menu

“ကိုဗစ်စည်းကမ်းချက်များ ဖြေလျှော့ပေးမှုကြောင့် ဖရဲ၊ သခွားဈေးကွက် အရောင်းအဝယ်သွက်လာ”


🍈🍉🍈🍉🍈🍉🍈🍉🍈🍉🍈

🔼တရုတ်နိုင်ငံမှ ကိုဗစ်စည်းကမ်းချက်များကြောင့် ဖရဲ၊ သခွား အပါအဝင် ကုန်သွယ်မှုကျဆင်းနေခဲ့ရာ ဒီဇင်ဘာ (၂) ရက်မှစတင်ပြီး ကျင်စန်းကျော့ဂိတ်မှ ကိုဗစ်စည်းကမ်းချက်များဖြေလျှော့ပေးမှုကြောင့် ဝမ်တိန်အသီးကွင်းသို့ အသီးကားများဝင်ရောက်မှုကို ခွင့်ပြုပေးခဲ့သည်။

🔼ဒီဇင်ဘာ (၈) ရက်၊ (၉) ရက်များတွင် အဝေးအသီးဝယ်လက်များလာပြီး ဖရဲ၊ သခွားအသီးဈေးကွက်မှာ အစေ့မဲ့ဖရဲ ၃.၆ ယွမ်၊ ရွှေသခွားမွှေး၄.၃ ယွမ်၊ 855 ဗမာဖရဲ ၂.၄ ယွမ်၊ 855 ရှမ်းသီးဖရဲ ၂.၆ ယွမ် နှင့် သခွားတစ်ကီလိုလျှင် ၃.၅ ယွမ်ထိ ပေါက်ဈေးဖြစ်လာခဲ့သည်။ နေ့စဉ် ဖရဲ၊ သခွားကားစီးရေ ၅၀ ကျော် တင်ပို့နေပြီး ၁ယွမ် မြန်မာငွေ ကျပ်၄၁၀ကျော် ပေါက်ဈေးရှိသည်။

🔼တရုတ်ငွေဈေးမြင့်မားနေခြင်းကြောင့် ပို့ကုန် ဖရဲ၊ သခွားဈေးများ ဈေးရရှိမှု ကောင်းနေကြောင်း သို့သော်လည်း သယ်ယူပို့ဆောင်စရိတ်များ မြင့်မားနေတာကြောင့် အကျိုးအမြတ်ရရှိသင့်သလောက် မရရှိကြောင်း တောင်သူများထံမှသိရသည်။ နိုဝင်ဘာလလယ်မှ စတင်သည့် ဆောင်းဖရဲဈေးကွက်မှာ ဈေးကွက်အစပိုင်းတွင် တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေရသဖြင့် တောင်သူ များအရှုံးပေါ်ခဲ့သည်။

🔼ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး ဖြေလျှော့လာသည့် ကုန်သွယ်ရေးမူဝါဒကြောင့် ဖရဲ၊ သခွား အပါအဝင် အခြားသီးနှံများ၊ ရေထွက်ကုန်များ၊ ပဲမျိုးစုံနှင့် ရာဘာထွက်ကုန်များ ပိုမိုတင်ပို့နိုင်တော့မည်ဖြစ်သဖြင့် ကျဆင်းနေသည့် ကုန်သွယ်ရေးပြန်လည်ကောင်းမွန်တော့မည်ဖြစ်ကြောင်း မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းမှ အမှုဆောင်တစ်ဦးကပြောသည်။

🔼သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း