menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဆောင်းနေကြာသီးနှံ စိုက်ပျိုးအောင်မြင်ရန်
🔸တောင်သူဦးကြီးများ စိုက်ပျိုးရေး ဗဟုသုတ ဖလှယ်နိုင်ရန် နေကြာ သီးနှံ စိုက်ပျိုးနည်းစနစ်များ ကို တင်ပြပေးလိုက်ပါတယ်🔸
🌻🌻ဆောင်းနေကြာသီးနှံ စိုက်ပျိုးအောင်မြင်ရန်🌻🌻
✅စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါသော အခြေခံစားကုန်ဖြစ်သည်။ သို့ဖြစ်၍ဆီဖူလုံရေးသည် အရေးပါလျက်ရှိသည်။ ဆီ ဖူလုံရန် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးရန် လိုပါသည်။ နေကြာသည် ဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုး ဖြစ်သည်။ နေကြာသည် ထုတ်လုပ်မှုစရိတ် သက်သာသည်။ မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) အထူးကောင်းမွန်ပါသည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်နိုင်သည်။ လယ်မြေတွင် စပါးရိတ်သိမ်းအပြီးဖြစ်စေ၊ ယာမြေတွင် မိုးသီးနှံ ရိတ်သိမ်းအပြီးဖြစ်စေ၊ ကိုင်းကျွန်းမြေများတွင်ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။
မျို: .....
✅နေကြာစိုက်မည်ဆိုလျှင် မျိုးကောင်းရန်လိုသည်။ မျိုးတိုင်းလည်း မျိုးသန့်ဖြစ်ရန်လိုသည်။ စိုက်ပျိုးသင့်သော သုတေသနပြုထုတ်ဝေထားသည့် မျိုးနှစ်မျိုးကို ဖော်ပြလိုပါသည်။
➡️ရေဆင်းစပ်မျိုးနေကြာ-၁ သက်တမ်းရက် ၈၀ မှ ၈၅ ရက်ရှိသောမျိုး ဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည်။အပင်အမြင့်မှာ လေးပေမှ ၄ ဒသမ ၅ ပေရှိပြီးယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာ တွင် ကျရောက်တတ်သော နေကြာရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍အချင်းငါးလက်မမှ ကိုးလက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀ဝ မှ ၉၀ဝ ရှိသည်။ အစေ့အရွယ်အစားကြီးမား၍ အစေ့ ၁çဝဝဝ အလေးချိန် ၄၅ ဂရမ်မှ ဂရမ် ၅၀ ရှိသည်။ဆီပါဝင်မှုများ၍ ၄၈ မှ ၅၁ ရာခိုင်နှုန်းပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း ဝတ်မှုန်ကူးပေးရန် မလိုအပ်ဘဲ တစ်ဧက ၅၅ တင်းမှ တင်း ၆၀ ထွက်နိုင်သောမျိုးဖြစ်ကြောင်း သိရသည်။
➡️ဆင်းရွှေကြာ-၂ အထွက်ကောင်းမျိုး (OPV)ဖြစ်သည်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက်ရှိ သောမျိုးဖြစ်သည်။ အပင်အမြင့်မှာ လေးပေမှ ၄ ဒသမ ၅ ပေရှိသည်။ အပွင့်အချင်း ငါးလက်မမှ ရှစ်လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀ဝ မှ ၈၀ဝ ရှိသည်။ အစေ့ ၁ဝဝဝအလေးချိန် ၄၂ ဂရမ်မှ ၄၅ ဂရမ်ရှိသည်။ ဆီ ထွက်ရာခိုင်နှုန်း ၄၅ မှ ၄၈ ရာခိုင်နှုန်းရှိသည်။ တစ်ဧက ၂၅ တင်းမှ တင်း ၃၀ ထွက်နိုင်သောမျိုးဖြစ်ပြီး ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရပါသည်။
စိုက်ပျိုးနည်းစနစ် .....
✅မြေရွေးချယ်သည်မှစတင်၍ လုပ်ကိုင်နည်းစနစ်အားလုံးသည် မှန်ကန်ရန်လိုပါသည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက် ညက် မြေပြုပြင်ရန်လိုသည်။
(၁) စိုက်ချိန်.....
✅အကောင်းဆုံး စိုက်ပျိုးချိန်မှာ စက်တင်ဘာလမှ အောက်တိုဘာလဖြစ် သည်။ မြေအစိုဓာတ် လုံလောက်စွာရှိပါကစပါးအပြီး စိုက်ပျိုးရာတွင် နိုဝင်ဘာလနှင့်ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါသည်။
(၂) မြေဆီလွှာ.....
