menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဈေးကွက်ပျောက်နေသည့် တောင်သူများထံမှ သီးနှံလေးမျိုးကို ဝယ်ယူပေးမည်
🍃🍃🍏🍌🍈🍃🍃🍏🍌🍈🍃🍃
☑️ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီ (Myanmar Golden Produce Co.,Ltd.)က ကိုဗစ်ကာလတွင် ဈေးကွက်မရှိဖြစ်နေသည့် တောင်သူများထံက ကျွဲကောသီး၊ မာလကာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီးတို့ကို ဝယ်ယူပေးမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးကပြောသည်။``တောင်သူတွေက သီးနှံထွက်နေတယ်၊ ထွက်ရှိတဲ့သီးနှံတွေ အချို့ဆိုရင် ဈေးကွက်တွေကို ပျောက်သွားတယ်။ အဲ့လိုဖြစ်ရင် ကျွန်မတို့ကို ဆက်သွယ်ပါ။ ဝယ်နိုင်သလောက်ဝယ်ပေးတယ်။ We Love Yangon နဲ့ပေါင်းပြီး လှူပေးတယ်`` ဟု ၎င်းကပြောသည်။
☑️ အဆိုပါသီးနှံလေးမျိုးကို ကုမ္ပဏီအနေဖြင့် ထိုက်သင့်သလောက်ဝယ်ယူပေးမည်ဟုဆိုပြီး ဝယ်ယူနိုင်သည့် ပမာဏအတိအကျကိုမူ မပြောနိုင်သေးကြောင်း ဒေါ်လဲ့လဲ့ဦးကပြောသည်။ရောင်းချမရသည့် သီးနှံများကို တောင်သူများက လှူဒါန်းလိုလျှင်လည်း We Love Yangon နှင့် ပူးပေါင်းကာ လှူဒါန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
☑️ အဆိုပါကုမ္ပဏီက စင်္ကာပူနိုင်ငံသို့ ရုံးပတီသီး၊ ငရုတ်သီး၊ သခွားသီး၊ ဘိုစားပဲသီးတို့ကို တစ်ပတ်လျှင် တစ်ကြိမ် အထုတ်ရေတစ်ထောင်ပါသော ကွန်တိန်နာတစ်လုံး တင်ပို့နေပြီး နောက်ပိုင်းတွင် ရက်ခြား တင်ပို့နိုင်ရန် စီစဉ်ထားကြောင်း၊ ကုန်စိမ်းတင်ပို့ခြင်းအပြင် အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး တင်ပို့လျက်ရှိကြောင်းသိရသည်။`` စင်္ကာပူနိုင်ငံကလည်း အဆက်မပြတ်ပို့နိုင်မှ ဖြစ်မှာဆိုတော့ တိုက်ရိုက်ဆွေးနွေးသွားမှာဖြစ်တယ်။ လေးမျိုး ပို့နေတာကို ရက်ခြားလည်း ပို့တာမျိုးဖြစ်သွားနိုင်တယ်။ ပြီးတော့ ဝယ်တာကလည်း ဒီထက်ပိုများလာနိုင်တယ်။
☑️ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ ကိုဗစ်ဖြစ်တာလည်း ဖြစ်တာပေါ့။ ကိုယ့်ကိုယ်ကို လုံခြုံအောင်ကာကွယ်ပြီး အလုပ်ကိုဆက်လုပ်မှ ပဲရမယ်။ စိုက်ပျိုးရေးကဏ္ဍကကျ မသွားဖို့လိုတယ်။ စားနပ်ရိက္ခာအတွက်က လိုအပ်နေတာကိုး ``ဟု ၎င်းကဆက်လက်ပြောသည်။ကုမ္ပဏီအနေဖြင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရန် စီစဉ်နေပြီး တောင်သူများနှင့် စိုက်ပျိုးမှု ပုံစံများကို တိုက်ရိုက်ဆွေးနွေးရန်စီစဉ်ထားသော်လည်း လက်ရှိ ကိုဗစ်ကာလဖြစ်သောကြောင့် အဆင်မပြေသေးကြောင်း သိရသည်။
☑️ ``ကိုဗစ်ကာလမှာတော့ ပြည်ပတင်ပို့မှုကလည်း နည်းသွားတယ်။ ပြည်တွင်းဝယ်ယူမှုကလည်း မရှိသလောက်ဖြစ်နေတယ်။ အဲဒီတော့ဈေးကွက်ကို ပျောက်နေတာ။ အဲဒါကြောင့် ငှက်ပျောသီးဆိုရင် ခူးဆွတ်စရိတ်မတတ်နိုင်လို့ အပင်မှာပဲ ပြစ်ထားရတာမျိုးတွေရှိလာတယ်။ အဆင့်မြင့်ထုတ်ကုန် ထုတ်လုပ် ဖို့ကြတော့ ကုန်ကျစရိတ်က မတတ်နိုင်ကြဘူး။ ကုမ္ပဏီအချို့က ဝယ်ယူပေးမယ်ဆိုတဲ့ သတင်းတွေကို သိရပေမယ့် သူတို့က ဘယ်လောက်အတိုင်းအတာအထိ ဝယ်ပေးနိုင်မှာလဲဆိုတာ အတိအကျ မသိရဘူး။ ``ဟု ငှက်ပျော စိုက်တောင်သူ ဦးတင်အောင်ကပြောသည်။
မျိုးသန့်
The Farmer Media