menu

ဧရာဆန်၊စပါး ဈေးကွက်အခြေအနေ .....


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔸ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးနှင့် နွေစပါး အနည်းငယ် ထွက်ရှိလာသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိနေပါသည်။

🔸ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁,၄၀၀,၀၀၀) ဝန်းကျင်ရှိပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၅၀,၀၀၀ - ၅၄,၀၀၀) ရှိသည်။ ရွှေသွယ်စပါးဈေးနှုန်း၄၆ပေါင် (၉၅၀,၀၀၀)ဖြစ်ပြီး ဆန်၁အိတ် ဈေးနှုန်း (၃၅,၀၀၀ - ၃၆,၀၀၀) သီးထပ်ရင် ပေါင်၁၁၀ဈေးနှုန်း (၈၅၀,၀၀၀) ဖြစ်သည်။ ၎င်းမှ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိသည်။ 

🔸ရေကြည်မြို့နယ်တွင် ပခန်းစပါး ပေါင်၅၀ဈေးနှုန်း(၉၀၀,၀၀၀)၊ ဆန် ၁အိတ် ဈေးနှုန်း (၃၃,၀၀၀ - ၃၅,၀၀၀)၊ ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း(၈၅၀,၀၀၀)၊ ဆန်၁အိတ်ဈေးနှုန်း(၂၈,၀၀၀ -၂၉,၀၀၀) ရှိနေသည်၊၊ မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁,၄၅၀,၀၀၀)ဝန်းကျင်ရှိပြီး ဆန်၁အိတ် ဈေးနှုန်း(၄၇,၀၀၀ - ၅၀,၀၀၀) ဖြစ်သည်။ မနောသုခ၊ ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း (၈၆၀,၀၀၀) ဆန် ၁အိတ် ဈေးနှုန်း(၃၀,၀၀၀) ရှိသည်။ 

🔸လေးမျက်နှာမြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀ (၇၇၀,၀၀၀)၊ ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၇,၀၀၀) ဖြစ်ပြီး ပခန်းရွှေဝါစပါးဈေးနှုန်း ပေါင်၅၀(၈၀၀,၀၀၀) ဆန်၁အိတ် ဈေးနှုန်း (၂၉,၀၀၀ - ၃၀,၀၀၀)ရှိသည်။ မအူပင်ခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁,၃၀၀,၀၀၀)ဝန်းကျင်ဖြစ်ပြီး ဆန်၁အိတ် ဈေးနှုန်း(၄၃,၀၀၀ - ၄၇,၀၀၀) ဖြစ်သည်။ မနောသုခပေါင်၅၀စပါးဈေးနှုန်း (၈၅၀,၀၀၀) ဆန်၁အိတ် ဈေးနှုန်း (၂၈,၅၀၀) နှံကားပေါင်၅၀စပါးဈေးနှုန်း(၇၈၀,၀၀၀ - ၈၀၀,၀၀၀)ဝန်းကျင်ရှိပြီး ရေကျနောက်စိုက်ရက်၉၀ ပေါင်၅၀စပါးဈေးနှုန်း(၈၀၀,၀၀၀) သီးထပ်ရင်ပေါင်၅၀စပါးဈေးနှုန်း (၇၄၀,၀၀၀) ဖြစ်သည်။ ၎င်းတို့မှ ရန်ကုန်သို့တင်ပို့ ရောင်းချလျှက်ရှိသည်။ 

🔸ကျိုက်လတ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂‌ပေါင်ဈေးနှုန်း (၁,၀၇၀,၀၀၀)ဖြစ်ပြီး ပေါ်ဆန်းဆန် ၁အိတ် ဈေးနှုန်း (၃၈,၀၀၀) ရက်၉၀စပါးဈေးနှုန်း ၅၀ပေါင် (၇၁၀,၀၀၀) သီးထပ်ရင်စပါးဈေးနှုန်း ၅၀ပေါင် (၇၈၀,၀၀၀)၊ သီးထပ်ရင်ဆန် ဈေးနှုန်း(၂၂,၅၀၀)အသီးသီးဖြစ်ပြီး ဆန်များကိုရန်ကုန်နှင့် တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက်ဝယ်ယူလျှက်ရှိသည်။

🔸ဈေးကွက်အခြေအနေမှာ နွေစပါးစိုက်ဧကလျော့နည်းပြီး အထွက်နှုန်းနည်းပါမှုကြောင့် စက်ပိုင် နှင့် တောင်သူကြီးများမှ လှောင်စပါးအဖြစ် ဝယ်ယူမှုကြောင့် စပါးဈေးမြင့်တက်နေသည်။

🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

25 – 3 – 2022