menu

ဈေးအကျဘက်တွင်ဆက်ရှိနေသည့် “မတ်ပဲ”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

➡️ယခင်သီတင်းပတ်အတွင်း ဈေးငြိမ်နေခဲ့တဲ့မတ်ပဲဈေးနှုန်းများဟာ ယခုသီတင်းပတ်အတွင်းမှာ ပြည်တွင်းငွေကြေးဈေးနှုန်းအရ ဈေးဆက်လက်ကျဆင်းလာတာကိုတွေ့ရပါတယ်။

➡️ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တစ်ပတ်အတွင်းမတ်ပဲဈေးနှုန်းများကတော့ စက်တင်ဘာ (၂၉) ရက်နေ့မှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၆၂,၀၀၀၊ (၃၀) ရက်နေ့မှာ ကျပ် ၆၁,၅၀၀၊ အောက်တိုဘာလ (၁) ရက်နေ့မှာ ကျပ် ၅၈,၀၀၀၊ (၂) ရက်နေ့မှာ ကျပ် ၅၉,၀၀၀၊ (၃) ရက်နေ့မှာကျပ် ၆၀,၃၀၀ ၊ (၄) ရက် နေ့မှာ ကျပ် ၆၀,၅၀၀၊ (၅) ရက်နေ့မှာ ကျပ် ၆၀,၄၀၀၊ (၆) ရက်နေ့မှာ ကျပ် ၆၀,၂၀၀ အသီးသီး ဖြစ်ခဲ့ပါတယ်။

➡️အောက်တိုဘာလ (၁) ရက်နေ့ ငွေကြေးဈေးနှုန်းအနည်းငယ် ရုတ်တရက်ပြန်တက်လာချိန်မှာ မတ်ပဲအပါအဝင် ပဲမျိုးစုံရဲ့ဈေးနှုန်းတွေလည်းကျဆင်းလာပြီး မတ်ပဲဟာ တစ်တင်းဈေးနှုန်း ကျပ် ၆၀,၀၀၀ အောက်ကိုရောက်ရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ ကျပ် ၆၀,၀၀၀ အထက်ပြန်ရောက်ခဲ့ပေမယ့် ကျပ် ၆၀,၀၀၀ စွန်းစွန်းမှာပဲ ဆက်လက်ရှိနေတာကိုတွေ့ရပါတယ်။

➡️အဓိက ဝယ်လက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း မိုးစိုက်မတ်ပဲအသစ်တွေ ဈေးကွက်အတွင်း ဆက်တိုက်ဝင်ရောက်နေပြီးတော့ ချနိုင်းနဲ့ မွန်ဘိုင်းဈေးကွက်မှာ တစ်ကွမ်တယ်ကို Rs 50-75 တက်လာတာကလွဲလို့ ကျန်ပြည်နယ်များမှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဒေလီဈေးကွက်မှာတော့ မတ်ပဲ SQ ရော FAQ ရော ဈေးကျလျှက်ရှိပါတယ်။ မြန်မာမတ်ပဲတင်ပို့မှုကတော့ ပုံမှန်အတိုင်းသာ ရှိနေပြီး မတ်ပဲအရောင်းအဝယ်ကတော့ တက်ဈေးမှာရော ကျဈေးမှာပါ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါတယ်။

➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

7-10-2022