menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ဆောင်းမြေပဲများ စတင်ရိတ်သိမ်းရာ အထွက်နှုန်းကောင်း၊ ဈေးကောင်းရနေ"
🥜🥜🥜🥜🥜🥜🥜🥜🥜🥜
↗️ ဆောင်းမြေပဲများ စတင်ရိတ်သိမ်းရာ အထွက်နှုန်းကောင်း၊ ဈေးကောင်းရသဖြင့် တောင်သူ များအဆင်ပြေကြောင်း မြေပဲစိုက်တောင်သူများထံက သိရသည်။
↗️ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းကျေးရွာများတွင် အဓိကစိုက်ပျိုးသည့် ဆောင်းမြေပဲများကို စက်တင်ဘာလကုန်ပိုင်းက စတင်စိုက်ပျိုးရာ ဇန်နဝါရီလကုန်ပိုင်းတွင်စတင် ရိတ်သိမ်းနေပြီဖြစ် ကြောင်း၊ ယခုနှစ် ဆောင်းစိုက်မြေပဲမှာ တစ်ဧကအထွက်နှုန်း မြေပဲတင်း (၅၅ - ၆၀)တင်း ခန့်ထွက်ရှိကြောင်း၊ လက်ရှိမြေပဲဆံတစ်ပိဿာ ငွေကျပ် ၈,၆၀၀ခန့် ပေါက်ဈေးရှိသောကြောင့် တစ်ဧကငွေ ကျပ် ၁၀သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက် တောင်သူ ဦးခင်မောင်ရင်က ပြောသည်။
↗️ "ဆောင်းမြေပဲများစတင်ရိတ်သိမ်းနေပါပြီ။ တစ်ဧကမြေပဲ တင်း (၅၅ - ၆၀) လောက်တော့ ထွက်ရှိပါတယ်။ အစေ့အဆံလည်းအောင်ကြပါတယ်။ မကွေးအထွက်တိုးနီမျိုးကို စိုက်ပျိုးပါတယ်။ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ်လေးသိန်းလောက် ကုန်ပါတယ်။ လက်ရှိပေါက်ဈေးက မြေပဲဆံ တစ်ပိဿာ ငွေကျပ် ၈,၆၀၀ ပေါက်ဈေးနဲ့တွက်ရင် ငွေကျပ် ၁၀ သိန်းလောက်တော့ အမြတ်ကျန်ပါတယ်။ ဒီနှစ်က ကန်စွန်းဥကဈေးအကောင်းဆုံးဖြစ်တော့ တောင်သူတွေ အဆင်ပြေသလို မြေပဲဆံကလည်းအထွက်နှုန်းကောင်းတော့ တောင်သူတွေ အဆင်ပြေပါတယ်" ဟု ၎င်းကပြောသည်။
↗️ ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းကျေးရွာများတွင် ယခုနှစ် ကန်စွန်းဥနှင့် ဆောင်းမြေပဲကို အဓိကစိုက်ပျိုးကြပြီး ကန်စွန်းဥမှာ ယခုနှစ်ဈေးကောင်းရရှိကြရာ တစ်ဧက ငွေကျပ် သိန်း(၄၀-၅၀) ခန့် အကျိုးအမြတ်ရရှိသလို ဒုတိယသီးနှံဆောင်းမြေပဲမှာလည်း အထွက်နှုန်းနှင့် ဈေးကောင်းရရှိသောကြောင့် မြေပဲတစ်ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် အကျိုးအမြတ်ရရှိကြကြောင်းသိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)