menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ကထိန်ရာသီအတွင်း ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲ၊ နှမ်း ဈေးကွက်အခြေအနေ"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ကထိန်ရာသီတွင် မန္တလေး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေပြီး ဈေးကျဆင်းနေသည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ်ပြန်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။
✔️ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးကျဆင်းမှုမရှိဘဲ အရောင်းအဝယ်ကောင်းနေပြီး မြေပဲ ဆန်ဈေးကွက်မှာလည်း မျိုးမြေပဲဆံ နှင့် ဆီကြိတ်မြေပဲဆံတို့မှာ အရောင်းအဝယ် ခပ်သွက် သွက်ဖြစ်နေသည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံတို့မှာ ဈေးကျဆင်းနေရာမှ အိန္ဒိယ FOB ဈေးတိုးမြှင့်လာတာကြောင့် ဈေးအနည်းငယ်ပြန်တက်လာသော်လည်း ဈေးကောင်းမဟုတ်သေးကြောင်း၊ တရုတ်ပို့ကုန် လိုင်းမှာလည်း တင်ပို့မှုမတည်ငြိမ်တာနှင့် အိန္ဒိယလိုင်းပဲတင်ပို့မှု နည်းနေခြင်းဖြစ်တာကြောင့် ပဲနှမ်း ဈေးကွက်တစ်ခုလုံး အေးနေခြင်းဖြစ်သည်။ ကထိန်ရာသီတွင် မန္တလေးကုန်စည်ဒိုင်တွင်လည်း နှစ်စဉ် အရောင်းအဝယ်အေးနေချိန်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံ က ပြောသည်။
✔️“ပြည်တွင်းကုလားပဲအုပ်စု ဈေးမကျဘဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၉၁,၀၀၀ - ၁၉၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ကထိန်ရာသီမို့ ကုလားပဲ ရောင်းကောင်းနေတယ်။ မြေပဲဆန်ဈေးက မကျဘူး။ တစ်ပိဿာကျပ် ၅,၁၀၀ - ၅,၂၀၀ ပေါက်ဈေးဖြစ်နေပါတယ်။ ကျန်ပဲနှမ်းတွေကတော့ ပုံမှန်ပါပဲ။ မတ်ပဲဈေးကွက်ကျဆင်းနေရာက ဈေးအနည်းငယ်ပြန်တက်လာပေမယ့် ယခင်သီတင်းပတ်ထက်တော့ ကျဆင်းနေပါတယ်။ အိန္ဒိယ FOB ဈေးတိုးမြင့်လာတာကြောင့် ဈေးအနည်းငယ်ပြန်တက်နေပါတယ်။ ပဲတီစိမ်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲဆံမျိုးဈေးကတော့ တစ်ပိဿာ ငွေကျပ် ၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ တန်ဆောင်မုန်းလ ကထိန်ရာသီဖြစ်လို့ မန္တလေးကုန်စည်ဒိုင်မှာ ဆက်လက်အရောင်းအဝယ်ပါးနေမှာပါ။ တရုတ်လမ်းကြောင်းတင်ပို့မှု မတည်ငြိမ်တာနဲ့ အိန္ဒိယပဲတင်ပို့မှုနည်းနေလို့ ပဲဈေးကွက် တစ်ခုလုံးအေးနေပါတယ်” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း🫘
အိန္ဒိယ FOB ဈေးတိုးမြှင့်ဝယ်လာတာကြောင့် မတ်ပဲ၊ ပဲစင်းငုံ ဈေးကွက်ကျဆင်းနေရာမှ ဈေး အနည်းငယ်ပြန်တက်လာရာ နိုဝင်ဘာ (၂) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀၊ ပဲစင်းငုံ တစ် အိတ်လျှင် ကျပ် ၁၈၀,၀၀၀ ပေါက်ဈေးပြန်ဖြစ်လာသည်။ ပဲတီစိမ်း(အညာ) မှာ ထိပ်စသုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။
🥜မြေပဲ🥜
မျိုးမြေပဲဝယ်ချိန်ဖြစ်တာကြောင့် ဈေးကောင်းနေပြီး ပြည်တွင်းဆီစက်များ အဝယ်ကောင်း နေတာကြောင့် မျိုးမြေပဲတစ်ပိဿာလျှင် ကျပ် ၆,၀၀၀ ပေါက်ဈေးရှိသော်လည်း ဆီဆံများမှာ တစ်ပိဿာလျှင် ကျပ် ၅,၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ အထိ ကျဆင်းသွားကြောင်းသိရသည်။
✔️မန္တလေးကုန်စည်ဒိုင်မှာ ကထိန်ရာသီဖြစ်တာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဈေးအေးနေရာ နိုဝင်ဘာ (၂) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၁,၀၀၀၊ ပဲယင်းတစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ကျပ် ၁၆၅,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ကျပ် ၁၅၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ကျပ် ၂၄၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ကျပ် ၄၁၀,၀၀၀ ပေါက်ဈေးဖြစ်နေသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း