menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဧရာဝတီဆန်စပါးစျေးနှုန်း နှင့် ဈေးကွက်အခြေအနေ”
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသည့် စပါးဈေးနှုန်းများမှာ ကောက်ကြမ်းစပါး တင်းတစ်ရာလျှင် ကျပ် ၁၃ သိန်း နှင့် ကောက်ချောစပါးတင်း တစ်ရာလျှင် ကျပ် ၁၆ သိန်း ၄ သောင်း၊ ရွှေသွယ်စပါး တင်း တစ်ရာလျှင် ကျပ် ၁၄ သိန်း အသီးသီးဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ ဆင်းသုခ၊ မနောသုခ၊ မျိုးပွား (၁)အိတ်လျှင် ကျပ် ၄၃,၀၀၀၊ ပေါ်ဆန်းယဥ် (၁)အိတ်လျှင် ၅၃,၀၀၀၊ ဧရာဝတီပေါ်ဆန်းဟောင်း (၁)အိတ်လျှင် ကျပ် ၆၅,၀၀၀ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးနှုန်းများမှာ အရောင်းအဝယ်ဖြစ်မှုအခြေအနေပေါ်မူတည်၍ အပြောင်းအလဲရှိကြောင်း သိရှိရပါသည်။
▶️ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း၊ ဟင်္သာတမြို့နယ်များမှ စပါးများကို ပဲခူး၊ ပြည်မြို့များမှ ဆင်းဝယ်လျက်ရှိပြီး တိုင်းဒေသကြီးမှကြိတ်ခွဲထွက်ရှိသောဆန်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ မြို့များနှင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
▶️မြန်မာ-ဘင်္ဂလားဒေ့ရှ် G to G သဘောတူစာချုပ်အရ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်တန်ချိန် သုံးသောင်း မှ ငါးသောင်းအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်လျာထားပြီး အောက်တိုဘာလ စတုတ္ထပတ်မှ စတင်ကာ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည်မထ ၅% ဆန်တန်ချိန် ၂,၆၅၀ စတင် တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။
▶️လက်ရှိအခြေအနေအရ ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ပသို့ဆန်တိုက်ရိုက်တင်ပို့ခြင်းစတင်နေသည့် အပြင် လှောင်လက်များလည်း အဝယ်လိုက်နေသဖြင့် စပါးဈေးတက်လာနေပြီး နောက်ရက်များတွင် ဆက်လက်တက်နိုင်ကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
9-11-2022