menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြက်သွန်နီဈေးကွက် အခြေအနေ
🍃🧅🍃🧅🍃🧅🍃🧅🍃🧅🍃
↔️အိန္ဒိယနိုင်ငံမှ မှီခိုဝယ်နေသည့်နိုင်ငံများမှ မြန်မာနိုင်ငံဘက်သို့ ပြောင်းလဲဝယ်ယူနိုင်ဖွယ်ရှိ၍ တောင်သူများအဆင်ပြေမည့် စျေးတန်တခုသို့ ကြက်သွန်စျေးများပြန်လည်ရောက်ရှိလာနိုင်ဖွယ် ရှိကြောင်း တောင်သူများနှင့်ကုန်သည်များ ကသုံးသပ်ကြသည်။
↔️လက်ရှိ အိန္ဒိယနိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် သီးနှံများပျက်စီးပြီးစျေးကွက်ဝင် ရောက်ချိန် နောက်ကျနိုင်မည်ဖြစ်၍ အဆိုပါနိုင်ငံအား မှီခို၍ အဓိကထားဝယ်ယူနေသော ဘင်္ဂလားဒေ့ချ်၊ သီရိလင်္ကာနိုင်ငံများမှ မြန်မာနိုင်ငံဘက်သို့ ပြောင်းလဲကာ အားထားဝယ်ယူမည်ဖြစ်ပြီး စျေးတန်းတစ်ခု သို့ ရောက်ရှိလာနိုင်ကြောင်းသုံးသပ်ထားသည်။
↔️“တချို့ နယ်တွေမှာကတော့ စျေးလေးနည်းနည်းမြောက်လာတယ်။ တချို့နိုင်ငံခြား Export ဆွဲလာတာရယ်၊ အရောင်းအဝယ်တွေသွက်လာတဲ့အခါမှာ နယ်စျေးလေး နည်းနည်း မြောက်လာတယ်။ အဓိက အိန္ဒိယမှာ ရေကြီး၊ သီးနှံပျက်စီးတော့ Export ဘန်း နိုင်ခြေရှိတယ် ဘန်းလိုက်ရင် သူ့ဆီမှာ ဝယ်နေကြနိုင်ငံတွေက မြန်မာပြည်ဘက်ကို လှည့်ဝယ်လာနိုင်မယ်။ ဒီဘက်ကလည်း လမ်းကြောင်း အဆင်ပြေရင် တောင်သူတွေအတွက်အဆင်ပြေနိုင်မဲ့ စျေးနှုန်းတစ်ခုအထိတော့ ရောက်သွားနိုင်ခြေ ရှိတယ်” ဟု မြင်းခြံ မှ ကြက်သွန်စိုက်ပျိုးရောင်းချသည့် ကုန်သည် ကိုသက်ဖြိုး ကပြောသည်။
↔️လက်ရှိ ပြည်တွင်းဒေသအချို့ ၌ ကြက်သွန်နီအဝယ်များ ပြန်ဖြစ်နေကြောင်းလည်း သိရသည်။ ယင်းအပြင် ဆိပ်ဖြူ၊ တောင်သာနယ်များအပါအဝင် နယ်ဒေသအချို့တွင်လည်း တစ်ပိသာလျှင် ၂၈၀ ကျပ်မှ ၃၀၀ ကျော်အထိ ပေး၍ ပြန်လည်ဝယ်လာကြောင်းလည်း တောင်သူများထံမှသိရသည်။ အဆိုပါစျေးမှာ ယခင်လများထက်စာလျှင် ပြန်လည်စျေးမြောက်လာခြင်းဖြစ်ကြောင်း ၊ ယခင်စျေးမှာ တစ်ပိသာလျှင် ၂၀၀ ခန့် တောင်မရှိခဲ့သည့် အခြေနေသို့ရောက်ရှိခဲ့ကြောင်းဆိုသည်။
