menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"သင်္ကြန်ကာလအလွန် ပဲမျိုးစုံဈေးကွက် အခြေအနေ"
🍀☘️🌱☘️🍀🌱🍀☘️🌱☘️🍀
✅ယခုသင်္ကြန်ကာလအလွန် ရန်ကုန် ဘုရင့်နောင်ဈေးကွက်အတွင်း ပထမဆုံးဈေးကွက်ပြန်ဖွင့်တဲ့ ဧပြီ (၁၈) ရက်မှာတော့ မတ်ပဲဈေးတွေဟာ သင်္ကြန်မတိုင်ခင်ကာလကထက် အနည်းငယ်ပိုမြင့်တက်လာတာ တွေ့ရပါတယ်။
✅သင်္ကြန်ပိတ်ရက်မတိုင်ခင် နောက်ဆုံးဈေးကွက်ဖွင့်ခဲ့တဲ့ ဧပြီ (၈) ရက်က ရန်ကုန်မတ်ပဲဈေး (FAQ/RC) ဟာ တစ်တန်ကို ကျပ် ၁,၄၈၀,၀၀၀ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၁,၀၀၀ ဈေးတက်လာပြီး ၁,၄၈၁,၀၀၀ ဖြစ်လာပါတယ်။
✅သင်္ကြန်မတိုင်ခင်က တစ်တန်ကို ကျပ် ၁,၆၆၀,၀၀၀ ဈေးပေါက်ခဲ့တဲ့ မတ်ပဲ (SQ/RC) ကတော့ ကျပ် ၂၁,၀၀၀ ထိ မြင့်တက်လာပြီး တစ်တန်ကို ၁,၆၈၁,၀၀၀ ထိ ဈေးမြင့်တက်လာပါတယ်။
✅ပဲစင်းငုံနီ (အာစီ) ကတော့ ဈေးအနည်းငယ်ကျသွားပြီး သင်္ကြန်မတိုင်ခင်က တစ်တန်ကို ကျပ် ၁,၄၃၀,၀၀၀ ရှိခဲ့ရာကနေ သင်္ကြန်အပြီး ဒီနေ့အဖွင့်မှာတော့ ကျပ် ၇,၅၀၀ ဈေးကျသွားပြီး ကျပ် ၁,၄၂၂,၅၀၀ ဖြစ်သွားပါတယ်။
✅အခြားပဲတွေဖြစ်တဲ့ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲတီစိမ်း စတဲ့ ပဲတွေ ကတော့ ဈေးအတက်အကျ မရှိသလောက်ဖြစ်ပြီး အများစုက သင်္ကြန်မတိုင်ခင်ကဈေးနှုန်းတွေ အတိုင်းသာ ရှိနေတာဖြစ်ပါတယ်။
✅သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ကတော့ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေကြေးနဲ့ပတ်သက်ပြီး ပြောင်းလဲလိုက်တဲ့မူဝါဒတွေကြောင့် ပဲတင်ပို့သူတွေကြား ရိုက်ခတ်မှုတွေရှိခဲ့ပြီး မတ်ပဲဈေးကလည်း တစ်တန်ကို ၁ သိန်းနီးပါးအထိဈေးကျဆင်းသွားခဲ့ပါတယ်။
✅ဒါပေမယ့် အိန္ဒိယက ပဲလိုအပ်ချက်ရှိနေပြီး ပြည်တွင်းမတ်ပဲက ထွက်ရှိမှုနှုန်းလျော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ရက်ပိုင်းအတွင်း ပြန်တက်လာခဲ့ပြီး သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ဧပြီ (၈)ရက် မှာတော့ ယခင်ဈေးနှုန်းထိ ပြန်ရောက်ခဲ့ကာ သင်္ကြန်အပြီးမှာတော့ အနည်းငယ်ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News