင် ငွေပေးချေမှု၊ တင်ပို့မှုဆိုင်ရာ လိုင်စင်တစ်ခေါက်ချင်း လျှောက်ထားရမှုတို့ကြောင့် ပဲ၊နှမ်းဈေးကွက်တွင် နှစ်ရက်ခန့် အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်သွား ပြီးနောက် ပစ္စည်းလက်ဝယ်ရှိသူများက ပြင်ပဒေါ်လာဈေးပေါ်မူတည်ကာ ဈေးချိန်ညှိပြီး ကြိုက်ဈေးရမှသာ ရောင်းချသည့်ပုံစံဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
⏯“ပဲ၊ နှမ်းဈေးကွက်ကတော့ အကုန်အတက်ဈေးတွေဖြစ်နေပါတယ်။ မြေပဲဆန်ဆိုရင် တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်နေတယ်။ ကုလားပဲဆိုရင်လည်း ထိုင်ဝမ်ပဲက ကျပ် ၁၃၉,၀၀၀ - ၁၄၀,၀၀၀ ၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၄၁,၀၀၀ ပေါက်ဈေးတွေ ဖြစ်လာတယ်။ နှမ်းဖြူတစ်အိတ် ကျပ် ၂၇၀,၀၀၀ ထိ ဈေးကောင်းလာပါတယ်။ ပဲ၊ နှမ်းအမျိုးအစားအလိုက် အကုန်လုံး ပုံမှန်မဟုတ်တဲ့ အတက်ဈေးတွေ ဖြစ်နေပါတယ်။ ပစ္စည်းလက်ဝယ်ရှိသူတွေကတော့ မရောင်းရလေကြိုက်လေပဲ၊ ကြိုက်ဈေးခေါ်ရောင်း နေတဲ့ ဈေးကွက်ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။
⏯ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ငွေလဲလှယ်နှုန်းကွာခြားချက်များ ကြောင့် ပို့ကုန်သမားများ တင်ပို့မှုရပ်ဆိုင်းနေကြောင်းလည်း သိရပြီး ပြည်တွင်း ဒေါ်လာပေါက်ဈေး မတည်ငြိမ်ခြင်းကြောင့်လည်း ပဲ၊နှမ်းဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေခြင်းဖြစ်သည်။
မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ
---------------------
ပို့ကုန်ပဲများအားလုံး သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀,၀၀၀ ခန့် ဈေးမြင့်တက်သွားရာ ဇူလိုင်(၂၁) ရက်တွင် မတ်ပဲတစ်အိတ်ကျပ် ၁၅၉,၀၀၀ ၊ ပဲတီစိမ်း တစ်အိတ် ကျပ် ၁၄၁,၀၀၀ ၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၄၀,၀၀၀ အသီးသီး ပေါက်ဈေးဖြစ်လာသော်လည်း အရောင်းအဝယ်မှာမူ ကောင်းမွန်နေပြီး ပြင်ပ ဒေါ်လာဈေး မတည်ငြိမ်မှုနှင့်အတူ ပို့ကုန်ပေါက်ဈေးများလည်း လိုက်ပါဈေးမြင့်တက်နေခြင်းဖြစ်သည်။
မြေပဲ
----
ပြည်တွင်းဈေးကွက်သို့ စားဆီဝင်ရောက်မှုရှိလာသော်လည်း ပေါက်ဈေးမြင့်မားနေခြင်းကြောင့် မြေပဲဆံဈေးမှာလည်း မြင့်တက်နေသည်။ တရုတ်လိုင်းအဝယ်များသည့် မြေပဲလုံးဆံအနီမှာ တစ်ပိဿာကျပ် ၅,၁၀၀ ထိပေါက်ဈေး ရှိနေသည်။ ဇူလိုင်လ(၂၁) ရက်တွင် S1 လုံးဆံ တစ်ပိဿာ ကျပ် ၅,၀၀၀ ၊ အနီဆီဆံ တစ်ပိဿာ ကျပ် ၄,၈၀၀ ၊ မြေပဲဆီ တစ်ပိဿာကျပ် ၉,၅၀၀၊ နှမ်းဆီ တစ်ပိဿာကျပ် ၈,၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် ၈,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
⏯ထို့အပြင် ပြည်တွင်းသုံး ပဲမာလိုင်းများလည်း ဈေးမြင့်တက်လာရာ ကုလားပဲ V2တစ်အိတ် ၁၅၇,၀၀၀၊ ပဲယင်းတစ်အိတ် ၁၃၅,၀၀၀ ၊ ပဲကြီးတစ်အိတ် ကျပ် ၂၁၀,၀၀၀၊ ပဲထောပတ်တစ်အိတ် ၁၅၀,၀၀၀၊ စွန်တာပြာတစ်အိတ် ၁၃၅,၀၀၀၊ မြေထောက်ပဲတစ်အိတ် ၁၈၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ၃၀၀,၀၀၀ အသီးသီးဈေးမြင့်တက်လာကြောင်း သိရသည်။
⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း