↔️သို့သော် ကြက်သွန်စိုက်စရိတ်အနေဖြင့် စိုက်ပျိုးသည့်အချိန်၊ နုတ်သည့်အချိန်တွင် ငှားရသည့် အလုပ်သမားခများ၊ မြေသြဇာခများ အပါအဝင်တစ်ဧကလျှင် ၂၅သိန်းခန့်ကုန်ကျလျက်ရှိသောကြောင့် တစ်ပိဿာကို ၄၀၀ ၊ ၅၀၀ ကျပ် နှုန်းခန့် ရမှသာ စိုက်စရိတ်အရင်း ရရှိမည်ဖြစ်ကြောင်း တောင်သူများ ထံမှ သိထားသည်။ လက်ရှိပေး၍ ဝယ်နေသည့်စျေးနှုန်းမှာ တောင်သူများအတွက် စိုက်စရိတ်အောက် သာရှိနေသေးကြောင်း ကြက်သွန်စိုက်တောင်သူအချို့က ပြောသည်။
↔️“တချို့နယ်တွေ၊ ဆိပ်ဖြူနယ်ဘက်တွေမှာ တောသီးတစ်ပိဿာကို ၃၀၀ ကနေ စဝယ်နေတယ်လို့ သိရတယ်။တချို့ တောင်သာနယ်တွေမှာလည်း ပစ္စည်းသန့်ရင် ၂၈၀ လောက်ထိ အဝယ်လိုက်နေတယ် လို့တော့သိရတယ်၊ ကျနော်တို့ဘက်မှာတော့ ၂၀၀ ကျော်ပဲရပါတယ် အခုက စျေးလေးနည်းနည်း မြောက်လာလို့ဝယ်သာရုံလောက်ပဲ။ စိုက်စရိတ်တော့မရသေးဘူး ရှုံးနေသေးပါတယ် “ ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးကပြောသည်။
↔️ယခင်က တောင်သူတွေအနေဖြင့် ပွဲရုံတင်၍ရောင်းရသည့်တွက် အနည်းငယ် အဆင်ပြေမူရှိသော်လည်း လက်ရှိ ပြည်တွင်း၌မငြိမ်မသက်ဖြစ်နေ၍ ပွဲရုံတချို့ ပိတ်ထားသောကြောင့် တောင်သူများအနေဖြင့် ၎င်းတို့လာ၍သာ ရောင်းရသည့်ခြေအနေမျိုးသို့ ရောက်ရှိနေကြောင်းဆိုသည်။ တောင်သူလက်ထဲတွင် ကြက်သွန်နီ လက်ကျန်အမြောက်အများရှိနေသော်လည်း အကြောင်းအမျိုးမျိုး အခက်ခဲများကြောင့် စျေးကွက်သို့ ဝင်ရောက်မူနည်းပြီး လက်လီစျေးမှာ အနည်းငယ်စျေးမြောက်နေခြင်းဖြစ်သည်။
↔️လက်ရှိ လက်လီဈေးကွက်တွင် ကြက်သွန်နီတစ်ပိသာလျှင် ၅၀၀ ကျပ်မှ ၇၀၀ကျပ်အထိရှိကြောင်း အရည်သွေးကောင်းပါက တစ်ပိဿာ ၁,၀၀၀ အထိရှိကြောင်းရန်ကုန် လက်လီရောင်းဆိုင်များထံမှ သိရသည်။ “ကြက်သွန်က အသေးအကြီးပေါ် မူတည်ပြီးစျေးကွာပါတယ်။ အရင်က တစ်ပိဿာ ၇၀၀ ၊ အခုက တစ်ပိဿာကို ၁,၀၀၀ ထိစျေးရှိပါတယ် ။ ကြက်သွန်ကတော့ အရောင်းအဝယ်က ကောင်းပါတယ်၊ အခြေခံစားသောက်ကုန်ဆိုတော့ ၊ အခု ကိုဗစ်ကာလမှာ ပိုရောင်းသွက်တယ်” ဟုရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၈လမ်းစျေးမှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။
↔️လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများမှာ ကြက်သွန်စျေးကွက်ကို ထိခိုက်စေကြောင်းသိရသည်။
↔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများ သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Credit to : အက္ခရာ (AMIA)