menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ဧရာဝတီတိုင်းအတွင်း စပါးများထွက်ရှိမှု နှင့် ဈေးကွက်အခြေအနေ"
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ် များတွင် ရိတ်သိမ်းချွေလှေ့လျက်ရှိသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက်ကွာခြားမှုရှိနေသည်။ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင်ပေါင်၅၀(၆၈၀၀၀၀/-)၊ ကန်ကြီးထောင့်မြို့နယ်တွင်ပေါင်၅၀ (၇၀၀၀၀၀/-) ဝန်းကျင်ရှိ ဈေးကွက်အနေဖြင့် စက်ပိုင်၊ ကုန်သည်များမှ အနည်းငယ်ဝယ်ယူမှုရှိနေသည်။
✔မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်တွင်ပေါင်၅၀ဈေးနှုန်း (၇၄၀၀၀၀/- ၇၅၀၀၀၀/-)ရှိသည်။ စပါး ဈေးနှုန်းမြင့်တက်နေသော်လည်း ဆန်ဈေးနှုန်းမှာတည်ငြိမ်နေသည်။ ဆန်စက်များမှ စပါးဝယ်ယူ စုဆောင်းမှုရှိနေသော်လည်း အမြတ်အစွန်းနည်းပါးခြင်း၊ တွက်ခြေမကိုက်ခြင်းကြောင့် ဆန်ကြိတ်ခွဲမှု အနည်းငယ်သာရှိပါသည်။ အိမ်မဲမြို့နယ်၏ ကောက်စောစပါးဈေးနှုန်းမှာ(၇၁၀၀၀၀/-)ရှိနေပါသည်။
✔ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ်နှင့် ဇလွန်မြို့နယ်များတွင် ဒေသအခေါ် ကွင်းဈေးပေါင်၅၀ (၇၀၀၀၀၀/-) ဝန်းကျင်ရှိသည်။ ဇလွန်မြို့နယ်တွင် စင်္ကာပူကုန်သည်မှတဆင့် ဆင်းသုခဆန်တန်ချိန် ၃သောင်း ဝယ်ယူကာ အာဖရိကနိုင်ငံသို့တင်ပို့ရန်အတွက် ဝယ်ယူလျက်ရှိနေသည်။
✔ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါး ပေါင်၅၀ဈေးနှုန်း (၆၇၀၀၀၀/ - ၆၈၀၀၀၀/-) နှင့် ဧည့်မထစပါး ပေါင်၅၀ ဈေးနှုန်း (၆၅၀၀၀၀/-)ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက် ဝယ်ယူမှုရှိနေသည်။ ကျေးရွာများမှ ကိုယ်ပိုင် စက်လှေများဖြင့် ဆန်များကြိတ်ခွဲ၍ ရန်ကုန်မြို့ရှိကုန်သည်များအား သွားရောက်ရောင်းချမှု အနည်းငယ်ရှိသည်။
✔ဈေးကွက်အခြေအနေမှာ စပါးထွက်ရှိမှုရှိနေသော်လည်း Containerသင်္ဘောတန်ဆာခ မြင့်တက်နေပြီး မြန်မာပြည်မှဆန်စပါးဈေးကွက်မှာ ပြည်ပဈေးကွက်အခြေအနေအရ ဆန်တင်ပို့မှုနည်းပါသောကြောင့် ဆန်စပါးဈေးကွက် တည်ငြိမ်နေပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
2-12-2021