menu

ဆီစက်များက ဝယ်ယူမှုကောင်းမွန်လာခြင်းကြောင့် မန္တလေးစျေးကွက်အတွင်း မြေပဲဆံစျေးနှုန်းကောင်းရနေ .....


🥜🥜🥜🥜🥜🥜🥜🥜🥜🥜

➡️ မန္တလေးဆီထွက်သီးနှံစျေးကွက်အတွင်းတွင် မြေပဲဆံစျေးနှုန်းမှာ ဆီစက်များက ဝယ်ယူမှုကောင်းမွန်နေခြင်းကြောင့် စျေးနှုန်းကောင်းလျက်ရှိကြောင်း မန္တလေးပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။

➡️ ပြည်သူများက မြေပဲဆီကို အရင်ကထက်ပိုမိုစားသုံးလာကြခြင်းကြောင့် ဝယ်လိုအား မြင့်တက်လာကြောင်း၊ စျေးကွက်အတွင်းတွင် မြေပဲဆံများ ဝင်ရောက်မှုကောင်းမွန်သော်လည်း သိုလှောင်သူများက ဝယ်ယူမှုများပြားနေခြင်းတို့ကြောင့် စျေးနှုန်းကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။

➡️ “မြေပဲဆံစျေးနှုန်းက အရင်လကထက် တစ်ပိသာကို ကျပ်တစ်ထောင်ကျော်လောက်ထိ မြင့်တက်လာပါတယ်၊ အဓိကကတော့ ဝယ်လိုအားကောင်းမွန်လာတဲ့အတွက် စျေးကောင်းလာတာ ဖြစ်ပါတယ်၊ အဝင်ကလည်းရှိနေတဲ့အတွက် စျေးနှုန်းကတော့ သိသိသာသာဆက်တက်ဖို့တော့ မရှိနိုင်ဖူးထင်ပါတယ်” ဟု အဆိုပါကထိန်တော်အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

➡️ မန္တလေးစျေးကွက်အတွင်းတွင် မြေပဲဆံ S1 တစ်ပိသာလျှင် ၁၀,၀၀၀ - ၁၀,၂၀၀ ကျပ် ရှိနေခြင်းကြောင့် ယခင်လကထက် ကျပ်တစ်ထောင်ကျော်ခန့် မြင့်တက်ခဲ့ကြောင်း၊ S1 ဆီဆံက ၉,၈၀၀ ထိ ရှိခဲ့ပြီး ယခင်လကထက် ကျပ် ၁,၆၀၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

➡️ မြေပဲများအား မြေနုကျွန်းများတွင် စိုက်ပျိုးကြပြီး ထွန်းယက်စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်၊ စက်သုံးဆီစျေးနှုန်းများကြောင့် စိုက်ပျိုးစရိတ်မြင့်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းအခြေအနေကြောင့် တောင်သူများ အကျိုးအမြတ်များရရှိလျက်ရှိကြောင်း သိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)