menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဧရာမတ်ပဲ ဈေးကွက်အခြေအနေ .....
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
✔ ဧရာဝတီတိုင်းဒေသကြီးမတ်ပဲစျေးနှုန်းများသည် ယခင်သီတင်းပတ်ကာလအထိ တစ်တင်းလျှင် ကျပ် ၄၀,၀၀၀ အထက်တွင်ရပ်တည်နေခဲ့သည်။ အညာမတ်ပဲအသစ်များစျေးကွက်အတွင်းဝင်ရောက်လာပြီး မတ်ပဲအဟောင်းများထုတ်ရောင်းလာကြသဖြင့် မတ်ပဲစျေးကျဆင်းချိန်ဖြစ်သော်လည်း မြန်မာကျပ်ငွေ စျေးကျဆင်းနေခြင်း၊ မတ်ပဲစျေးအကျကိုစောင့်ဆိုင်းဝယ်ယူခြင်းများကြောင့် မတ်ပဲစျေး ကျပ် ၄၀,၀၀၀ ဝန်းကျင်ရှိနေခဲ့သည်။
✔ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သောမတ်ပဲစျေးနှုန်းများမှာ ဒီဇင်ဘာလ (၁၅-၁၆) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၂,၈၀၀၊ (၁၇)ရက်နေ့တွင် ကျပ် ၄၂,၀၀၀ -၄၂,၂၀၀၊ (၁၈)ရက်နေ့တွင် ကျပ် ၄၁,၀၀၀ ဖြစ်ပြီး (၁၉) ရက်နေ့တွင် ၃၈,၈၀၀ နှင့် (၂၀)ရက်နေ့တွင် ကျပ် ၃၈,၀၀၀ သို့ကျဆင်းသွားကာ (၂၁) ရက်နေ့တွင် ကျပ် ၄၀,၅၀၀ သို့အနည်းငယ်ပြန်တက်လာသည်။
✔ အိန္ဒိယအစိုးရက မတ်ပဲနှင့်ပဲစဥ်းငုံ တင်သွင်းခွင့်ကို ယခင်က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် နောက်ဆုံးထားသတ်မှတ်ခဲ့သော်လည်း (၂၀ - ၁၂ - ၂၀၂၁) ရက်နေ့တွင် မတ်ပဲနှင့်ပဲစဥ်းငုံတင်သွင်းခွင့်ကို ၂၀၂၂ ခုနှစ် မတ်လ (၃၁) ရက်နေ့ထိ ကာလတိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာ့မတ်ပဲအဟောင်းစျေး အနည်းငယ်ပြန်တက်လာသည်။ ထိုကဲ့သို့ တင်သွင်းခွင့်ကာလတိုးမြှင့် သတ်မှတ်ခြင်းသည် ပြည်တွင်းပဲစျေးနှုန်းမြင့်တက်လာခြင်းကို ထိန်းထားနိုင်ရန်ဖြစ်သည်ဟု IGrain India ကဆိုသည်။
✔ အညာဒေသထွက်မတ်ပဲများစျေးကွက်အတွင်းဝင်ရောက်လျှက်ရှိပြီး မတ်ပဲသစ်စျေးနှုန်းမှာ ယခင်နှစ် ကာလတူပေါက်စျေး (၃) တင်းတစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဝန်းကျင်ဖြစ်ပြီး ယခုနှစ်တွင် ကျပ် ၁၃၀,၀၀၀ ဝန်းကျင်ဖြစ်သဖြင့် အဖွင့်စျေးနှုန်းကောင်းသည်ဟု သတ်မှတ်ကြသော်လည်း ယခင်နှစ် မြန်မာငွေကြေးစျေးနှုန်းနှင့် ယခုနှစ်ငွေကြေးစျေးနှုန်းကွာခြားချက်ကိုထည့်သွင်းစဥ်းစားရန်လိုသည်။ မြန်မာကျပ်ငွေစျေးနှုန်းကျဆင်းနေခြင်းကြောင့် ပေါက်စျေးမြင့်မားနေသည်ဟု သုံးသပ်ပါသည်။
✔ ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲအသစ်များစျေးကွက်အတွင်းရောင်းဝယ်ခြင်း အနည်းငယ်သာရှိပြီး ကန်သင်းပဲများသာထွက်ရှိနေသေးသည်။ ယခင်နှစ်များနှင့်နှိုင်းယှဥ်လျှင်ယခုနှစ်မတ်ပဲစိုက်ဧရိယာ တိုးလာကာ ဖေဖော်ဝါရီလနှင့်မတ်လအတွင်းတွင်မတ်ပဲလှိုင်လှိုင်ပေါ်မည်ဖြစ်ပြီး ယခုနှစ်မြန်မာတစ်နိုင်ငံ လုံး မတ်ပဲအထွက်နှုန်းသည် တန်ချိန် ၅ - ၇ သိန်းကြားရှိမည်ဟု အိန္ဒိယဘက်ကခန့်မှန်းလျှက်ရှိသည်။
✔ မတ်ပဲအသစ်အဖွင့်စျေးကောင်းသည်ဆိုသော်လည်း မတ်ပဲစိုက်ပျိုးချိန် သွင်းအားစုစျေးနှုန်းများ မြင့်မားနေခဲ့ခြင်း၊ လက်ရှိမြန်မာကြေးစျေးနှုန်း၊ အိန္ဒိယနိုင်ငံ၏ တင်သွင်းခွင့်သိုလှောင်ခွင့် ကန့်သတ်ချက် အတိုးအလျှော့များဖြင့် ပြည်တွင်းပဲစျေးနှုန်းတည်ငြိမ်စေရန်ဆောင်ရွက်ခြင်းများကြောင့် မြန်မာ မတ်ပဲတောင်သူများအတွက် သာမာန်အကျိုးအမြတ်ကိုသာမျှော်လင့်နိုင်ပြီး လာမည့်မတ်ပဲအရောင်း အဝယ်ရာသီတွင် မတ်ပဲစျေးအလွန်အမင်း မြင့်တက်လာနိုင်ဖွယ်မရှိကြောင်းသုံးသပ်ရပါသည်။
✔ မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
21-12-2021