menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာနည်းစနစ်အဖြာဖြာ
လယ်သမားတစ်ဦးပိုင်ဆိုင်သည့် လယ်ယာမြေမှာ သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးခြင်းမျိုး မဟုတ်သဖြင့် သီးနှံမျိုးစုံရှိနေတတ်သည်။ ရေရရှိမှု (သို့မဟုတ်) မြေအစိုဓာတ်တည်ရှိမှုအပေါ်မူတည်ပြီး တစ်နှစ်အတွင်း သီးနှံတစ်မျိုးပြီးတစ်မျိုးကို စိုက်ပျိုးလေ့ရှိသည်။ စိုက်ပျိုးသမျှ သီးနှံတစ်မျိုးချင်းမှာ ဖြစ်စေ၊ သီးနှံအတွဲတွေမှာဖြစ်စေ သင့်လျော်ကိုက်ညီသော စိုက်ပျိုးပြုစုမှုနည်းစနစ်တွေကိုလိုက်ဖက်ညီအောင်အသုံးပြုရသည်ဖြစ်ရာ လုပ်ကိုင်ဆောင်ရွက်မှု နည်းစနစ်များသည် မတူကွဲပြားခြားနားကြပါသည်။
ဟင်းသီးဟင်းရွက်သီးနှံများကို ကွင်းတဲ (သို့မဟုတ်) လူနှင့်အနီးဆုံးနေရာတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးမည်။ သဘာဝမြေဩဇာကို အသုံးပြုမည်။ အစိုဓာတ်လိုပါက ရေလောင်းပေးမည်။ ကျွဲ၊ နွားစားသုံးခြင်းက ကာကွယ်ရန် အတားအဆီးအကာအရံ လုပ်ပေးချင် လုပ်ပေးပေမည်။
ပြောင်းဖူး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစသည့်သီးနှံများကို ကန်သင်းကန့်မထားသော ယာမြေတွင် စိုက်ပျိုးမည်။ ဓာတ်မြေဩဇာအသုံးပြုမည်။ မိုးရာသီတွင် မိုးရေ၊ ဆောင်းရာသီတွင် မြေတွင်းလက်ကျန် အစိုဓာတ်ကို အားကိုးစိုက်ပျိုးမည်။
စပါးသီးနှံကို လယ်မြေတွင် စိုက်ပျိုးမည်။ ဓာတ်မြေဩဇာကို အသုံးပြုမည်။ ပေါင်းသတ်ဆေးကိုလည်း အသုံးပြုမည်။ မိုးရာသီတွင် မိုးရေနှင့်စိုက်သည်။ မိုးနည်းပါးပြီး ရေရရှိရေးနည်းလမ်းရှိပါက ဖြည့်စွက် ဆည်ရေ၊ သွင်းရေပေးမည်။ နွေရာသီတွင်မူ ဆည်ရေ၊ သွင်းရေဖြင့်သာ စိုက်ပျိုးပေမည်။
လယ်သမားသည် သီးနှံ၊ မျိုးနှင့် စိုက်ပျိုးနည်းစနစ်ရွေးချယ်မှုများတွင် သူ့မှာ ခိုင်လုံသော အကြောင်းရင်းများရှိသည်။ မြေကွက်တွေ အမျိုးအစားမတူ၊ လယ်နှင့် ယာကွဲပြားသည်။ မြေယာအရွယ်အစားမတူပါ။ မြေဆီလွှာ ကောင်း၊ သင့်၊ ညံ့ကလည်း မတူပါ။ အချို့မြေက ရေပြင်ညီသည်။ အချို့မြေ က ထရံစောင်းလိုဖြစ်နေသည်။ အကယ်၍ လယ်တစ်ပွဲမက ပိုင်ဆိုင်သောလယ်သမားတွင် ကျေးရွာနှင့်နီးသောလယ်ပွဲ၊ အတန်အသင့်ဝေးသောလယ်ပွဲဟူ၍ ကွဲပြားနေပေဦးမည်။ ပိုင်ဆိုင်သမျှ လယ်ယာမြေပေါ်တွင် သီးနှံအမျိုးမျိုးကို တစ်ချိန်တည်းစိုက်ပျိုးလို့ မရနိုင်ပါ။ တစ်ချိန်တည်းပေါင်းမြက်သုတ် သင်လို့လည်း မရနိုင်ပါ။ စိုက်ပျိုးသမျှသည် မိုးဦးစောစောကျသည်လား၊ နောက်ကျသည်လား၊ ပုံမှန်လား၊ မြေတွင် စိုက်ပျိုးမည့်သီးနှံအတွက် လုံလောက်သော အစိုဓာတ်ရှိရဲ့လား၊ စိုက်ပျိုးရေရရှိရေးနည်းလမ်းရှိ လား၊ ဆည်ရေ၊ ချောင်းမြောင်းရေ၊ မြစ်ရေတင်၊ ရေပေးဝေရရှိနိုင်မည့်အချိန်၊ ပျိုးထောင်ရေ၊ စိုက်ရေ၊ အောင်ရေစသည်တို့အပေါ် မူတည်နေသေးသည်။
