menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အယ်လ်နီညို ရာသီဥတု နှင့် သီးနှံစိုက်ပျိုးသူများ သတိပြုနိုင်ရန်အချက်များ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✅ ယခုကာလ၏ ရာသီဥတုအနေအထားမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေတွင် တည်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသခန့်မှန်းချက်များမှ ထုတ်ပြန်ထားပြီးဖြစ်ရာ ဆောင်းကာလ သီးနှံစိုက်ပျိုးသူများအတွက် အထူးဂရုပြုရမည့် အနေအထားပင်ဖြစ်သည်။
✅ ဆောင်းကာလ ပဲမျိုးစုံ နှင့် ဟင်းသီးဟင်းရွက်၊ ပန်းမန် စသည့် သီးနှံပင်များစိုက်ပျိုးမည့်သူများ အနေဖြင့် နေ့အပူချိန်မြင့်မား၍မြေတွင်းအစိုဓာတ်ပြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းကြောင့် အပင်ကြီးထွားသီးပွင့်မှု နှောင့်နှေးခြင်း၊ ရင့်မှည့်ချိန်မတိုင်မီရိတ်သိမ်းရခြင်းတို့ ဖြစ်ပေါ်တတ်သည်ကို သတိပြုရပါမည်။
✅ သို့ဖြစ်ရာ အယ်လ်နီညို ရာသီဥတု နှင့် သီးနှံစိုက်ပျိုးသူများ သတိပြုနိုင်ရန်အချက်များကို အကြံပြု တင်ပြလိုက်ရပါသည်။
၁ ။ မိမိတို့စိုက်ပျိုးမည့်သီးနှံအမျိုးအစားကိုလိုက်၍ ထယ်ရေးမဲ့စိုက်နည်းစနစ် (Zero Tillage)ကို ဦးစားပေးအသုံးပြုပါ။ ထွန်ရေးဝင်ပြီးသီးနှံစိုက်ပျိုးပါက သီးနှံမျိုးစေ့ချပြီးသည်နှင့် ဂျမ်းတုံးအုပ်ပေးပါ။
၂ ။ စိုက်ပျိုးပြီးသီးနှံပင်များကို မြေတွင်းအစိုဓာတ်ထိန်းထားနိုင်စေရန် အပင်ခြေတွင် ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေးများအုပ်ပေးပါ။ (Used Mulching Method)
၃ ။ သီးနှံပင်များစိုက်ပျိုးချိန်တွင် မြေခံမြေဩဇာအသုံးပြုပေးပါ။ ထိုသို့အသုံးပြုရာတွင် အမြစ်အဖွဲ့အစည်းအားကောင်းစေသည့် ဖော့စပရပ်ဓာတ် နှင့် အပင်အရွက်များအတွင်းရေငွေ့ပျံမှု လျော့နည်းစေရန် ထိန်းသိမ်းပေးနိုင်သည့် ပိုတက်စီယမ်ဓာတ် ပါဝင်သော ဓာတ်မြေဩဇာကို သဘာဝမြေဩဇာ နှင့် ရောစပ်အသုံးပြုပေးပါ။ အပင်ကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် နိုက်ထရိုဂျင်မြေဩဇာ တစ်မျိုးတည်းအသုံးပြုခြင်းကို ရှောင်ရှားသင့်ပါသည်။
၄ ။ ရာသီဥတုဒဏ်၊ ပိုးမွှား ရောဂါကျရောက်မှု နှင့် အပူဒဏ်ကိုခံနိုင်ရည်ရှိစေရန် အမိုင်နိုအက်ဆစ်ကို ဖြည့်တင်းပေးသင့်သည်။ ဝိစာရ၏ “ရိုက်စ်အပ် နှင့် ဝီဂရိုး” ရွက်ဖျန်းအားဆေးများရောစပ်၍ အပင်ငယ် နှစ်ပတ်သားမှစ၍ (၂ - ၃)ပတ်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။
၅ ။ အပူချိန်မြင့်မားချိန်တွင် စုပ်စားပိုးများမှာ ဘဝစက်ဝန်းတိုတောင်းပြီး ပေါက်ဖွားမှုနှုန်းများပြားသည့် အတွက် လှေး နှင့် ယင်ဖြူအပါအဝင် စုပ်စားပိုးများကျရောက်မှုကို ကြိုတင်ဂရုပြုကာကွယ်ပေးရပါမည်။ သို့အတွက် ဝိစာရ၏ “ဟော်ကီ၊ သမန်းကျား၊ ပိုလီ ကေး” စသည့် ပိုးသတ်ဆေးများကို ၁၅ရက်ခြား တစ်ကြိမ်ပက်ဖျန်းနိုင်ပါသည်။
၆ ။ ရာသီဥတု ဆိုးရွားပြင်းထန်ပါက ပဲမျိုးစုံ နှင့် ဆောင်းသီးနှံပင်များတွင် ရောဂါဒဏ် ခံနိုင်ရည်အားကျဆင်းပြီး အပင်ငယ်စဉ်တွင် ခါးရိ နှင့် အမြစ်ပုပ်ရောဂါ ဝင်နိုင်သည်။ ထို့အပြင် ပဲမျိုးစုံ သံချေး၊ ရွက်ပြောက် နှင့် ဖားဥမှိုရောဂါများလည်း ကျရောက်နိုင်သည်ဖြစ်ရာ ဝိစာရ ၏ “ကာဗာ၊ ဘာလီဆိုဒ်၊ ဒိုင်ကိုဇက်၊ ဟက်ဇာဂွန်” မှိုဆေးများကို အသုံးပြုပေးရမည်။
✅ ထိုသို့ နည်းစနစ်ကောင်းများဖြင့် ကြိုတင်ဂရုပြုဆောင်ရွက်ပေးခြင်းဖြင့် သီးနှံအထွက်နှုန်းကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေ ...
🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