menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဧရာမတ်ပဲ စျေးကွက်အခြေအနေ.....
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
▶️ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲစျေးနှုန်းများ အတက်အကျများစွာမရှိပဲ စျေးတန်းတစ်ခုတွင် တည်ငြိမ်လျှက်ရှိသည်။ ပြည်တွင်းငွေကြေးစျေးနှုန်းအတက်အကျနှင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲစျေးနှုန်းအပြောင်းအလဲများပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ပြောင်းလဲမှုရှိသည်မှလွဲ၍ အလွန်အမင်းစျေးပြောင်းမှုမရှိကြောင်းတွေ့ရသည်။
▶️တစ်ပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲစျေးနှုန်းများမှာ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၆,၂၀၀၊ (၂၇) ရက်နေ့တွင် ကျပ် ၄၇,၀၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၄၆,၂၀၀၊ (၂၉) ရက်နေ့တွင် ကျပ်၄၆,၇၀၀၊ (၃၀) ရက်နေ့တွင် ကျပ် ၄၆,၇၀၀ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျပ် ၄၆,၅၀၀-၄၆,၇၀၀ အသီးသီးဖြစ်သည်။
▶️ယခင်သီတင်းပတ်ကာလများအတွင်း တစ်တင်းစျေးနှုန်း ကျပ် ၄၅,၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယခုနောက်ပိုင်းရက်များအတွင်း တစ်တင်းစျေးနှုန်း ကျပ် ၄၆,၀၀၀ ကျော်တွင်ရပ်တည်နေသည်။ နိုဝင်ဘာ (၂၅) ရက်နေ့ထုတ်ပြန်ချက်အရ ချနိုင်းစျေးကွက်တွင် မတ်ပဲ FAQ စျေးနှုန်း ၅၀ ရူပီးခန့် စျေးတက်လာသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့တွင် မတ်ပဲသစ်များပေါ်နေပြီဖြစ်ပြီး လက်ရှိ မတ်ပဲ FAQ (ဟောင်း)၏ FOB စျေးနှုန်းသည် $795-815 ဖြစ်ပြီး မတ်ပဲအသစ် FAQ ၏ FOB စျေးနှုန်း $ 810-830 ဖြစ်သည်။
▶️အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းပဲစိုက်ပျိုးမှုအခြေအနေမှာလည်း စိုက်ပျိုးဧရိယာများတိုးချဲ့လာရင်း ထပ်မံတိုးချဲ့ရန်ဧရိယာနည်းပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ ပြည်တွင်းစားသုံးမှုပမာဏ တို့အပေါ်မူတည်၍ ပဲမျိုးစုံလိုအပ်ချက်မြင့်တက်လာနေသည်။ ပဲမျိုးစုံတင်ပို့ရောင်းချနေသည့် ယှဥ်ပြိုင်ဘက်နိုင်ငံများအနေဖြင့်လည်း ဤအချက်ကို အခွင့်အလမ်းတစ်ခုအနေဖြင့် စောင့်ကြည့် လေ့လာလျှက်ရှိသည်။
▶️၎င်းအချက်များမှာ မြန်မာပဲစိုက်တောင်သူများအတွက် အလားအလာကောင်းသောအခွင့်အလမ်း တစ်ခုဖြစ်ပြီး မတ်ပဲအပါအဝင် ပဲမျိုးစုံတင်ပို့ရောင်းချမှုတိုးမြှင့်နိုင်ရန်နှင့် ထိုက်သင့်သောစျေးနှုန်း တစ်ခုဖြင့် ပမာဏများများတင်ပို့ရောင်းချနိုင်ရန်လိုအပ်လာပြီဖြစ်ကြောင်း သုံးသပ်ရပါသည်။
▶️မတ်ပဲဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
1-12-2021