menu

ဧရာမတ်ပဲ စျေးကွက် အခြေအနေ


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

🔹ဧရာဝတီတိုင်းဒေသကြီးမတ်ပဲစျေးသည် စျေးအတက်တွင်တည်ငြိမ်နေပြီး ဒေါ်လာလဲလှယ်စျေးနှုန်း အနည်းငယ်ကျဆင်းသည့်ရက်များတွင် စျေးအနည်းငယ်ကျဆင်းသည်မှလွဲ၍ စျေးအမြင့်တွင်သာ ဆက်ရှိနေပြီးယခုအခါ တစ်တင်းလျှင် ကျပ် ၅၄,၀၀၀ ဝန်းကျင်တွင်ရပ်တည်နေသည်။

🔹မတ်ပဲစျေးနှုန်းများမှာ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကျပ် ၅၃,၀၀၀၊ (၁၉) ရက်နေ့တွင် ကျပ် ၅၃,၃၀၀၊ (၂၀) ရက်နေ့တွင် ကျပ် ၅၂,၈၀၀၊ (၂၁) ရက်နေ့တွင် ကျပ် ၅၃,၀၀၀၊ (၂၂) ရက်နေ့တွင် ၅၃,၂၀၀၊ (၂၃) ရက်နေ့တွင် ကျပ် ၅၃,၈၀၀ - ၅၄,၀၀၀ အသီးသီးဖြစ်သည်။

🔹အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက်ပျိုးသော မတ်ပဲသစ်များ စျေးကွက် အတွင်းဝင်ရောက်လာပြီဖြစ်သော်လည်း မတ်ပဲရိတ်သိမ်းချိန် အချို့ဒေသများတွင် မိုးများရေကြီး ခြင်းများကြုံတွေ့နေရပြီး ပဲအထွက်နှုန်းကျဆင်းခြင်း အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်လျှက် ရှိသည်။

🔹ယခုရက်ပိုင်းကာလများအတွင်း မတ်ပဲအသစ်များစျေးကွက်အတွင်းဝင်ရောက်လာခြင်းကြောင့် မတ်ပဲစျေးငြိမ်လျှက်ရှိပြီး ပဲခွဲစက်များ လှောင်လက်များအနေဖြင့် အရည်အသွေးကောင်းမွန်သော မတ်ပဲအမျိုးအစားကိုသာ ဝယ်ယူသိုလှောင်လိုကြောင်း သိရှိရသည်။

🔹အိန္ဒိယနိုင်ငံ၏ မတ်ပဲအထွက်နှုန်းသည် ယခင်နှစ်များနှင့်နှိုင်းယှဥ်လျှင် ယခုနှစ်တွင် ထက်ဝက်ခန့် ကျဆင်းနိုင်ကြောင်း သတင်းရင်းမြစ်များအရသိရှိရပြီး မြန်မာမတ်ပဲလက်ကျန်နည်းပါးနေချိန်တွင် ဝယ်လိုအားမြင့်မားနေခြင်း၊ မတ်ပဲတင်သွင်းခွင့်ကာလကို ဒီဇင်ဘာ ၃၁ အထိ ထပ်တိုးပေးလိုက်ခြင်း၊ မြန်မာငွေကြေးစျေးနှုန်းကျဆင်းနေခြင်းတို့ကြောင့် နောက်ထပ်တစ်လဝန်းကျင်ခန့် မတ်ပဲစျေး အတက်ဘက်တွင်ရှိနေဦးမည်ဟု ခန့်မှန်းရပါသည်။

🔹မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

23 - 9 – 2021