menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
Covid-19 ကာကွယ်တားဆီးရေးအတွက် LIFT က ကန်ဒေါ်လာ၁၅သန်းကျော် ကူညီမည်
💠Covid-19 ကာကွယ်တားဆီးရေးအတွက် LIFT က ကန်ဒေါ်လာ၁၅သန်းကျော် ကူညီမည်💠
🔹မြန်မာနိုင်ငံတွင် Covid-19 ရော ဂါ ကာကွယ်တားဆီးရေး လုပ်ကိုင် နိုင်ရန် အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) က အမေရိကန်ဒေါ်လာ ၁၅ဒသမ၈သန်းကို ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
🔹LIFT ၏ မိတ်ဖက်အဖွဲ့အစည်း များမှတစ်ဆင့် Covid-19 ရောဂါ ကာ ကွယ် တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေသူများထံသို့ ထောက်ပံ့ သွားမည်ဖြစ်ကာ ရွှေ့ပြောင်းလုပ် သားများ၊ သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ရသူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက်နှစ်နှစ် အောက်ကလေးငယ်ရှိသော မိခင်များကို အဓိကထောက်ပံ့ပေးသွားမည်ဟု သိရ သည်။
🔹“Covid-19 ၁၉ ကပ်ရောဂါက ပြည် သူတွေအတွက် လက်ရှိမှာရော အနာ ဂတ်မှာပါ ခန့်မှန်းလို့မရနိုင်တဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ ဒါကြောင့် ထိခိုက် လွယ်တဲ့ ပြည်သူတွေကို ရှာဖွေပြီး ပံ့ပိုး တာတွေ လုပ်ဆောင်ပေးခြင်းက နိုင်ငံ တော်ကို အားပေးကူညီရာလည်း ရောက် တယ်။ ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ကိုလည်း ကျွန်မတို့အနေနဲ့ သက်ဆိုင် ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြင်ဆင်ထား သလို ပံ့ပိုးကူညီခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်}}ဟု LIFT မှ ရန်ပုံငွေ ညွှန်ကြားရေးမှူး ကေတီဝက်ဘ်လေက ပြောကြားထားသည်။
🔹အဆိုပါ ကန်ဒေါ်လာ၁၅သန်းကျော် ကို ယူကေ၊ အီးယူ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊အမေရိကန်၊ ကနေဒါနှင့် အိုင်ယာလန်နိုင်ငံတို့က ပူးပေါင်း ထောက်ပံ့ပေးခြင်းဖြစ်သည်။ ရွှေ့ပြောင်း လုပ်သားများကြားတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်တားဆီး ခြင်းနှင့် စီးပွားရေး၊ဥပဒေရေးရာအ ထောက်အပံ့နှင့် ပြည်ပမှပြန်လာ သူများ ကို ထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၂ဒသမ၉သန်း၊ မိခင်များနှင့် ပင်စင် ရရှိသူများကို ထောက်ပံ့ပေးခြင်း အတွက် ကန်ဒေါ်လာ ၉သန်းကိုအသုံးပြုမည် ဖြစ်သည်။
🔹ထို့ပြင် အစိုးရ၏ဆောင်ရွက် မှုများ တွင် အရပ်ဘက်ဘက်အဖွဲ့အစည်း များ က အထောက်အကူပြုလုပ်ဆောင် နိုင် ရန် ကန်ဒေါ်လာ တစ်သန်းခွဲ၊ ရခိုင် ပြည်နယ်ရှိ ယာယီစခန်းများ၌ နေထိုင် သူများအတွက် ရေနှင့်တစ် ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများ ရရှိရန် ကန် ဒေါ်လာ ၂ဒသမ၂သန်း ကျော်နှင့် ရုပ်မြင်သံကြား၊ ပုံနှိပ် ထုတ်ဝေမှုနှင့် လူမှု ကွန်ယက်မီဒီယာ များမှတစ်ဆင့် သတင်းအချက် အလက် ပေးခြင်း အတွက် ကန်ဒေါ်လာ တစ်သိန်း ကျော်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
🔹အဆိုပါ ကူညီထောက်ပံ့ရေးအစီအ စဉ်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်၊ ချင်း၊ ကယားနှင့် ကရင်ပြည်နယ် တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာများပါ ဖြန့်ဝေပေးမည်ဖြစ် ကြောင်း သိရသည်။
Sources - Press Release by LIFT