menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဈေးငြိမ်နေသည့် ဧရာမတ်ပဲဈေးကွက်”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
▶️ယခင်သီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ် ၆၀,၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေခဲ့ပြီး ယခုသီတင်းပတ်တွင်လည်း ယခင်ဈေးအတိုင်းဆက်လက်တည်ရှိနေခဲ့သည်။
▶️ဧရာဝတီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ (၃) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၅၇,၅၀၀၊ (၄) ရက်နေ့တွင် ကျပ် ၅၈,၀၀၀ ၊ (၈) ရက်နေ့တွင် ကျပ် ၆၀,၀၀၀၊ (၉) ရက်နေ့တွင်ကျပ် ၆၀,၀၀၀၊ (၁၀) ရက်နေ့တွင် ကျပ် ၆၀,၃၀၀၊ (၁၁) ရက်နေ့တွင် ကျပ် ၅၉,၈၀၀၊ (၁၂) ရက်နေ့တွင် ကျပ် ၆၀,၀၀၀၊ (၁၃) ရက်နေ့တွင် ကျပ် ၅၈,၈၀၀ အသီးသီးဖြစ်ခဲ့ပါသည်။
▶️ယခုသီတင်းပတ်ကာလအတွင်း မြန်မာငွေကြေးဈေးနှုန်းအတက်အကျတည်ငြိမ်နေပြီး မတ်ပဲ ဈေးနှုန်းလည်း ကျပ် ၆၀,၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေကြောင်းသိရှိရသည်။ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ ၁ တန်လျှင် CNF ဈေးနှုန်း $ 950 နှင့် FAQ ဈေးနှုန်း $ 815 ဖြစ်ပြီး၊ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းမှာ ၁ တန်လျှင် $ 770 ဖြစ်ကြောင်းသိရှိရပါသည်။
▶️နိုဝင်ဘာလအတွင်း မြန်မာမတ်ပဲ ကွန်တိန်နာ (၂၀-၂၅)စီး ခန့်တင်ပို့ခဲ့ပြီး ပြည်တွင်းကုန်သည်များ၏ ခန့်မှန်းချက်အရ မြန်မာ့မတ်ပဲလက်ကျန် တန်ချိန် ၁၅,၀၀၀ နှင့် ပဲစင်းငုံလက်ကျန် တန်ချိန် ၂၀,၀၀၀ ခန့် ကျန်ရှိနိုင်ကြောင်း သိရှိရသည်။
▶️အိန္ဒိယနိုင်ငံသို့ တင်သွင်းလာသည့် မြန်မာမတ်ပဲများထဲမှ တန်ချိန် ၁၀,၀၀၀ ကို NAFEDက ၁ ကွမ်တယ်လျှင် Rs 7,100 – 7,490 နှုန်းဖြင့် ဝယ်ယူခဲ့ပြီဖြစ်ပြီး ပဲခွဲစက်များမှ အရည်အသွေးကောင်း မတ်ပဲဝယ်လိုအားကြောင့် လာမည့်ဆောင်းရာသီတွင် မတ်ပဲဝယ်လိုအားများမြင့်တက်လာနိုင်ကြောင်း Agri World Mumbai ကထုတ်ပြန်ချက်အရ သိရှိရပါသည်။
▶️တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်မည့် သတင်းများကြောင့် တရုတ်သို့ တင်ပို့နေသည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ၏ ဈေးနှုန်းများတက်လာနေသော်လည်း မတ်ပဲဈေးနှုန်းမှာ ဈေးငြိမ်နေသည့် အနေအထားတွင်ရှိပြီး မြန်မာမတ်ပဲပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာအမြင့်ဆုံးဖြစ်နိုင် ကြောင်း၊ အိန္ဒိယဘက်မှဝယ်လိုအားကြောင့် ဈေးအနည်းငယ်တက်လာနိုင်သော်လည်း ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်း သုံးသပ်ရပါသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
14-11-2022