menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သကြားစျေး စံချိန်တင်မြင့်တက်လာမှုကြောင့် လာမည့်နှစ်ကြံရာသီတွင် ကြံတစ်တန်စျေး ကျပ်ငါးသောင်းထိ ဖြစ်လာနိုင်
******************************
➡ ယခုပြည်တွင်းသကြားစျေးနှုန်းမှာ တစ်ပိဿာကျပ် ၁,၅၀၀ ကျော်လာပြီး သကြားရောင်းဝယ်မှု သမိုင်းတစ်လျှောက်စံချိန်တင်မြင့်တက်လာမှုကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန်ဝယ်ယူစျေး မှာလည်း ကျပ် ၅၀,၀၀၀ ကျော်ထိဖြစ်လာနိုင်ကြောင်း ကြံ၊သကြားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
➡ ပြည်တွင်းသကြား လက်ကျန်နည်းပါးလာခြင်း ၊ နိုင်ငံခြားငွေဒေါ်လာစျေးမြင့်တက်လာခြင်း၊ နိုင်ငံကာသကြားပေါက်စျေးမှာလည်းမြင့်တက်လာခြင်းတို့ကြောင့် ပြည်တွင်းသကြားဈေးမှာ ကြံရာသီ ကုန်ဆုံးချိန် ဧပြီလအတွင်းက တစ်ပိဿာ ကျပ် ၁,၂၀၀ မှ ကျပ် ၁,၃၀၀ စျေးရှိရာမှ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တဖြေးဖြေးမြင့်တက်လာကြောင်း သကြားလုပ်ငန်းရှင် ဦးဝင်းဌေးက ပြောသည်။
➡ “ဒီနှစ်သကြားအထွက်နှုန်းက မြန်မာတစ်နိုင်ငံလုံးမှာ တန်ချိန်တစ်သိန်းကျော် လျော့နည်းထားတာရယ်၊ လက်ရှိ နိုင်ငံတကာသကြားစျေးနဲ့ ဒေါ်လာစျေးမြင့်တက်လာတာကြောင့် ပြည်တွင်းသကြားစျေး စံချိန်တင်စျေးတက်လာတာပါ။ ပြည်တွင်းသုံးစွဲမှုကမြင့်မားမှုမရှိသေးပါဘူး။ ဒါပေမယ့် ပြည်တွင်း လက်ကျန်သကြားကနည်းလာပါပြီ။ ဒီလိုသကြားစျေးမြင့်မားလာတာက လာမည့်နှစ် ကြံရာသီမှာ တောင်သူတွေ ကြံတစ်တန် ကျပ် ၅၀,၀၀၀ ကျော်စျေးထိရလာနိုင်ပါတယ်။ မနှစ်ကရှမ်းမြောက် တောင်သူတွေ ကြံတစ်တန် ကျပ် ၄၆,၀၀၀ စျေးထိရရှိထားပါတယ်” ဟု ၄င်းကပြောသည်။
➡ ယနေ့ မန္တလေးသကြားဒိုင်ပေါက်စျေးမှာ တစ်ပိဿာ ၁,၄၅၀ မှ ၁,၅၅၀ ဝန်းကျင်အထိ ရှိနေပြီး မန္တလေးမြို့တွင် Stay at Home ကာလကို သြဂုတ်လကုန်ပိုင်းထိ တိုးမြှင့်ထားပြီး သကြားဂိုဒေါင်များလည်း ပိတ်ထားတာကြောင့်လည်း သကြားစျေးမှာ သီးတင်းနှစ်ပတ်အတွင်း စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း ၊ ပြည်တွင်းသုံးစွဲမှုနည်းပါးချိန်ဖြစ်သော်လည်း ပြည်တွင်း လက်ကျန်သကြားနည်းပါးလာတာခြင်း၊ ငွေကြေးလည်ပတ်မှု ငွေပေးချေရာတွင် အခက်အခဲ ဖြစ်လာတာကြောင့် သကြားစျေးများ ဆက်လက်မြင့်တက်လာနိုင်ချေရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)