menu

ကြက်သွန်နီ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး နှင့် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာနိုင်ရေး စီစဉ်


🌱🧅🌱🧅🌱🧅🌱🧅🌱🧅🌱

🔳 ၂၀၂၁ခုနှစ် ဇူလိုင် ၄ရက်နေ့တွင် ကျင်းပခဲ့သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ ပထမအကြိမ် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အခြေခံရည်ညွှန်း စပါး ဈေးနှုန်း ထုတ်ပြန်ကြေညာနိုင်ရေးနှင့် ကြက်သွန်နီအခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

🔳 အခြေခံရည်ညွှန်းစပါးဈေးကို နှစ်စဉ် သတ်မှတ်ထုတ်ပြန်လေ့ရှိသော်လည်း ကြက်သွန်နီကို အခြေခံရည်ညွှန်းဈေးသတ်မှတ်နိုင်ရန်အခုနှစ်တွင် စတင်ဆောင်ရွက်လာခြင်းဖြစ်ပါသည်။ သို့သော် တရားဝင်သတ်မှတ်ထုတ်ပြန်ပေးမဲ့နေ့ရက်အား ထုတ်ပြန်ချက်တွင်ထည့်သွင်း ဖော်ပြထားခြင်း မရှိသေးပေ။ ကြက်သွန်ဈေးနှုန်းများ စိုက်ပျိုးထုတ်လုပ်မူစရိတ်အောက်ထိကျဆင်းကာ နှစ်နှစ်ဆက်တိုက် တောင်သူများ အရူံးပေါ်နေခြင်းကြောင်း အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးတာကို ကြိုဆိုကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးက ဆိုသည်။

🔳 “တောင်သူတွေက ဝယ်သူမရှိဘူး၊ ရှိတဲ့လူကို ရတဲ့ဈေးနဲ့ရောင်းရတဲ့ အနေအထားဗျ၊ မနှစ်ကလည်း အရင်းရှုံးကြတယ်။ အခြေခံဈေးသတ်မှတ်ပေးမယ်ဆိုရင်တော့ တောင်သူအကျိုးရှိနိုင်တယ်” ရှမ်းပြည်နယ် မှကြက်သွန်ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်ဖြိုးကဆိုသည်။ ဒါ့အပြင် အခြေခံဈေးသတ်မှတ်ပေးရာမှာ လအလိုက်ဈေးနှုန်းသတ်မှတ်ပေးရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

🔳 “ဖြစ်ကိုဖြစ်ရမယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ ။ဒါပေမဲ့ ကြက်သွန်ပေါ်စအချိန်ဆိုရင် ကြက်သွန်က အလေးချိန်ရတယ်။ ခြောက်သွားရင် ကုန်ချိန်ကလျော့တာဆိုတော့ တောင်သူတွေက ပေါ်ပေါ်ခြင်းရောင်းကြလိ မ့်မယ်။ ဒါဆိုရင် နောက်ပိုင်းမှာ ဈေးကွက်ရှားပါးတဲ့ ပြသာနာနဲ့ ဈေးတက်တာကို ထိန်းနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

🔳 လက်ရှိတွင် ပြည်တွင်း၊ ပြည်ပဝယ်လိုအားလျော့ကျ၍ ကြက်သွန်ဈေးမှာ စိုက်ပျိုးထုတ်လုပ်မှုစရိတ်အောက်သို့ ကျဆင်းနေပြီး စိုက်ပျိုးတောင်သူများအရှုံးနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

Sources : AMIA