menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက် အသုံးပြု ပေးချေနိုင်ပြီ …..
➖▪️➖▪️➖▪️➖▪️➖▪️➖▪️➖
▪️ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့်မြန်မာကျပ်ငွေတို့ကို တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ (၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
▪️ တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်အပြင် နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။
▪️ အဆိုပါ ကြေညာချက်တွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူနှင့် ပို့ကုန်တင်ပို့သူ၏ဘဏ်စာရင်းကို ဘတ်၊ ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်သည်။
▪️ တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားချိန်တွင် ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပမာဏမှာ ဖေဖော်ဝါရီ (၄) ရက်အထိ စာရင်းများအရ နှစ်ဆခန့် တိုးလာခဲ့ကြောင်း သိရပြီး အမေရိကန်ဒေါ်လာသန်း ၄၈၀ နီးပါး ပိုမိုကုန်သွယ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ထားသည်။
▪️ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ယွမ်နှင့် ကျပ် တိုက်ရိုက် အသုံးပြုပေးချေခြင်းကိုမူ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၄ရက်ကထဲက ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
Sources : ရွှေမန်း (The Farmer Myanmar)