menu

ဖရဲ၊ သခွား ရာသီကုန်ချိန်ရောက်ပြီဖြစ်၍ ဈေးကောင်းရနေ

🍉🍈🍉🍈🍉🍈🍉🍈🍉🍈🍉

☑️ ပြည်တွင်းမှတင်ပို့သည့် ဖရဲ၊ သခွားများကို တရုတ်ဈေးကွက်သို့တင်ပို့လျက်ရှိရာ ရာသီကုန်ချိန် ရောက်ရှိပြီဖြစ်၍ ဈေးကောင်းရနေပြီး အစီးလိုက်ပြတ်ဈေးမှာ တရုတ်ယွမ်ငွေ ၉၀,၀၀၀ အထိရရှိ ကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီး၀လံ ဈေးကွက်မှသိရသည်။ ဖရဲ၊ သခွားမှာ ရာသီကုန်ချိန်ဖြစ်၍ ရှားပါးလာသောကြောင့် မူဆယ် (၁၀၅) မိုင်သို့ ဝင်ထွက်သည့် သစ်သီးကားများမှာ မတ်လဒုတိယ ပတ်နောက်ပိုင်း တစ်ရက်လျှင် အစီးရေ (၉၀) ဝန်းကျင်သာရှိကာ လျော့နည်းသွားသည် ဟုဆိုသည်။

☑️ ဖရဲ၊ သခွားတွေက ရှမ်းပြည်ဘက်က နောက်ဆုံးထွက်တဲ့အသီးတွေ ဈေးကွက်ရောက်လာတယ်။ ရာသီချိန်ကုန်ပြီဖြစ်လို့ မတ်လဆန်းက တစ်ရက်ကို သစ်သီးကား အစီးရေ(၁၅၀) ဝန်းကျင် လောက်ဝင်ရောက်ပေမယ့် ခုနောက်ပိုင်းအစီးရေနည်းလာတယ် ဟု မူဆယ် (၁၀၅)မိုင် ကုန်စည်ဒိုင်မှ တာဝန်ခံဒေါ်ရီရီက ပြောသည်။

☑️ တရုတ်ဈေးကွက်၌ မတ် (၂၅)ရက်က ဖရဲသီး ၈၅၅ မှာ အစီးပြတ် ယွမ် ၇၀,၀၀၀ ကျော်နှင့် ထန်ဝမ့်အသီးမှာ တစ်ကီလိုလျှင် ၆ ဒဿမ ၅ ယွမ်၊ သခွားမှာ ၈ ဒဿမ ၂ ယွမ် ပေါက်ဈေးရှိခဲ့ပြီး လကုန်ပိုင်းရက်တွင် ဖရဲသီး ၈၅၅ မှာ အစီးပြတ် ယွမ် ၉၀,၀၀၀ နှင့် ထန်ဝမ့်အသီးမှာ တစ်ကီလိုလျှင် ၈ ဒဿမ ၅ ယွမ်၊ ရွှေသခွားမှာ ၈ ဒဿမ ၂ ယွမ် ပေါက်ဈေးရှိကာဈေးကောင်းရနေသည်။

☑️ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး သစ်သီးကားများ၊ ရေထွက်ပစ္စည်းများ၊ ကြံ စသည်တို့မှာ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ခြင်း နှင့် စစ်ဆေးမှုများ လျှော့ပေါ့ခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ယခင်ထက်မြန်ဆန်လာကြောင်း သိရသည်။ “တရုတ်ဈေးကွက်မှာ ဖရဲ၊ သခွားတင်ပို့ရင် အရည်အသွေးကောင်းဖို့ လိုသလို နယ်စပ်ဖြတ်ကျော်မှုမှာ ကြန့်ကြာရင်လည်း အသီးတွေက အရည်အသွေးကျသွားနိုင်တယ်။ ဈေးမကိုက်ဘူးဆိုပြီး ပြန်သယ်လို့လည်းမဖြစ်တဲ့ကုန်စိမ်းဖြစ်တော့ ထိခိုက်ဆုံးရှုံးမှုကကြီးမားတယ် ဟု မူဆယ် (၁၀၅)မိုင် မှ ဖရဲ၊ သခွားပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း