menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဧရာမတ်ပဲ ဈေးကွက်အခြေအနေ …..
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
▶️ယခင်မတ်လ လကုန်ပိုင်းကာလအထိ မတ်ပဲဈေးနှုန်း တစ်တင်းလျှင် ကျပ် ၅၀,၀၀၀ နီးပါးရှိနေခဲ့ရာမှ အိန္ဒိယနိုင်ငံအစိုးရကမတ်ပဲတင်သွင်းမှုကာလကို တစ်နှစ်တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီးနောက် မြန်မာမတ်ပဲဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ အဆိုပါ ကာလတိုးမြှင့်သတ်မှတ်ချက် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၅၀၀ - ၁,၀၀၀ ကြားဈေးကျသွားသည်။
▶️ဆက်လက်၍နေ့စဥ်နှင့်အမျှ ဈေးနှုန်းထပ်မံကျဆင်းလာရာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ (၂၇) ရက်နေ့တွင် မတ်ပဲတစ်တင်းဈေးနှုန်း ကျပ် ၄၉,၀၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၄၉,၇၀၀၊ (၂၉) ရက်နေ့တွင် ကျပ် ၄၉,၀၀၀၊ (၃၀) ရက်နေ့တွင် ကျပ် ၄၈,၅၀၀၊ (၃၁) ရက်နေ့တွင်ကျပ် ၄၆,၄၀၀၊ ဧပြီ (၁) ရက်နေ့တွင်ကျပ် ၄၈,၀၀၀၊ (၂) ရက်နေ့တွင်ကျပ် ၄၇,၆၀၀၊ (၃) ရက်နေ့တွင်ကျပ် ၄၆,၇၀၀၊ (၄) ရက်နေ့တွင်ကျပ် ၄၄,၀၀၀၊ (၅) ရက်နေ့တွင်ကျပ် ၄၆,၅၀၀ အသီးသီးဖြစ်ပါသည်။
▶️အိန္ဒိယနိုင်ငံအစိုးရက မတ်ပဲနှင့်ပဲစဥ်းငုံတင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ပမာဏအကန့်အသတ်မရှိတင်သွင်းနိုင်ကြောင်းကြေငြာချက်ထုတ်ပြန်ပြီးနောက် မြန်မာမတ်ပဲကို အချိန်အကန့်အသတ်နှင့်ရောင်းဝယ်ရန်မလိုတော့သဖြင့် မတ်ပဲဈေးအနည်းငယ်စတင်ကျဆင်း လာခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသည် တစ်လလျှင်ပြည်တွင်းမတ်ပဲစားသုံးမှု တန်ချိန် (၂) သိန်းခန့်ရှိနေသည့်အတွက် မတ်ပဲလိုအပ်ချက်များပြားနေဆဲဖြစ်သဖြင့် မတ်ပဲဈေးနှုန်းသည် ယာယီမျှသာကျဆင်းခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
▶️ယခုအခါ မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သော ငွေကြေးပေါ်လစီအပြောင်းအလဲသည် Exporter များအပေါ်များစွာအကျိုးသက်ရောက်မှုရှိနေပြီး၊ ကုန်စည်များ အရောင်းအဝယ်ဖြစ်မှု နှေးကွေးသွားသည်။ မတ်ပဲနှင့်ပဲမျိုးစုံအရောင်းအဝယ်သည်လည်း အပါအဝင်ဖြစ်ပြီး ကုန်စည်ဒိုင်များတွင်လည်း တစ်နေ့တာအတွက် အရောင်းအဝယ်ဈေးဖွင့်ရုံသာဖြစ်ပြီး ပဲမျိုးစုံအရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးကျဆင်းသွားသည်။ ထို့ကြောင့် မတ်ပဲဈေးနှုန်းဆက်လက်ကျဆင်းလျှက်ရှိသည်။
▶️အိမ်နီးချင်းနိုင်ငံ၏ပဲလိုအပ်ချက်အရလည်းကောင်း၊ ယခုနှစ် မြန်မာမတ်ပဲအထွက်နှုန်းအရလည်းကောင်း မတ်ပဲဈေးကောင်းရရှိနိုင်ခြင်းနှင့် ပြောင်းလဲလိုက်သောငွေကြေးပေါ်လစီအရ ပို့ကုန်ပစ္စည်း အရောင်းအဝယ်နှေးကွေးသွားသဖြင့် ဈေးနှုန်းများကျဆင်းသွားခြင်းတို့သည် အပြိုင်လွန်ဆွဲလျှက် ရှိနေသည်။
▶️သို့သော် ငွေကြေးပေါ်လစီပြောင်းလဲသွားစေကာမူ FOB / CFR ဈေးနှုန်းများက မပြောင်းလဲသဖြင့် Exporter များအနေဖြင့် တင်ပို့မည့်ကုန်ပစ္စည်းကို ဈေးကိုက်ညီအောင်ဝယ်ယူရမည်ဖြစ်သောကြောင့် ပို့ကုန်ပစ္စည်းဈေးနှုန်းများဆက်လက်ကျဆင်းမည်ဖြစ်ပြီး၊ မတ်ပဲနှင့်ပဲမျိုးစုံဈေးကွက်ကို ပိုမိုထိခိုက် လာနိုင်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
5-4-2022