✅မြေဆီလွှာထက်သန်သည့် သဲနုန်းမြေအမျိုးအစားမှ မြေစေးမြေအမျိုးအစားထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ကိန်း စံ တန်ဖိုး ၆ ဒသမ သုညမှ ၇ ဒသမ ၅ သည် အသင့်တော်ဆုံးဖြစ်သည်။ ခြောက်သွေ့သည့်ဒေသတွင် မြေစေးမြေအမျိုးအစားကဲ့သို့ ရေထိန်းထားနိုင်သည့်မြေတွင် စိုက်ပျိုးနိုင်ပါသည်။
(၃) မျိုးစေ့နှုန်း .....
✅တစ်ဧကလျှင် မျိုးစေ့လေးပြည်မှ ငါးပြည် စိုက်ပျိုးနိုင်ပါသည်။
(၄) မျိုးစေ့အတိမ်အနက်.....
✅မျိုးစေ့ကို ၁ ဒသမ ၅ လက်မမှ ၂ ဒသမ၅ လက်မမြေအနက်တွင် စိုက်ပျိုးသင့်သည်။ တိမ်တိမ်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့မှရေလုံလောက်စွာ မစုပ်ယူနိုင်မီ မြေခြောက်သွေ့ကာ အညှောက်ပေါက်ခြင်းကို နှောင့်နှေးစေနိုင်ပါသည်။ သုံးလက်မ၊ လေးလက်မနက်အောင် စိုက်လျှင်လည်း အပင်ပေါက်ညံ့ဖျင်းတတ်ပါသည်။
(၅) အတန်းအပင်အကွာအဝေး.....
✅အတန်းအကွာအဝေး နှစ်ပေနှင့် ပင်ကြားအကွာအဝေး ကိုးလက်မထား စိုက်သင့်ကြောင်း ထောက်ခံထားသည်။ တစ်ကျင်းလျှင် မျိုးစေ့နှစ်စေ့မှ သုံးစေ့နှုန်း စိုက်သင့်သည်။ အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီးသားခွဲရန် ဖြစ်သည်။ အသင့်တော်ဆုံးမှာတစ်ဧကတွင် အပင်ရေ ၂၉ဝဝဝ ကျန်ရှိနေသင့်ပါသည်။ အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်တွင် ဘောင်တင်ပေးသင့်ပါသည်။
မြေဩဇာထည့်သွင်းခြင်း.....
✅နေကြာပင်သည် ၄င်းတွင် ကြီးမားသော အမြစ်အုံရှိသဖြင့် ရေနှင့် အစာအာဟာရဓာတ်ကို များစွာစားသုံးနိုင်သော အပင်မျိုးဖြစ်သည်။ အပင်ကြီးထွားဖြစ်ထွန်းရေး၊အပွင့်အရွယ်အစားကြီးမားစေရေး၊ အစေ့အဆန်အောင်မြင်စေရေးတို့အတွက် အရေးကြီးသည်မှာ မြေတွင်းမှ အာဟာရပြည့်စုံစွာရရှိရေးဖြစ်သည်။ သို့ဖြစ်၍ နေကြာစိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို ထည့်သွင်းပေးရန် လိုပါသည်။
(၁) အော်ဂဲနစ်မြေဩဇာ.....
✅မြေမပြုပြင်မီ တစ်ဧကလျှင် နွားချေး၊ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများကို လှည်းငါးစီးမှ ၁၀ စီးထည့်ပေးသင့်ပါသည်။
(၂) ဓာတ်မြေဩဇာ.....
✅တစ်ဧကလျှင် ယူရီးယားဓာတ်မြေဩဇာ ၁၁၂ ပေါင်၊ တီစူပါဖော့စ်ဖိတ်ဓာတ်မြေဩဇာ ၅၆ ပေါင်နှင့် ပိုတက်ရှ်ဓာတ်မြေဩဇာ ၅၆ ပေါင်ကို မြေပြုပြင်ချိန်တွင် ထည့်ပေးရန် ထောက်ခံထားသည်။ ထို့ပြင် အဖူးဝင်ချိန်တွင် ယူရီးယားဓာတ်မြေဩဇာ တစ်ဧကလျှင် ၅၆ ပေါင်နှုန်း ထပ်မံထည့်ပေးဖို့လိုကြောင်း သိရပါသည်။
ရေပေးသွင်းခြင်း.....
