menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဈေးအနည်းငယ်ကျနေသည့် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက် .....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ အသစ်ဝင်မြေပဲဆန်များကြောင့် ဈေးအနည်းငယ်ကျဆင်းလာပြီး တရုတ်လိုင်းအဝယ်နည်းနေတာ ကြောင့် နှမ်းမျိုးစုံဈေးကွက်ပါ ဈေးကျဆင်းနေကြောင်း ကုန်သည်များထံကသိရသည်။ နိုင်ငံငွေဈေးမြင့်တက်လာမှုနှင့် ပို့ကုန်သမားများ အဝယ်အေးနေတာကြောင့် ပဲ၊ နှမ်းဈေးခပ်အေးအေးသာရှိနေကြောင်းနှင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ပဲ၊နှမ်း တင်ပို့မှုရပ်နားထားသည်။
✔️ ဈေးကွက်အတွင်း မြေပဲဆန်အသစ်များဝင်ရောက်လာမှုနှင့်အတူ ဈေးကျဆင်းသွားသလို နှမ်းမျိုးစုံ ဈေးကွက်မှာလည်း တရုတ်လိုင်းတင်ပို့မှုနည်းနေတာကြောင့် လက်ရှိမှာ အမြင့်ဈေးမှ အနည်းငယ် ဈေးကျဆင်းလာကြောင်း ပြည်တွင်းသုံးကုလားပဲဈေးကွက်မှာလည်း ဖြည်းဖြည်းသာဈေးမြင့်နေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းသုံးပဲမာလိုင်းများလည်း အဝယ်ခပ်သွက်သွက်ရှိနေကြောင်း တက်နေလင်းပွဲရုံမှ ကိုဇင်မင်းဦး က ပြောသည်။
✔️ “မြေပဲဆန်ဈေးကွက်ကတော့ အသစ်ဝင်ရောက်မှုတွေရှိလာပေမယ့် တရုတ်လိုင်း အဝယ်နည်းနေလို့ ဈေးကျဆင်းနေပါတယ်။ နှမ်းလိုင်းမှာလည်း တရားဝင်တင်ပို့မှုမရှိသေးလို့ အဝယ်အေးနေတာပါ။ မတ်ပဲကတော့ အဝယ်ပြန်ကောင်းနေပါတယ်။ ပဲစင်းငုံနီကလည်း အရောင်းဈေးကွက်နည်းပါတယ်။ ကုလားပဲအုပ်စုကတော့ တဖြည်းဖြည်းဈေးတက်နေတာမျိုးပါ။ ပြည်တွင်းသုံးပဲမာလိုင်းမှာတော့ ပဲကြီး၊ ပဲထောပတ်၊ စွန်တာနီ၊ ပဲဇီးကွက်တို့ အဝယ်သွက်နေပါတယ်” ဟု ၎င်းကပြောသည်။
✔️ ဩဂုတ် (၃၀)ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၅၀,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆. ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၆၆,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ ဩဂုတ် (၃၀) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၂,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၆,၅၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၃၀,၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း) တစ်ပိဿာ ငွေကျပ် ၁၀,၄၀၀ ပေါက်ဈေးရှိသည်။
✔️ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် အနည်းငယ်ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၈,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၈၅,၀၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း(မကွေးဂျာနယ်)