menu

"သကြားအမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီ ကြံစျေးတစ်သိန်းကျော်ဖြင့်ဝယ်မည်"


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

➡️ စျေးကွက်တွင်လက်ကျန်နည်းလာပြီးဖြစ်သည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီ ကြံစျေးတစ်သိန်းပေးဝယ်မည်ဖြစ်ကြောင်း သကြားကုန်သည်များထံမှ သိရသည်။

➡️ ယင်းအပြင် လတ်တလောဒေါ်လာစျေးမှာမြင့်တက်နေ၍ စျေးမှာအတက်စျေးတွင်ရှိနေခြင်းကြောင်း မြန်မာနိုင်ငံသကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့လကရန်ကုန်စျေး သကြားတစ်ပိဿလျှင် ၃,၂၀၀ မှ ၃,၃၀၀ ဝန်းကျင်အထိသာရှိခဲ့ပြီး လက်ရှိ ၃,၆၀၀ မှ ၃,၆၅၀ ပေါက်စျေးအထိရှိနေပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာသည်။ ဒေသအလိုက် အချိန်နှင့်အမျှလည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီး ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက စျေးနှုန်းတော်တော်များများတက်လာကြောင်းလည်း သုံးသပ်ကြသည်။ 

➡️ “ပြည်တွင်းမှာလဲ သကြားရောင်းစရာသိပ်မကျန်တော့ဘူး။ လက်ကျန်နည်းတာလဲပါမယ်။ ငွေစျေးတွေ လဲတက်တော့ သကြားစျေးလဲလိုက်တက်တာပေါ့” ဟု မြန်မာနိုင်ငံသကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့အပြင် လက်ရှိသကြားလက်ကျန်မှာ တန်ချိန်တစ်သိန်းခန့်သာရှိတော့ကြောင်း ခန့်မှန်းကြသည်။

➡️ လာမည့် ၂၀၂၃ -၂၀၁၄ ကြံကြိတ်ရာသီအတွက် ပြည်တွင်းသကြားစက်ရုံများအနေဖြင့် အဖူးအမြစ် ကင်းစင်ကာ သန့်ရှင်းလတ်ဆက်ပြီး စက်ရုံရောက်စျေး ကြံတစ်တန်ကို တစ်သိန်းကျော်ပေးကာ ဝယ်ယူ ပေးမည်ဖြစ်ကြောင်း သိရသည်။ 

➡️ "လာမယ့် ကြံကြိတ်ရာသီမှာ ငွေရည်ပုလဲသကြားစက်ရုံက တစ်သိန်းတစ်သောင်းပေးဝယ်မယ် ကြောငြာထားတယ်။ နဝဒေသကြားစက်ရုံကတော့ တစ်တန်ကို တစ်သိန်းပေးဝယ်မယ်လို့ ကြော်ငြာထားတယ်။ ပြီးခဲ့တဲ့ရာသီကလဲ သကြားစျေးကောင်းလို့ ၉သောင်းသတ်မှတ်ထားတာကနေ တစ်သိန်းကျော်ထိ တိုးပေးခဲ့တယ်။ သကြားစျေးက အခုနှစ်မှာ နိုင်ငံတကာစျေးမှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမူလည်းရှိတော့ အဆင်ပြေတာပေါ့" ဟု သကြားစိုက်တောင်သူ ကိုမင်းစိုးကပြောသည်။ 

➡️ သကြားစက်ရုံမှ တစ်သိန်းကျော်သတ်မှတ်ထားပေမယ့် တောင်သူအများစုက‌တော့ တစ်သိန်းသုံးသောင်း လောက်မှသာ လောက်ငှမည်ဖြစ်ကြောင်း ပြောကြားမှုများရှိခဲ့သည်။ လက်ရှိ Export အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိနေပြီး အဆိုပါနိုင်ငံသို့ သကြားမကြိတ်ခင် ကြိုတင် စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။

➡️ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာအရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့်အတွက် တိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။ တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန်လေးသိန်းခန့် ထွက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။ 

➡️ မြန်မာနိုင်ငံ၏ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင်စတင်ကာ ဧပြီလဆန်းပိုင်းတွင်ကုန်ဆုံး လေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ(AMIA)