ထို့ပြင် လယ်သမား၏စိုက်ပျိုးသည့် ရည်ရွယ်ချက်မှာလည်း အမျိုးမျိုးဖြစ်မည်။ မြေတစ်ကွက်ချင်းအပေါ်တွင် မိမိ မိသားစုစားသုံးရန်လား၊ ဝင်ငွေရရှိရေးရောင်းချရန်လား စသည့်အပေါ် မူတည်သေးသည်။ ကွဲပြားခြားနားသောစဉ်းစားစရာများ၊ သီးနှံများ၊ စိုက်ချိန်များ၊ စိုက်နည်းစနစ်များ၊ မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးစသည် လုပ်ကိုင်ဆောင်ရွက်မှုနည်းလမ်းအသွယ်သွယ်ဖြင့် လယ်သမားများ ဆောင်ရွက်လုပ်ကိုင်နေရသည်ကို မြင်တွေ့နိုင်ပါသည်။
အထက်ပါ တောင်သူလယ်သမားများ၏ လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများကို ကမ္ဘာ့သီးထပ်သီးနှံပုံစံသုတေသီများနှင့် စိုက်ပျိုးရေးပညာရှင်များ၏ လိုက်နာသုံးစွဲနေသော ဝေါဟာရအချို့နှင့်ဆက်စပ်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကိုပါ အသိပေးလိုပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်နည်းစနစ် (Cropping Systems)
လယ်ယာမြေပေါ်မှာ မိုးဆောင်းနွေတို့တွင် သီးနှံတစ်မျိုးချင်းသာမက စိုက်ပျိုးသမျှသီးနှံအားလုံးက အထွက်ရရှိပြီး စီးပွားရေးတွက်ခြေကိုက်အောင် စိုက်ပျိုးလုပ်ကိုင်သော နည်းစနစ်အမျိုးမျိုးကို စု ပေါင်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်နည်းစနစ်လို့ ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ မတူကွဲပြားသည့် သီးနှံအမျိုးအစား များကို ရွေးချယ်စိုက်ပျိုးမည်။ ရွေးချယ်သည့် သီးနှံအမျိုးအစားများဖြင့် တစ်မူထူးခြားသည့်သီးနှံအတွဲများကို စိုက်ပျိုးမည်။ ဆောင်ရွက်နိုင်သည့်နည်းလမ်းများကို ဆက်လက်ဖော်ပြလိုပါသည်။
သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်း (Monocropping)
လယ်ယာမြေ တစ်ကွက်တည်းပေါ်တွင် တစ်ရာသီပြီးတစ်ရာသီ၊ တစ်နှစ်ပြီး တစ်နှစ် သီးနှံတစ်မျိုးတည်းကို စိုက်ပျိုးခြင်း မျိုးဖြစ်သည်။ ပြောင်းဖူးသီးနှံကို မြေတစ်ကွက်ပေါ်တွင် တစ်နှစ်ပြီးတစ်နှစ် စိုက်တာကို ဥပမာပြလိုသည်။ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေသည်။ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းရန် အခက်အခဲဖြစ်စေ သည်။ ပိုးမွှားနှင့်ရောဂါကျရောက်မှု၊ ပေါင်းမြက်ပေါက်ရောက်မှုတို့ကို အားပေးရာရောက်စေသည်။ မြေဆီဩဇာယုတ်လျော့စေပြီး မြေဆီလွှာပုံစံပျက်ယွင်းစေသည်။ ထို့ကြောင့် တစ်သီးတည်းဆက်တိုက်စိုက် ပျိုးခြင်းကို ရှောင်ရှားရန်လိုသည်။ သီးနှံအလှည့်ကျစိုက်ပျိုးစနစ်ကို ကျင့်သုံးပါ။ သီးညှပ်စိုက်ပျိုးစနစ်ကို ကျင့်သုံးပါဟု တိုက်တွန်းလိုပါသည်။
သီးလှည့်စိုက်ပျိုးခြင်း (Crop rotation)
