menu

၂၀၂၂ - ၂၀၂၃ ကြံရာသီတွင် ကြံတစ်တန်လျှင် ငွေကျပ် ၈၀,၀၀၀သို့ရောက်ရှိ


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

✔️ပြီးခဲ့သည့်နှစ်များ ၂၀၁၉ -၂၀၂၀ က ကြံရာသီတွင် ကြံတစ်တန်ပေါက်စျေးမှာ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်ရှိခဲ့ပြီးယခင်က ကြံတစ်တန်ပေါက်စျေးကို ကြံရာသီစတင်မှသာ စျေးသတ်မှတ်ကြပြီး ယခင်နှစ်က ကြံတစ်တန်လျှင် ငွေကျပ် ၅၀,၀၀၀ အထိ စျေးမြင့်၍ဝယ်ယူမည်ဟု ကုမ္ပဏီများက ကြိုတင်၍စျေးပြောထားရှိထားခဲ့ပြီး နောက်ဆုံး ကြံတစ်တန် ၆၅,၀၀၀ အထိ တိုးမြှင့်ပေးခဲ့ကြကြောင်း ယခုလာမည့် ကြံရာသီတွင် ကြံတစ်တန် ကျပ် ၈၀,၀၀၀ အထိ စျေးဖွင့်ထားပြီး နောက်လာမည့်ကြံရာသီ ၂၀၂၃ -၂၀၂၄ တွင် ကြံစိုက်ဧကအသစ်များကို တစ်ဧကလျှင်ကျပ် ၂၀၀,၀၀၀ ထောက်ပံ့ ပေးအပ်သွားမည် ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးကပြောကြားသည်။

✔️“ငွေရည်ပုလဲ သကြားစက်ရုံကနေ လာမည့်ကြံရာသီ ၂၀၂၂ -၂၀၂၃ အတွက် ကြံစျေးကို ကြံတစ်တန်လျှင် ကျပ် ၈၀,၀၀၀ သတ်မှတ်လိုက်တယ်။ စက်ရုံအရောက်စျေး စျေးစဖွင့်လိုက်တယ်။ အခြားသကြားစက်ရုံ တွေ ကြံစျေးမပေးသေးဘူး။ နောက်ပိုင်းစက်ရုံတွေလည်း ကြံစျေးလိုက်ဖွင့်ကြမှာပါ။ သူက ဘာ ထူးခြားတာ တစ်ခုရှိလည်းဆိုတော့ နောက်လာမည့် ၂၀၂၃ -၂၀၂၄ ကြံရာသီအတွက် ကြံစိုက်ပျိုးမည့် တောင်သူတွေအတွက် တစ်ဧက ကျပ် ၂၀၀,၀၀၀ ထောက်ပံ့ပေးအပ်မယ်တဲ့ စိုက်ပျိုးစရိတ်အဖြစ် ထောက်ပံ့ပေးမယ်။ အဲဒီကြံက ၂၀၂၃- ၂၀၂၄ မှ စားရမှာပါ။ သူက ၂၀၂၃ -၂၀၂၄ ကြံရာသီအတွက် ကြံစိုက်တဲ့သူတွေကို ကြိုပေးတာပါ။ ကြံအသစ်စိုက်မည့်သူကို ငွေနှစ်သိန်းကြိုပေးမှာပါ။ စိုက်စရိတ် ကြိုထုတ်ပေးမှာပါ။ သူတို့က သကြားစက်အသစ်တစ်လုံး ထပ်တည်ဆောက်ထားလို့ ရှမ်းမြောက်မှာ စက် အသစ်တည်တာပါ။ ၂၀၂၁-၂၀၂၂ ကြံရာသီက သကြားအတွက်နှုန်းကနည်းခဲ့တယ်။ ပြည်တွင်း စားသုံးမှုအတွက်ရှိခဲ့တယ်။ သကြားတန် လေးသိန်းကျော်လောက်ထွက်ခဲ့တယ်။ လေးသိန်းခွဲသကြားတန် ထွက်ခဲ့တယ်။ ပြည်တွင်းစားသုံးမှုကများတော့ ဗီယက်နမ်နိုင်ငံကို တင်ပို့တာက တန်ချိန် သုံးသောင်းခွဲ ကနေ လေးသောင်း ရှိမယ်ထင်တယ်။ ဒီနှစ်သကြားက ပြည်တွင်းမှာ တန်ချိန် ၄၅၀,၀၀၀ ထွက်တယ်။ ပြည်တွင်းစားသုံးမှုအတွက် ပြည်ပကို သကြားတင်ပို့မှုလျှော့ချပြီး ပို့လိုက်တယ်။ ကြံစိုက်ပျိုးထုတ်လုပ်မှု က လိုအပ်နေတာကသွင်းအားစုပါ။ ဒီဇယ်၊ ဓာတ်မြေသြဇာကို သီးသန့်ပံ့ပိုးပေးနိုင်ရင် သကြားထုတ်လုပ် မှုက ဒီထက်ပိုလာနိုင်တယ် ပြည်တွင်းသကြားစျေးက လက်ရှိ ၂,၁၃၀ ကနေ ၂,၁၅ဝ စျေးရှိပါတယ်” ဟု ဦးဝင်းဌေးကပြောကြားသည်။

✔️ယခင်နှစ်ကြံစိုက်ရာသီတွင် တစ်နိုင်ငံလုံး၌ စိုက်ဧကစုစုပေါင်း ၄၃၈,၄၂၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ သိရသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : cropmarketnews