menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဆီထွက်သီးနှံများစျေးကောင်းနေ၍ နွေနှမ်းစိုက်ပျိုးမှုကို တောင်သူအချို့ ပိုမိုစိတ်ဝင်စားနေ”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
▶️ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းစိုက်ပျိုးမှုကို တောင်သူအချို့ ပိုမိုစိတ်ဝင်စားမှုရှိလာကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးမှုအတွက် ဆည်ရေ လုံလောက်စွာရရှိမှု၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုများ စျေးကြီးမြင့်မှုတို့ကို ချိန်ဆနေရချိန်တွင် စိုက်ပျိုးစရိတ်သက်သာခြင်းအပြင် ဆီထွက်သီးနှံဖြစ်သော နှမ်းနှင့်မြေပဲတို့ စျေးကောင်းရရှိနေခြင်း ကြောင့် အကျိုးအမြတ်ပိုမိုရရှိနိုင်ချေရှိကြောင်း ပုသိမ်ကြီးနယ်မှ တောင်သူဦးမျိုးသန့်က ပြောသည်။
▶️“မတ်လက စိုက်ပျိုးခဲ့တဲ့နှမ်းကို အခုရိတ်သိမ်းပြီး မိုးစပါးကောက်ကြီးအတွက်ပျိုးထောင်နေပါပြီ။ (၇)လပိုင်းမှာ ပျိုးထောင်ထားပြီး (၈)လပိုင်းမှာ မိုးစပါးအနေနဲ့ မဂျမ်းတောမျိုး စပါးစိုက်ပျိုးသွားမှာပါ။ နိုဝင်ဘာလကုန်လောက် မဂျမ်းတောမျိုး စပါးရိတ်သိမ်းပြီးရင် ကုလားပဲ စိုက်ပျိုးသွားမှာပါ။ ကုလားပဲကလည်း မတ်လမှာရိတ်ပြီးပြီးချင်း နှမ်းပြန်စိုက်ပျိုးပါတယ်။ ဒီလိုနဲ့ တစ်နှစ်သုံးသီး စိုက်ပျိုးပါတယ်။ “နှမ်းကတော့ မိုးမရွာရင် ရေသွင်းနိုင်အောင် ရေသွင်းရေထုတ်စနစ်တကျ ဆောင်ရွက်ထားပါတယ်။ တောင်သူအများစုလည်း ဒီလိုစိုက်ပျိုးစေချင်ပါတယ်။ စပါးပြီးစပါး စိုက်ပျိုးလို့ အဆင်မပြေတော့ပါဘူး။ နွေစပါးစိုက်ပျိုးစရိတ်ထက်သက်သာတဲ့ နှမ်းစိုက်ပျိုးမှုက အထွက်နှုန်းကောင်း စျေးကွက်ကောင်းတော့ နွေနှမ်းစိုက်ပျိုးမှုက ပိုမိုတွက်ခြေကိုက်ပါတယ်။ အခုလိုသွင်းအားစုတွေ စျေးမြင့်မားချိန်မှာ စိုက်ပျိုးစရိတ်လျော့ချဖို့ သီးနှံတစ်ခုချင်းအကျိုးအမြတ်များဖို့ဆိုရင် အခုလို တစ်နှစ်သုံးသီးစိုက်ပျိုးခြင်းက သီးနှံကွင်းဆက်အလိုက် မြေပြုပြင်ပြီးဖြစ်သလိုသွင်း အားစုသုံးစွဲမှုကို လျော့ချနိုင်ပါတယ်” ဟု ၎င်းကသုံးသပ်သည်။
▶️နွေနှမ်းရိတ်သိမ်းပြီးသည့်အခါ ကျန်ရှိသည့်နှမ်းရိုးပြတ်များက မိုးစပါးအတွက် မြေခံကောင်းဖြစ်သကဲ့သို့ မိုးစပါးရိတ်သိမ်းပြီးသည့်အခါ ကျန်ရှိသည့်ကောက်ရိုးများကလည်း ကုလားပဲအတွက် အစိုဓါတ်ကို ထိန်းသိမ်းပေးသည့်အပြင် ကုလားပဲအပင်အာဟာရအတွက် အထောက်ကူဖြစ်စေကြောင်း အဆိုပါ တောင်သူကြီးက ဆက်လက်ပြောသည်။
▶️လက်ရှိတွင် တောင်သူအများစုမှာ မိုးစပါးနှင့် နွေသီးနှံတစ်ခုခုကို အများဆုံးစိုက်ပျိုးကြပြီး ကြားသီးနှံ ဖြစ်သည့် ဆောင်းကုလားပဲကို စိုက်ပျိုးမှုနည်းလာကြောင်းလည်း သိရသည်။ ယခုနှစ်နွေစပါး ရွှေသွယ်ရင် တင်း၁၀၀ ကျပ် ၈၂၀,၀၀၀၊ ရက်၁၀၀ စပါး တင်း၁၀၀ ကျပ် ၇၉၀,၀၀၀ ပေါက်စျေးရှိပြီ သွင်းအားစုစျေး မြင့်တက်နေချိန်ဖြစ်သဖြင့် တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ငါးသိန်းအထက်တွင် ရှိနေသဖြင့် တစ်ဧက ကျပ်သုံးသိန်းဝန်းကျင်သာ အကျိုးအမြတ်ကျန်ရှိကြောင်း တောင်သူအချို့က ပြောသည်။
▶️နွေနှမ်းမှာ တစ်ဧကစိုက်ပျိုးစရိတ် ကျပ် ၂၀၀,၀၀၀ ခန့်သာကုန်ကျပြီ နွေနှမ်းဖြူ တစ်တင်းကျပ် ၆၀,၀၀၀ ကျော် ပေါက်စျေးရှိတာကြောင့် နှမ်းစိုက်ပျိုးမှုမှာ မိုမိုတွက်ခြေကိုက်ခြင်းဖြစ်သည်။ သို့သော် ယာမြေများတွင် နွေနှမ်းစိုက်ပျိုးမှုက တစ်ဧက (၁၀)တင်း ကျော်သာထွက်ရှိသော်လည်း လယ်မြေတွင် ရေသွင်း ရေထုတ်ကောင်းစွာပြုလုပ်နိုင်ပါက တစ်ဧက (၁၅) တင်းခန့်ထွက်ရှိနိုင်သဖြင့် လက်ရှိစျေးကွက် ပေါက်စျေးအရ တစ်ဧက ကျပ် ၉၀၀,၀၀၀ ခန့်ဝင်ငွေရရှိနိုင်ကြောင်း သိရသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)