တစ်ရာသီပြီးတစ်ရာသီ (သို့မဟုတ်) တစ်နှစ်ပြီးတစ်နှစ်မှာ သီးနှံအမျိုးအစား ပြောင်းလဲစိုက်ဖို့ဖြစ်သည်။ သီးနှံစိုက်ပျိုးနေတာကနေ မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်း မပြုဘဲ မြေလှပ်ထားတာလည်း အကျုံးဝင်ပါသည်။ သီးလှည့်စိုက်ပျိုးခြင်းသည် မြေဆီ လွှာကာကွယ်ထိန်းသိမ်းရေးအတွက် အရေးပါသည့် အခြေခံသဘောတရားသော့ချက် တစ်ခုလည်းဖြစ်သည်။ အကြောင်းမှာ သီးလှည့်စိုက်ပျိုးခြင်းက မြေဆီလွှာဖွံ့ဖြိုး အောင်၊ မြေသားဖွဲ့စည်းမှုပုံစံကောင်းမွန်အောင် အကျိုးပြုသည်။ ထိုမျှမကပါ။ ပေါင်း မြက်၊ ပိုးမွှားနှင့် ရောဂါများကို ကာကွယ်နှိမ်နင်းရာမှာလည်း အထောက်အကူပြုလိုက် ပါသေးသည်။
သီးထပ်စိုက်ပျိုးခြင်း (Sequential cropping)
လယ်ယာမြေတစ်ကွက်ပေါ်မှာ သီးနှံနှစ်မျိုး (သို့မဟုတ်) ထို့ထက်ပိုသောသီးနှံကို စိုက်ပျိုးခြင်းဖြစ်သည်။ တစ်နှစ်အတွင်း တစ်မျိုးပြီးမှ နောက်တစ်မျိုးကို စိုက်ခြင်းဖြစ် သည်။ အချိန်တစ်ချိန်တွင် သီးနှံတစ်မျိုးတည်းကိုသာ ဂရုပြုရပါသည်။အချို့ဒေသများတွင် မိုးရာသီကာလ အတွင်း သီးနှံနှစ်မျိုးကို စိုက်ပျိုးဖို့ အချိန်ရသည်။ နှစ်မျိုးလုံး အဓိကသီးနှံများ ဖြစ်ချင် ဖြစ်မည်။ တစ်မျိုးသာ အဓိကသီးနှံဖြစ်ပြီး နောက်တစ်မျိုးက မြေဆီလွှာတိုက်စားမှု မဖြစ်အောင် မြေကြီးကို ဖုံးလွှမ်းရန် စိုက်ပျိုးသည့်သီးနှံ ဖြစ်ချင်ဖြစ်မည်။ သီးနှံနှစ်မျိုးလုံးကို မိုးရာသီအတွင်းဖြစ်နိုင်သကဲ့သို့ ဒုတိယသီးနှံကို မြေတွင်း လက်ကျန် အစိုဓာတ်နှင့် ထပ်မံစိုက်ပျိုးတာလည်း ဖြစ်နိုင်သည်။အကယ်၍ တစ်သီးပြီး တစ်သီး စိုက်ပျိုးသည့်သီးနှံများသည် တစ်မျိုးနှင့်တစ်မျိုး မတူခြားနားပါက အဲဒါသည် သီးလှည့်စိုက်ပျိုးခြင်းတွင် အကျုံးဝင်မည် ဖြစ်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း (Intercropping)
သီးနှံနှစ်မျိုး (သို့မဟုတ်) ထို့ထက်ပိုချင်ပိုမည်။ တူညီသောမြေကွက်အတွင်း တစ်ချိန်တည်း စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် ပြောင်းဖူးနှင့် ပဲမျိုးစုံ တစ်မျိုးမျိုးကို အတန်းခြားပြီး အလှည့်ကျစိုက်ပျိုးခြင်း (သို့မဟုတ်) ပြောင်းဖူးအတန်းတွေကြားမှာ မြေဖုံးသီးနှံကို စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင် သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်စိုက်ပျိုးတာရှိသည်။
သီးရောစိုက်ပျိုးခြင်း (Mixed intercropping)လို့ ခေါ်မည်။ အလွန်လွယ် ကူသောစနစ်ဖြစ်သည်။ သို့သော် ပေါင်းမြက်နှိမ်နင်းမှု၊ ရိတ်သိမ်းမှုတို့တွင် အခက် အခဲများ ဖြစ်နိုင်သည်။ တစ်ပင်နှင့်တစ်ပင် ထိကပ်ပေါက်ရောက်လာတာဖြစ်လို့ ရေ၊ အာဟာရ၊ နေရောင်ခြည်တို့ကို ယှဉ်ပြိုင်လုယက်ရယူကြတော့သည်။နောက်နည်းလမ်းတစ်ခုမှာ အဓိကသီးနှံကို အတန်းလိုက်စိုက်ပျိုးသည်။ ဦးစား မပေးသည့် ညှပ်စိုက်မည့်သီးနှံတွင် မျိုးစေ့ကိုကြဲပက်စိုက်လိုက်တော့သည်။ နည်းလမ်းတစ်ခုရှိသေးသည်။
