menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြက်သွန်နီဈေးကွက် အခြေအနေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
✅လက်ရှိ ကြက်သွန်နီစျေးကွက်တွင် အရောင်းအဝယ်ပုံမှန်ခန့်သာရှိပြီး ကြက်သွန်အသစ်များပေါ် နေပြီဖြစ်၍ စျေးကျဆင်းသွားကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရသည်။
✅ယခင်ရာသီဉတုအခြေအနေများကြောင့်အိန္ဒိယနိုင်ငံမှ မှီခိုဝယ်နေသည့် နိုင်ငံများမှ မြန်မာနိုင်ငံဘက်သို့ ပြောင်းလဲဝယ်ယူမှုများရှိခဲ့သည့်အတွက် စျေးတန်းတခုသို့ရောက်ရှိခဲ့ပြီး လက်ရှိကြက်သွန်အသစ်များ ပေါ်တော့မည်ဖြစ်၍ စျေးကွက်အေးသွားခြင်း ဖြစ်ကြောင်းသိရသည်။
✅“စျေးကနည်းနည်းပြန်အေးတယ်၊ တောစျေးကတော့ ၅၀၀ပတ်လည်မှာပဲရှိတယ်။ စိုက်စရိတ်အောက် မှာပဲပြောလို့ရတယ်။ ပုံမှန်ကတော့ စိုက်စရိတ်အပေါ်မှာပေါ့ ။အခုက မြေဩဇာစျေးတွေ၊ ဆီစျေးတွေက စျေးကြီးနေတော့ စိုက်စရိတ်အောက်မှာပဲရှိသေးတယ်ဗျ။ အရင်က ၅၀၀ဆို မဆိုးဘူးဗျ ။ စျေးက ကျသွားတယ်။ အရင် ၇၀၀ ကျော်အထိရှိတယ်။ မိုးကြက်သွန်အကုန် နွေကြက်သွန်ဝင်မှာဆိုတော့ အရောင်းအဝယ်ကတော့ ပုံမှန်သွားနေအုံးမှာပဲ။ ဘင်္ဂလားဒေ့ရှ်ကတော့ အဝယ်တော့နည်းနည်းရှိတယ် အများကြီးမရှိဘူး” ဟု မြင်းခြံမှ ကြက်သွန်စိုက်ပျိုးရောင်းချသည့် ကုန်သည် ကိုသက်ဖြိုး က ပြောသည်။
✅ယခင် တစ်ပိဿာလျှင် တောင်သူစျေး ၇၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိ တစ်ပိဿာလျှင် ၅၀၀ ပတ်ချာလည်တွင်သာရှိကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်လက်လီစျေးအနေဖြင့် မြစ်သား ကြက်သွန်နီ တစ်ပိဿာလျှင် အလုံးအသေးအကြီးပေါ်မူတည်ကာ ၁,၀၀၀ မှ ၁,၂၀၀ ထိရှိကြောင်း ရန်ကုန် လက်လီအရောင်းဆိုင်များထံမှ သိရသည်။ “မြစ်သားကြက်သွန်ကတော့ အလုံးသေးရင် ၁,၀၀၀၊ အလုံးကြီးရင် ၁,၂၀၀ အထိ ရောင်းပါတယ်။ တော်တော်များများကလည်း မြစ်သားပဲ ဝယ်ကြတယ်။ ကြက်သွန်က အခြေခံစားသောက်ကုန်ထဲမှာပါတော့ ရောင်းရပါတယ်” ဟုရန်ကုန်မြို့ သင်္ဃန်းကျွန်းစျေးမှကြက်သွန်ကုန်သည် တစ်ဦးကပြောသည်။
✅ဧပြီလတွင် နွေကြက်သွန် ပေါ်မည်ဖြစ်၍ ကြက်သွန်လှိုင်လှိုင်ထွက်မည်ဆိုပါက စျေးအနည်းငယ် ထပ်မံကျဆင်းနိုင်ကြောင်း သုံးသပ်ကြသည်။ လက်ရှိအိန္ဒိယနိုင်ငံတွင်ရေကြီးမှုများဖြစ်ပေါ်နေခြင်း ကြောင့် သီးနှံများပျက်စီးပြီးဈေးကွက်ဝင်ရောက်ချိန်နောက်ကျနိုင်မည်ဖြစ်၍ အဆိုပါနိုင်ငံအားမှီခို၍ အဓိကထားဝယ်ယူနေသော ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံများက မြန်မာနိုင်ငံဘက်သို့ ပြောင်းလဲ ကာအားထားဝယ်ယူနိုင်သည့်အတွက် အချို့ဒေသများတွင် ကြက်သွန်ခင်းများအားဝယ်ယူလျှက် ရှိကြောင်းလည်း သိရသည်။
✅ပုံမှန်ကြက်သွန်စိုက်စရိတ်အနေဖြင့် စိုက်ပျိုးသည့်အချိန်၊ နုတ်သည့်အချိန်တွင်ငှားရသည့် အလုပ် သမားခများမြေသြဇာခများ အပါအဝင်တစ်ဧကလျှင် ၂၅သိန်းခန့်ကုန်ကျလျှက်ရှိ၍ တစ်ပိဿာကို ၄၀၀ ၊ ၅၀၀နှုန်းခန့်ရမှသာ စိုက်စရိတ်အရင်းရ၍ တွက်ခြေကိုက်ခဲ့ပြီးလက်ရှိတွင် ဆီစျေး၊ မြေဩဇာစျေးနှုန်း ကြီးနေသည့်အတွက်များ ကြီးနေသည့်အတွက် တစ်ပိဿာလျှင် ၅၀၀ အထက်ရရှိမှသာတောင်သူတွေ အတွက် တွက်ချေကိုက်မည်ဖြစ်ကြောင်းတောင်သူများထံမှသိထားသည်။
✅လတ်တလောတွင် ဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများနှင့်သွင်အားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေးအပါအဝင်အခြားအခက်ခဲများစွာရှိကြောင်းသိရသည်။ ကြက်သွန်နီကို(၁၁)လပိုင်း နှင့် (၁၂)လပိုင်းမှာ စတင်စိုက်ပျိုးကြပြီး (၄)လပိုင်းတွင် နွေကြက်သွန်များ ပေါ်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် စိုက်ပျိုးမှုနည်းပြီး မြေဩဇာကောင်းကောင်းမသုံးနိုင်ခဲ့သည့်အတွက် အထွက်နှုန်း နည်းမည်ဖြစ်ပြီးအရည်သွေးလည်း ကျဆင်းနိုင်ကြောင်း သိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News