menu

ကြက်သွန်နီဈေးကွက် ဈေးကောင်းသော်လည်း တောင်သူများဈေးမရ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

🔸ဈေးကွက်အတွင်း ကြက်သွန်နီ ဈေး‌ကောင်းနေသော်လည်း တောင်သူများရောင်းချရာတွင်ဈေးမရဖြစ်နေကြောင်းကြက်သွန်စိုက်တောင်သူအချို့က ပြောသည်။ လတ်တလော စျေးကွက်တွင် စားသုံးသူမြင့်တက်လာကာ ယခု တစ်ပတ်အတွင်း ကြက်သွန်နီဈေးကောင်းလာခဲ့ပြီး လက်လီဈေးကွက်တွင် အကြီးတစ်ပိသာလျှင် ၇၀၀ ကျပ်၊ အသေးတစ်ပိသာလျှင်ကျပ် ၅၀၀ ဈေးအထိရှိလာကြောင်း သိရသည်။

🔸သို့သော်တောင်သူများမှ ကုန်သည် များထံပြန်လည်ရောင်းချရာတွင်မူဈေးကောင်းမရဘဲ တစ်ပိသာလျှင် ၂၀၀ ကျပ်သာရရှိသည့်အပြင်လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင်အခြားအခက်ခဲများစွာရှိနေသောကြောင့်ဝယ်လိုအားလည်း လုံးဝမရှိ ကြောင်း သိရသည်။ 

🔸ထိုကြောင့် တောင်သူလက်ထဲတွင် ကြက်သွန်နီ လက်ကျန်အမြောက် အများရှိနေသော်လည်း လတ်တလောတွင် ဖြစ်ပေါ်နေသည့် ရောဂါအခေအနေများ၊ နိုင်ငံရေးအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး နှင့် အခြားအခက်ခဲများစွာ ရှိနေသော ကြောင့် ကုန်သည်များထံ နှင့် စျေးကွက်အတွင်းသို့ အနည်းငယ် ဝင်ရောက်နေခြင်းကြောင့် စျေးနှုန်းများအမြင့်စျေးတွင်ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

🔸"တောင်သူတွေဆီမှာက ပစ္စည်းပေါတယ်။ဒါပေမဲ့ သယ်ယူပို့်ဆောင်ရေးမှာလုံးဝ ပြတ်တောက်သွားတော့ စျေးကွက်မှာ ပစ္စည်းပြတ်လို့ စျေးတက်လိမ့်မယ် လို့ထင်တယ်။ စားသုံးသူဆီ စျေးတက်သွားတာပေါ့။ အရင်လို့ ဘုရင်နောင်ကုန်စည်ဒိုင်တို့ ၊ မော်လမြိုင် တို့ကို မပို့ရတော့ဘူး။ပို့မရတော့ စျေးကွက်မှာရှားသွားပြီး စျေးကွက်မှာတက်ပြီး တောင်သူမှာအရှုံးပေါ်တာပေါ့။ တောင်သူတွေဆီတော့ အဝယ်မရှိသလောက်ကိုရှားတယ်။ တစ်ပိသာ ၂၅၀ ကို ဝယ်မဲ့သူ မရှိဘူး။အလွန်ဆုံး ၂၀၀၊၂၃၀ လောက်ပဲ ရတယ် ။ အခုက ရှုံးတာမဟုတ်တော့ဘူး။ အကုန်ဆုံးတာဖြစ်သွားပြီး" ဟု ကြက်သွန်စိုက်ပျိုးရောင်းချသည့် ကုန်သည် ကိုသက်ဖြိုး ကပြောသည်။

🔸ကိုဗစ် စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစတင်ကာ လက်ရှိအချိန် အထိ ဝယ်လိုအားကျဆင်းကာ တောင်သူများ အရှုံးပေါ်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။ သို့ဖြစ်ပါ၍ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ပထမအကြိမ်စုံညီအစည်းအဝေးဆုံး ဖြတ်ချက်အရကြက်သွန်နီအ ခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ် ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဆောင်ရွက်နေကြောင်းလည်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 

🔸ကြက်သွန်ဈေးနှုန်းများ စိုက်ပျိုးထုတ်လုပ်မူစရိတ်အောက်ထိကျဆင်းကာ နှစ်နှစ်ဆက်တိုက် တောင်သူများ အရူံးပေါ်နေခြင်းကြောင်း အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးပါကတောင်သူတွေအတွက် အကျိုးရှိကြောင်း ကြက် သွန်စိုက် တောင်သူတစ်ဦးကဆိုသည်။ သို့သော် ကြက်သွန်စိုက်စရိတ်အနေဖြင့် စိုက်ပျိုးသည့်အချိန်၊ နုတ်သည့်အချိန်တွင် ငှားရသည့်အလုပ်သမားခများ မြေသြဇာခများ အပါအဝင် တစ်ဧကလျှင် ၂၅သိန်းခန့်ကုန်ကျလျက်ရှိသောကြောင့် တပိသာကို ၄၀၀ ၊ ၅၀၀နှုန်းခန့် ရမှသာ စိုက်စရိတ် အရင်းရရှိမည် ဖြစ်သောကြောင့် အခြေခံရည်ညွန်စျေး သတ်မှတ်မည်ဆိုပါက တစ်ပိသာလျှင် ကျပ် ၇၀၀ မှ ၈၀၀ ကြား သတ်မှတ်ပေးမှသာ တောင်သူတွေ အတွက် အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

🔸အခြေခံရည်ညွန်စျေး တကယ်သတ်မှတ်ပေးရင်တော့ တောင်သူတွေအတွက် တော်တော်အကျိုးရှိမယ်။ မျှော်လင်ချက်ကလေးရှိသွားတာပေါ့။ မမြတ်ဘူး ဆိုရင်တောင်မရှုံးတော့ဘူး။ သတ်မှတ်ပေးရင်တော့ ၅၀၀ ဆိုရင် စိုက်စရိတ်ရတယ်ဆိုတော့ ၇၀၀၊ ၈၀၀လောက်က အဖြစ်သင့်ဆုံးစျေးပဲ။ အမြင်ပြောပြတာပေါနော်။ စားသုံးသူအတွက် လဲမျှတတယ်။ အရင်း ၇၀၀၊၈၀၀ဆိုရင် စားသုံးသူဆီကို ၉၀၀ နဲ့ ရောက်သွားမယ်။ ဝေးတဲ့နေရာဆိုရင်အလွန်ဆုံးရောက်တစ်ထောင်ပေါ့။ တစ်ပိသာ တစ်ထောင်နှုန်းကတော့ ဖြစ်သင့်တယ်လို့ထင်တယ် ''ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

🔸မြန်မာနိုင်ငံမှ ကြက်သွန်များကို ပြည်တွင်းစားသုံးမူအပြင် ပြည်ပနိုင်ငံများ ဖြစ်သော ဘင်္လားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ အန္ဒိယနိုင်ငံများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အဓိကတင်ပို့လျက်ရှိရာ ကိုဗစ်ရောဂါအခြေအနေများ နှင့် နိုင်ငံရေး အခြေအနေများကြောင့် လက်ရှိတွင် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။

Credit to : အက္ခရာ (ဈေးကွက်သတင်း)