menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သီတင်းကျွတ်ပိတ်ရက်များအလွန် ပဲမျိုးစုံဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
♦️သီတင်းကျွတ်ပိတ်ရက်အလွန်ကာလများတွင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးလျက်ရှိပြီး ပဲအမျိုးအစားအလိုက်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၁၀,၀၀၀ ကြား ဈေးကျဆင်းနေသည်။
♦️"သီတင်းကျွတ်ပိတ်ရက်တွေ အလွန်မှာ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေပါတယ်။ ပို့ကုန်ပဲတွေဆိုရင် မတ်ပဲက တစ်အိတ်ကို ၁၇၅,၀၀၀ ကျပ်၊ ပဲစင်းငုံက ၁၈၀,၀၀၀ ကျပ် ဝန်းကျင်ပဲ ဈေးရှိတော့တယ်။ ဒေါ်လာငွေဈေးကလည်း မှန်းလို့မရဘူး။ တက်တာလိုလို၊ ကျတာလိုလိုနဲ့ အဝယ်သမားကောင်းကောင်း မရှိချင်ဘူး။ မန္တလေးဈေးကွက်က သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်းက ဆက်သွားတော့ ပဲ၊ နှမ်းဈေးကွက်က အရောင်းအဝယ်အေးတာက နှစ်တိုင်းပါ" ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။
♦️သို့သော် လက်ရှိအချိန်သည် အညာကျွန်းစိုက်ခင်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် မျိုးပဲ ဈေးကွက်မှာမူ အားကောင်းနေကြောင်း သိရသည်။ "ကျွန်းစိုက်ခင်းတွေမှာ ဆောင်းမြေပဲစိုက်ပျိုးဖို့ မျိုးကြိုဝယ်နေ ကြတယ်။ ပဲမာလိုင်းတွေကတော့ ပုံမှန်သာရှိပြီး ဈေးကိုမပြောင်းတော့ဘူး။ သီတင်းကျွတ် ပိတ်ရက်တွေအလွန်ကတော့ ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်က ခဏတာပဲဈေးအေးသွားတာပါ နောက်ပိုင်းရက်တွေမှာ အရောင်းအဝယ်ပြန်သွက်လာမှာပါ" ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ပိတ်ရက်များကြောင့် ဈေးအေးနေသလို ပြည်တွင်းဒေါ်လာဈေးလည်း ငြိမ်သက်နေသဖြင့် ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံပေါက်ဈေးများမှာလည်း ဈေးငြိမ်နေကာ အောက်တိုဘာလ (၁၃) ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၈၀,၀၀၀၊ ပဲစင်းငုံ ကျပ် ၁၈၅,၀၀၀ သာ ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်းအညာ (ထိပ်စ)မှာ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၄၅,၀၀၀ ဖြင့် အရောင်းအဝယ်ပြန်အေးနေသည်။
🥜မြေပဲ🥜
အသစ်ဝင် မြေပဲဆံများ ဈေးကွက်အတွင်းလှိုင်လှိုင်ဝင်ရောက်လာသကဲ့သို့ အဝယ်လည်း အားကောင်းနေသည်။ သို့သော် စားဆီဈေးကျဆင်းနေခြင်းကြောင့် မြေပဲဆံများလည်း ဈေးကျဆင်း နေရာ ပို့ကုန်မြေပဲ S1 လုံးဆံမှာ တစ်ပိဿာ ကျပ် ၅,၂၀၀ ၊ အနီလုံးဆံ ကျပ် ၅,၂၀၀ ပေါက်ဈေးဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့် ဈေးဆက်လက်ကျဆင်းသွားသည်။ မျိုးမြေပဲဆံများမှာ တစ်ပိဿာကျပ် ၆,၀၀၀ ခန့်ပေါက်ဈေးရှိနေသည်။
♦️အခြားပဲအမျိုးအစားများအနေဖြင့် အောက်တိုဘာ (၁၃) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀၊ ပဲကြီး တစ်အိတ် ကျပ် ၂၄၀,၀၀၀၊ ပဲထောပတ်တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၄၅,၀၀၀၊ မြေထောက်ပဲတစ်အိတ် ကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၈၀,၀၀၀ ပေါက်ဈေး ရှိနေသည်။
♦️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း