သီးနှံနှစ်မျိုးလုံးကို အဓိကထားသည်။ နှစ်မျိုးလုံး ကို အတန်းလိုက်စိုက်သည်။ အဲဒါကို အတန်းလိုက် သီးညှပ်စိုက်ပျိုးခြင်း (Row intercropping) လို့ ခေါ်မည်။ သီးရောစိုက်ပျိုးခြင်းနှင့်နှိုင်းယှဉ်လျှင် ပေါင်းမြက်နှိမ် နင်းခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းတွေကို အလွယ်တကူဆောင်ရွက်နိုင်ပါသည်။သီးညှပ်စိုက်ပျိုးခြင်း၏ အားနည်း ချက်မှာ အဓိကထားစိုက်ပျိုးသည့်သီးနှံကို သီးညှပ်သီးနှံက နေရောင်ခြည်၊ ရေနှင့် အာဟာရတို့တွင် ယှဉ်ပြိုင်မှုကတော့ ရှိနေမှာဖြစ်သည်။ သို့ဖြစ်၍ သီးနှံနှစ်မျိုးလုံးတွင် တစ်ဧကအထွက်နှုန်း လျော့နည်းနိုင်သည် ကို သတိမူရမည်ဖြစ်ပါသည်။အကျိုးများစွာရှိသည့် သီးညှပ်စိုက်ပျိုးနည်းစနစ်တစ်ခုကို အသိပေးလိုသည်။သီးနှံနှစ်မျိုး၊ သုံးမျိုးကို စိုက်ပျိုးသော်လည်း သီးနှံတစ်မျိုးချင်းကို သီးသန့်စိုက်ပျိုးနိုင်လောက်အောင် အကွက်ကျယ်ထားပြီး အကန့်လိုက် စိုက်ပျိုးနိုင်သည်။
အကန့်တစ်ခုစီသည် ၁၀ ပေ မှ ပေ ၃၀ ခန့်အကျယ်ထားလေ့ရှိသည်။
အကန့်လိုက် သီး ညှပ်စိုက်ပျိုးခြင်း (Strip Intercropping) လို့ ခေါ်နိုင်ပါသည်။ တောင်စောင်းတွင် စိုက်ပျိုးပါက အကန့်ကို ကွန်တိုတစ်လျှောက်ပြုလုပ်ခြင်း ဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်သည်။ နောက်နှစ်တွင် အကန့်ပေါ်၌ အခြား မတူသည့်သီးနှံကို စိုက်ပျိုးခြင်းဖြင့် သီးလှည့်နိုင်ပါသည်။ဤစနစ်သည် မြေဆီလွှာဖွံ့ဖြိုးစေ ရေး၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါပြဿနာများလျော့နည်းစေရေးတို့အတွက် အထူး အသုံးဝင်သည့်စနစ်ဖြစ်ပါသည်။
သီးကြိုစိုက်ပျိုးခြင်း (Relay cropping)
သီးကြိုစိုက်ပျိုးခြင်းကိုလည်း ဖော်ပြလိုသည်။ သီးဆင့်စိုက်ပျိုးခြင်း၊ ရေလိုက် စိုက်ပျိုးခြင်း စသည်ဖြင့် အခေါ်အဝေါ်တွေ ခြားနားနိုင်ပါသည်။ စပါးမရိတ်မီ တမန်းအစိုလယ်ကွက်ထဲမှာ ကုလားပဲကို ကြဲပက်စိုက်ပျိုးတာကိုတော့ အများသိနိုင်မည်ဖြစ်သည်။ သီးနှံတစ်မျိုးမရိတ်သိမ်းမီ (သို့သော်) ပန်းပွင့်ပြီးချိန်တွင် နောက်သီးနှံတစ်ခုကို စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံနှစ်မျိုးသည်နောက်ပိုင်းတွင် သီးညှပ်အသွင်ရှိနေသော်လည်း သီးနှံတစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်မှုမဖြစ်စေသည့် စိုက်နည်းစနစ်တစ်ခုဖြစ်သည်။ အတန်းလိုက်စိုက်ပျိုးသည့် ပြောင်းဖူးခင်းတွင် အတန်းကြားများ၌ ပြောင်းဖူးစိုက်ပြီး လေးပတ်ခန့်အကြာမှာ ပဲမျိုးစုံသီးနှံကို စိုက်ပျိုးလေ့ရှိကြသည်။
-မောင်ဖူးဝေ(တောင်တွင်းကြီး) အတွဲ(၂၆) အမှတ်(၃၇၈)၊ နိုဝင်ဘာ ၁၁ - ၁၇၊ ၂၀၁၉ ခုနှစ်
-မြန်မာတောင်သူကြီးများဂျာနယ်