menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဧရာဝတီဆန်စပါး ဈေးကွက်အခြေအနေ
ဧရာဝတီဆန်စပါး ဈေးကွက်အခြေအနေ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးများရိတ်သိမ်းချွေလှေ့လျက်ရှိပြီး အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်းအနည်းငယ်ထွက်ရှိလာသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်း၅၂ပေါင် (၁,၂၀၀,၀၀၀) ဝန်းကျင်ရှိပြီး စက်ပိုင်ကုန်သည်များမှသိုလှောင်လျှက်ရှိသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်တွင် ဈေးနှုန်းပေါင်၅၀ (၆၆၀,၀၀၀ - ၆၇၀,၀၀၀)ဖြစ်သည်။ မနောသုခ၊ ဆင်းသုခ ဆန်များမှာ အရောင်းအဝယ် အေးလျက်ရှိသည်။
▶️ ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း၄၆ပေါင် (၆၁၅,၀၀၀ - ၆၇၀,၀၀၀)ရှိနေပြီး ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၂,၅၀၀ ရှိသည်။ လေးမျက်နှာမြို့နယ်တွင် စပါးဈေးနှုန်း၄၆ပေါင် (၆၈၀,၀၀၀)ရှိနေပြီး ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၅,၀၀၀ - ၂၆,၅၀၀)ရှိသည်။ ဒေသတွင်းဝမ်းစာသိုလှောင်မှုများလည်းရှိနေသည်။ ဇလွန်မြို့နယ်တွင် စပါးဈေးနှုန်းပေါင်၅၀ (၆၆၀,၀၀၀ - ၆၇၀,၀၀၀)ရှိနေပြီး ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၃,၀၀၀ - ၂၄,၀၀၀)ဖြစ်သည်။
▶️ မအူပင်ခရိုင်တွင် နှံကားစပါးပေါင်၅၀ဈေးနှုန်း(၆၄၀,၀၀၀ - ၆၅၀,၀၀၀)နှင့် မနောသုခပေါင်၅၀ စပါးဈေးနှုန်း (၆၈၀,၀၀၀ - ၇၀၀,၀၀၀)ဖြစ်ပြီး နှံကားဆန် ၁အိတ်ဈေးနှုန်း (၂၂,၅၀၀ - ၂၃,၅၀၀)နှင့် ဆင်းသုခဆန် ၁အိတ်ဈေးနှုန်း (၂၄,၀၀၀ -၂၅,၀၀၀)ဖြစ်သည်။ ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၇၅၀,၀၀၀ - ၁,၀၀၀,၀၀၀)၊ ပေါ်ဆန်းဆန်၁အိတ် ဈေးနှုန်း (၃၈,၀၀၀ - ၃၈,၅၀၀) ဖြစ်ပြီး ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ တင်ပို့မှုအနည်းငယ်သာရှိသည်။
▶️ ဒေးဒရဲမြို့နယ်တွင်ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁,၀၀၀,၀၀၀)ဖြစ်ပြီး၊ ပေါ်ဆန်း ဆန်၁အိတ် ဈေးနှုန်း (၃၉,၀၀၀ - ၄၁,၀၀၀)ရှိနေပြီး ရက်၉၀စပါးဈေးနှုန်း ၅၂ပေါင်မှာ(၇၀၀,၀၀၀ - ၇၂၀,၀၀၀) ၊ ဆန်ဈေးနှုန်း မှာ(၃၂,၀၀၀) ဖြစ်ပြီး ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ရောင်းချလျက်ရှိသည်။ ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်းအရောင်းအဝယ်နည်းပါးလျက်ရှိနေပါသည်။
▶️ ဆန်စပါးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
14-1-2022