menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့ရန် ဝယ်လိုအားကောင်းနေတာကြောင့် ပြည်တွင်းပြောင်းစျေးမြင့်တက်လာ"
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
✅ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ပြီး အခွန်ကင်းလွှတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့ရန် ဝယ်လိုအားကောင်းနေတာကြောင့် ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ပြည်တွင်းပြောင်းဈေးကွက် အနည်းငယ်မြင့်တက်လာကြောင်း ပြောင်းတင်ပို့သူများထံက သိရသည်။
✅ ပြည်တွင်းပြောင်းဈေးကွက်မှာ ဇန်နဝါရီလဆန်းပိုင်းကဈေးကျဆင်းနေရာမှ ဇန်နဝါရီလကုန် ပိုင်းရက်များတွင် ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၆၉၀ (ရန်ကုန်)၊ ငွေကျပ် ၁,၆၀၀ (မန္တလေး)၊ ငွေကျပ် ၁,၅၅၀ (တောင်ကြီး) အသီးသီး ပေါက်ဈေးဖြစ်လာသည်။
✅ ထို့အပြင် ပို့ကုန်ရငွေအပေါ် အခွန်ကောက်ခံသည့်နှုန်းထားများကိုလည်း ပြင်ဆင်ကောက်ခံရာ ယခင်ကပြောင်းလဲလိုက်သည့်အခွန်မူဝါဒမှာ ပို့ကုန်ရငွေ ဒေါ်လာ ၃,၅၀၀ ကျော်အပေါ်မှာ ကောက်ခံခြင်းကို ယခုအခါပို့ကုန်ရငွေ ဒေါ်လာ ၂,၁၀၀ အပေါ်တွင် ပြောင်းလဲကောက်ခံခြင်း ကြောင့် ပြည်တွင်းပြောင်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀ခန့် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
✅ မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ အခွန်ကင်းလွှတ်ခွင့်ဖြင့်တင်ပို့မှုကို ဖေဖော်ဝါရီ(၁)ရက်မှစတင်ကာ တင်ပို့နိုင်ရန် ရန်ကုန်သီလဝါဆိပ်ကမ်းတွင် ပြောင်းတင်သင်္ဘောလေးစီးဆိုက်ကပ်ထားပြီး ပြောင်း တင်ပို့သူများအနေဖြင့် ဝယ်ယူမှုအားကောင်းနေတာကြောင့်လည်း ပြည်တွင်းပြောင်းဈေးမှာ မြင့်တက်လာသည်။
✅ ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၈)လတာကာလအတွင်း အမေရိကန် ဒေါ်လာ ၃၉၂ သန်း ရရှိထားပြီး ပြောင်းတန်ချိန် ၁.၆၉ သန်း တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှာ ပြောင်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့သို့ ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့သည်။
✅ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းများကို ဒေသအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)