menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ဟိုပုံးမြို့နယ်တွင် နှစ်စဉ်စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ ဈေးကောင်းရရှိနေ"
🍓🍓🍓🍓🍓🍓🍓🍓🍓🍓
🔸 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်က ထက်ဈေးကောင်းပိုမိုရရှိကြောင်းသိရသည်။ စတော်ဘယ်ရီပင်သည် အေးမြသောရာသီဥတုကိုကြိုက်နှစ်သက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးမှုများပြားသည်။
🔸 ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီသီးကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိပြီး ယခုနှစ်တွင်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းပိုမိုရရှိသော်လည်း ယခင်နှစ်ကထက် မြေဩဇာနှင့်လုပ်အားခ ကုန်ကျစရိတ်များ ပိုမိုများပြားကြောင်း၊ စတော်ဘယ်ရီသီးအရောင်အဆင်းမှာ အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဍာန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံအထိ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ဟိုပုံးမြို့နယ်မှ စတော်ဘယ်ရီသီးကို ဒီဇင်ဘာလတွင် စတင်ထွက်ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စတော်ဘယ်ရီသီးများ ပိုမိုထွက်ရှိနေပြီးဖြစ်ကြောင်း စတော်ဘယ်ရီစိုက်တောင်သူထံမှသိရသည်။
🔸 စတော်ဘယ်ရီသီးကိုသုံးရက်လျှင်တစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် တစ်ပိဿာသုံးဆယ်ကျပ်သားဝင်သည့် ရေပုံး(၇၀)ကျော်ခူးဆွတ်ရကြောင်း စတော်ဘယ်ရီ (၃)ဧက စိုက်ပျိုးထားသည့် တောင်သူထံမှသိရသည်။ ယခင်နှစ်တွင် စတော်ဘယ်ရီစတင်ထွက်ရှိချိန်တွင် တစ်ပိဿာသုံး ဆယ်ကျပ်သားဝင်သည့် ရေပုံးတစ်ပုံးလျှင် ကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲအထိ စတင်ရောင်းချရပြီး ယခုနှစ်တွင် စတော်ဘယ်ရီတစ်ပုံးလျှင် ကျပ်သုံးသောင်းအထိရောင်းချရကြောင်း စတော်ဘယ်ရီစိုက်ပျိုးရောင်းချသူတောင်သူ တစ်ဦးထံမှသိရသည်။
🔸 စတော်ဘယ်ရီပင်ကို ဧပြီလတွင်စတင်ပျိုးထောင်ရပြီး စက်တင်ဘာလ၌စတင်စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး (၃)လအကြာ ဒီဇင်ဘာလတွင် စတော်ဘယ်ရီသီးစတင်ထွက်ရှိပြီး ဖေဖော်ဝါရီလတွင် စတော်ဘယ်ရီသီးများလှိုင်လှိုင်ထွက်ရှိကြောင်းသိရသည်။
🔸 စတော်ဘယ်ရီပင်ကို မိုးဦးကျတွင်စတင်ပျိုးထားပြီး ပျိုးပင်ပေါက်များကို ဇူလိုင်လမှစ၍ စိုက်ပျိုးကြရာ စတော်ဘယ်ရီသီးများကို ဒီဇင်ဘာလတွင် ခူးဆွတ်ရသည်။ ဟိုပုံးမြို့နယ်တွင် ထိုင်ဝမ် အပျော့၊ ကောမတ်(ခေါ်) အမာသီး၊ ဂျပန်နှင့် မြန်မာမျိုးစပ်ထားတဲ့ ဂျပန်သီးများကို စိုက်ပျိုးမှုများပြားကြောင်းနှင့် ယခုနှစ်စတော်ဘယ်ရီစတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိကာစတော်ဘယ်ရီစိုက်ပျိုး တောင်သူများစီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
🔸 သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)