menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဧရာဝတီဆန်စပါး ဈေးကွက်သတင်း”
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸 ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးများ ရိတ်သိမ်းမှုပြီးစီးလျက်ရှိနေပြီးအချို့မြို့နယ်များတွင် ရေကျ နောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှု ရှိနေပါသည်။
🔸 ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁,၀၅၀,၀၀၀) ဝန်ကျင်ရှိပြီး၊ ဆန်၁အိတ် ဈေးနှုန်း ၃၆,၀၀၀ ရှိသည်။ ပခန်းစပါးဈေးနှုန်း၄၆ပေါင် (၈၅၀,၀၀၀)ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း ၃၀,၀၀၀ ဖြစ်သည်။ ရန်ကုန်သို့ အနည်းအငယ် တင်ပို့ရောင်းချလျှက်ရှိသည်။
🔸 မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ် ပေါ်ဆန်းစပါးဈေးနှုန်း ၅၂ပေါင် (ဆယ်သိန်း)ဝန်းကျင်ဖြစ်နေပြီး ဆန်၁အိတ်ဈေးနှုန်း(၃၆,၀၀၀-၃၇,၀၀၀) ဖြစ်သည်။ မနောသုခ၊ ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း (၆၇၀,၀၀၀) ဆန် ၁အိတ် ဈေးနှုန်း ၂၄,၀၀၀ ဖြစ်ပြီးအရောင်းအဝယ်အေးလျှက်ရှိသည်။
🔸 ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း၄၆ပေါင် (၆၁၅,၀၀၀ - ၆၇၀,၀၀၀)ဖြစ်ပြီး၊ ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၂,၅၀၀ ရှိသည်။ ဇလွန်မြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀ (၇၀၀,၀၀၀)ရှိနေပြီး ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၃,၀၀၀ -၂၅,၀၀၀ )ဖြစ်သည်။
🔸 မအူပင်ခရိုင်တွင် မနောသုခပေါင်၅၀စပါးဈေးနှုန်း (၇၀၀,၀၀၀)ဖြစ်ပြီး ဆင်းသုခ ၁အိတ်ဈေးနှုန်း (၂၃,၅၀၀ - ၂၄,၀၀၀)ဖြစ်သည်။ ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၉၈၀,၀၀၀ - ၁,၀၀၀,၀၀၀) ပေါ်ဆန်းဆန်၁အိတ် ဈေးနှုန်း (၃၈,၀၀၀ - ၃၉,၀၀၀ )ဖြစ်ပြီး ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။
🔸 ကျိုက်လတ်မြို့နယ်တွင်ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁,၀၇၀,၀၀၀)ဖြစ်ပြီး ပေါ်ဆန်းဆန် ၁အိတ် ဈေးနှုန်း (၃၈,၀၀၀) ရက်၉၀စပါး ဈေးနှုန်း၅၀ပေါင် (၈၂၀,၀၀၀) သီးထပ်ရင်စပါးဈေးနှုန်း၅၀ပေါင် (၇၂၀,၀၀၀) ရက်၉၀ဆန် ဈေးနှုန်းမှာ(၃၁,၀၀၀) နှင့်သီးထပ်ရင်ဆန်ဈေးနှုန်း(၂၇,၀၀၀) အသီးသီးဖြစ်ပြီး ရန်ကုန်သို့တင်ပို့ရောင်းချမှုအနည်းငယ်ရှိနေသည်။
🔸 ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်းရန်ကုန်သို့တင်ပို့ရောင်းချမှုနည်းပါးပြီး အရောင်းအဝယ်အေးလျှက်ရှိနေပါသည်။
🔸 သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
28-1-2022