menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဖရဲသီးစျေးကွက်တွင် တစ်ကီလို ၉ ယွမ်ဖြင့် စံချိန်တင်အမြင့်စျေးရရှိနိုင်”
🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃
✔️တရုတ်နယ်စပ်ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးဖရဲသီးစျေးကွက်တွင် တစ်ကီလိုလျှင် ၉ ယွမ် ပေါက်စျေးဖြင့် စံချိန်တင်အမြင့်စျေးရောင်းချရနိုင်ကြောင်း မူဆယ် အသီးကုန်သည်နှင့် အသီးတင်ပို့မည့် ဖရဲတောင်သူများထံက သိရသည်။
✔️တရုတ်-မြန်မာ ကုန်သွယ်မှုနယ်စပ်ဂိတ် ကျင့်စန်းကျော့ဂိတ်ကို နိုဝင်ဘာ (၂၆) ရက်မှ စတင်ကာ ကွန်တိန်နာရှန်တိန်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာ (၃၀) ရက်တွင် ဖရဲကားအစီး (၄၀) ကျော် စတင်တင်ပိုခဲ့ခြင်းဖြစ်ရာ ရောဂါပိုးစစ်ဆေးမှုများအပြီး ရောဂါကင်းရှင်းပါက ဒီဇင်ဘာ (၂) ရက်တွင် အသီးစျေးကွက် စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
✔️“တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ ငါးဧကကို ဒီဇင်ဘာ (၂) နေ့ အသီး စတင်မှာပါ။ ရေစကြိုကနေ မူဆယ်ကားခ ကျပ် ၁၃ သိန်း ပေးရပါတယ်။ ၈၅၅ ဖရဲကို ဂျပ်ဖာနဲ့ထည့်ပြီးတင်ရတော့ စရိတ်ကတော့ ပိုကုန်ပါတယ်။ အသီးစျေးကတော့ ကြားနေတာတော့ တစ်ကီလို ယွမ် ၉ယွမ်လောက် ရမယ်လို့ ကြားနေပါတယ်။ မနက်ဖြန်လောက်မှ တရားဝင်ဘယ်လောက်ရတယ်သိရမယ်။ လက်ရှိငွေစျေးနဲ့ဆိုရင် စံချိန်တင် စျေးကောင်းရရှိတာပါ။ လက်ရှိမှာစိုက်ပျိုးစရိတ်က ကျပ် ၂၅ သိန်း၊ အသီးဆွတ်တင် မူဆယ်ထိ နောက် တရုတ်နိုင်ငံထဲထိဆိုရင် ကျပ် ၃၅ သိန်းလောက်နဲ့ ပွဲခရာခိုင်နှုန်းတွေပါပေါင်းရင် ကျပ် ၇၂ သိန်း လောက် ကုန်ကျစရိတ်ရှိပါတယ်” ဟု ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှ ဦးကျော်မိုးနိုင်က ပြောသည် ။
✔️လက်ရှိတွင် ဖရဲစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးအရင်းထက် အသီးတင်ပို့ရောင်းချသည့် စရိတ် ပိုမိုကုန်ကျနေကြောင်း၊ နယ်စပ်ဂိတ်များတွင် အဆင်ပြေချောမွေ့စွာအသီးတင်ပို့နိုင်မှသာ တောင်သူများအတွက် စွန့်စားစိုက်ပျိုးထားသည့်အကျိုးကိုခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
✔️လက်ရှိတရုတ်ပြည်တွင်း၌လည်း ဖရဲတစ်ကီလိုလျှင် ၇ ယွမ် မှ ၈ယွမ် ပေါက်စျေးရှိနေကြောင်း၊ အသီးကားများ လက်ရှိရှန်တိန်တင်ပိုခဲ့ခြင်းကြောင့် နောက်ရက်များတွင် စျေးမည်သို့ပြောင်းလဲမည်ကို မသိရှိနိုင်သေးကြောင်း မူဆယ်ရှိအသီးကုန်သည်တစ်ဦးက ပြောသည်။ ယခင်နှစ်ကလည်း နိုဝင်ဘာ (၁၅) ရက်မှ ဒီဇင်ဘာ (၁၅) ကြား တစ်လခန့် ဖရဲစျေးကွက်အမြင့်ဆုံး တစ်ကီလို (၆-၇) ယွမ်ထိ စျေးရရှိခဲ့ပြီး လက်ရှိယွမ်ငွေစျေး မြင့်တက်နေခြင်းကြောင့် တစ်ကီလို ၉ ယွမ်ဖြင့် ရောင်းချရပါက ငွေလဲကောင်တာပေါက်စျေး တစ်ယွမ်လျှင် ကျပ် ၂၈၀ ဖြင့် ဖရဲကားတစ်စီးလျှင် ကျပ်သိန်း ၃၈၀ ဝန်းကျင် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
✔️ထိုသို့အမှန်တကယ် စံချိန်တင်ပေါက်စျေးဖြင့်ရောင်းချရပါက မြန်မာနိုင်ငံတွင် ဖရဲစိုက်ပျိုးမှု သမိုင်းတစ်လျှောက် စံချိန်တင်ဖရဲစျေးကောင်းရရှိလာမည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင် ဆုံးရှုံးခံနိုင်လောက် သည့်ပမာဏအား စွန့်စားစိုက်ပျိုးခဲ့သည့် တောင်သူများအနေဖြင့် အကျိုးအမြတ်ကောင်းရသည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း၊ ဒီဇင်ဘာ (၂) ရက်တွင် သေချာသိရှိရမည်ဖြစ်ကြောင်း မူဆယ်ဖရဲ ကုန်သည်များက သုံးသပ်ထားသည်။
✔️ဖရဲစိုက်ပျိုးမှုများသည့်ဒေသများတွင် အနည်းငယ်စွန့်စားစိုက်ပျိုးထားသလို နှမ်း၊ ပဲစင်းငုံ၊ ကုလားပဲ များကိုလည်း စိုက်ပျိုးထားခြင်းကြောင့် တရုတ်နိုင်ငံသို့တင်ပိုသည့် ပို့ကုန်လမ်းကြောင်း ချောမွေ့မှသာ တောင်သူစိုက်ပျိုးသည့် သီးနှံများစျေးကောင်းရရှိနိုင်မည်ဖြစ်သည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (The Farmer Media)