menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ဈေးမြင့်တက်လာသည့် ပြည်တွင်းပြောင်းဈေးကွက်"
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
➡️ ထိုင်းနိုင်ငံမှပြောင်းဝယ်လိုအားကောင်းလာတာနှင့်အတူ ပြည်တွင်းပြောင်းဈေးမြင့်တက်လာကြောင်းသိရသည်။
➡️ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ပြောင်းဈေးမြင့်တက်လာသလို ပယ်လယ်ရေကြောင်းမှတင်ပို့မှုတွင် ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းအရောက် ဈေးကောင်းရရှိလာတာကြောင့် ပြည်တွင်းပြောင်းဈေး တစ်ပိဿာလျှင်ငွေကျပ် ၁၀၀ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ရနောင်းဆိပ်ကမ်းအရောက် ပြောင်းတစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၉.၈ အထိ ဈေးမြင့်လာရာ ရန်ကုန်သီလဝါဆိပ်ကမ်း ပြောင်းပေါက်ဈေး တစ်ပိဿာငွေကျပ် ၁,၁၄၅ ထိ ပေါက်ဈေးဖြစ်လာ ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ယူများအသင်းမှ ဦးတိုးတက်နိုင်က ပြောသည်။
➡️ "ထိုင်းနိုင်ငံက ပြောင်းဝယ်လိုအားများနေတော့ ပြောင်းဈေးကောင်းလာပါတယ်။ အရင်က တစ်ကီလိုဂရမ်ကို ရနောင်းအရောက် ထိုင်းဘတ် ၉ ဘတ် ပေါက်ဈေးဖြင့် ဆက်တိုက်ဈေးမြင့်ပေးဝယ်တာကနေ ၉.၈ ဘတ်ထိ ဈေးမြင့်တက်လာပါတယ်။ ထိုင်းမှာ ဈေးမြင့်တက်လာသလို ပြည်တွင်းပြောင်း ဈေးလည်း ဈေးမြင့်တက်လာပါတယ်။ လက်ရှိမှာ ရနောင်းသို့ သင်္ဘောတင်အလုအယက်တင်နေကြတော့ ပြောင်းဈေးကောင်းနေမှာပါ။ သင်္ဘောတင်ကတော့ မေလကုန်အထိ ကောင်းနေမယ့် အခြေအနေဖြစ်နေပါတယ်။ နိုင်ငံခြားတင်ပို့မှုမှာတော့ ထိုင်းနိုင်ငံကို တင်ပို့တာက ဈေးအကောင်းဆုံးလို့ ပြောလို့ရပါတယ်" ဟု ၎င်းကပြောသည်။
➡️ လက်ရှိအချိန်တွင် ပြောင်းစိုက်ပျိုးရာသီရောက်ရှိလာသော်လည်း ပြည်တွင်းပြောင်းကျန်များနေသေးကြောင်းနှင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသည့် ပြောင်းလက်ကျန် ၂၅ ရာခိုင်နှုန်းခန့်ကျန်ရှိသေးကြောင်းနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲရှိသည့်ဒေသများတွင် ပြောင်းဈေးကျဆင်းနေသည်။
➡️ "ပြည်တွင်းမှာ ပြောင်းလက်ကျန်ကကျန်သေးပေမယ့် ရှမ်းပြည်နယ်ဒေသအချို့မှာ ပြောင်းသယ်ယူဖို့အခက်အခဲရှိသေးလို့ဝယ်ယူလို့မရသေးတာရှိတယ်။ လက်ကျန်က ရှမ်းပြည်နယ်ထွက်ရှိတဲ့ပြောင်း ၂၅ ရာခိုင်နှုန်းလောက် ကျန်ရှိနေပါသေးတယ်။ ရှမ်းပြည်ဒေသတွင်းမှာ ပြောင်းဈေးက တစ်ပိဿာ ဈေး ငွေကျပ် ၆၀၀ခန့်သာ ပေါက်ဈေးရှိနေပါတယ်" ´ဟု ၎င်းကပြောသည်။
➡️ မေ(၁၅)ရက်တွင် ပြည်တွင်းပြောင်းပေါက်ဈေးမှာ ရန်ကုန်(ဆိပ်ကမ်း) တစ်ပိဿာ ငွေကျပ် ၁,၁၄၅၊ မန္တလေး ၅၄ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၅၄,၅၀၀ - ၅၅,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)