✅နေကြာပန်းဖူးဝင်ချိန်မှ ပန်းပွင့်ချိန်ထိ သုံးပတ်အတွင်း မြေအစိုဓာတ်မလုံလောက်ပါက ပန်းပွင့်ကြီးထွားမှုကို ရပ်တန့်စေပြီး အထွက်ကို များစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် ရေလိုအပ်မှုရှိပါက အဖူး၇၅ ရာခိုင်နှုန်းဝင်ချိန်နှင့် ပန်း ၇၅ ရာခိုင်နှုန်းပွင့်ချိန်တွင် ရေတစ်ကြိမ်စီ သွင်းပေးသင့်ကြောင်း သိရပါသည်။
ကာကွယ်နှိမ်နင်းခြင်း.....
(၁) ပေါင်းမြက်.....
✅အပင်ငယ်စဉ် ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ပေးရန် လိုသည်။ ပေါင်းမြက်ကြောင့် နေကြာအထွက် ၅၀ ရာခိုင်နှုန်းကျော်လျော့ကျစေနိုင်သည်။ အပင်အညှောက်ပေါက်ပြီး ခုနစ်ရက်အတွင်း ကြားပေါင်း လိုက်ကိရိယာဖြင့် ပေါင်းမြက်ကို နှိမ်နင်းသင့်သည်။ အပင်၏အခြေနေရာ တစ်ဝိုက်ကိုမူ ပေါင်းမြက်များကို လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်ပါသည်။
(၂) ပိုးမွှား.....
✅နေကြာပင်ကို ဖြုတ်စိမ်း၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ပျ၊ ယင်ဖြူ၊ ငမြှောင်တောင်၊ ခူမွေးရှည်၊ ပန်းပွင့်ထိုးပိုး၊ ငှက်၊ ကြွက် စသည်ဖြင့် အင်းဆက်ပိုးမျိုးစုံ ဖျက်ဆီးနိုင်သည်။ အင်းဆက်ပိုးများကို ကာကွယ်ရန် အပင်ငယ်စဉ်တွင် သင့်လျော်သည့် ပိုးသတ်ဆေးဖြင့် ဖျန်းပက်ကာကွယ်နိုင်သည်။ သီးနှံရင့်မှည့်ချိန်အပင်ရှိ အစေ့အဆန်များကို ငှက်နှင့် ကြွက်ရန်မှ ကာကွယ်ရန်လိုပါသည်။
(၃) အပင်ရောဂါ.....
✅မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နိုင်ရန် မျိုးစေ့ချချိန်တွင် မှိုသတ်ဆေးဖြင့် မျိုးစေ့ကို စိမ်သင့်သည်။ နေကြာရွက်ခြောက်ရောဂါကို ကာကွယ်နိုင်ရန် ပန်းပွင့်ပမာဏ ၅၀ ရာခိုင်နှုန်းရှိသည့် ကာလတွင်နှစ်ပတ်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်တိုင် ရောဂါကာကွယ်ဆေး (ဥပမာ-ဘီနိုမိုင်း) ပက်ဖျန်းပေးသင့်ပါသည်။
ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် ရိတ်သိမ်းချိန်လွန်လုပ်ငန်း.....
(၁) ရိတ်သိမ်းချိန်.....
✅နေကြာပန်းပွင့်များ၏ ကျောဘက်အရောင်သည် အဝါရောင်သို့ပြောင်းလျှင်ရိတ်သိမ်းနိုင်ပါသည်။
(၂) ရိတ်သိမ်းခြွေလှေ့ခြင်း.....
✅နေကြာပန်းပွင့်များကို နေပူတွင် နှစ်ရက်မှ သုံးရက်ကြာ နေလှန်းရန်လိုသည်။ပန်းပွင့်များ ခြောက်သွေ့ပါက တုတ်ဖြင့်ရိုက်၍သော်လည်းကောင်း၊ စက်ဖြင့်သော်လည်းကောင်း နေကြာစေ့များရရှိအောင် ခြွေရန်ဖြစ်ပါသည်။
(၃) ရိတ်သိမ်းချိန်လွန်.....
✅နေကြာစေ့များကို အမှိုက်နှင့် အခြားမလိုလားသည်များ ကင်းစေရေး ဆောင်ရွက်ရန်လိုသည်။ ထို့နောက် မျိုးစေ့များကို အစိုဓာတ် ၅ မှ ၆ ရာခိုင်နှုန်းရောက်သည်အထိနေပူတွင် နှစ်ရက်မှ သုံးရက်ခန့် ခြောက်သွေ့အောင် နေလှန်းရန်ဖြစ်သည်။ ထို့နောက် အစေ့များကို လေလုံသည့်ပုံးများတွင် ထည့်သွင်းသိုလှောင် သိမ်းဆည်းနိုင်ပါသည်။
-မောင်ဖူးဝေ (တောင်တွင်းကြီး)
-မြန်မာတောင်သူကြီးများဂျာနယ်