menu

ဖျက်ပိုးမျိုးစုံကိုဆေးတစ်မျိုးတည်းဖြင့်နှိမ်နင်းပေးမည့် မင်းရဲ ၂၅ အီးစီ



🔸“မင်းရဲ ၂၅ အီးစီ” (Min Ye 25 EC)🔸  
🌾🌿🐛🐜🦟🕷🌿🌿🐛🐜🦟🕷🌿🌾

 🔸အစွမ်းရှိပစ္စည်း Profenofos 20% + Beta-cypermethrin 5% ပါဝင်ပါသည်။

 🔸“မင်းရဲ ၂၅ အီးစီ” သည်ဆေးအုပ်စု Organophosphorus Insecticide (OPI) နှင့် Pyrethroid (ဆေးဂန္ဓမာ) နှစ်မျိုးပေါင်းစပ်ထားပြီးမတူညီသောဓာတုဗေဒဆေးအုပ်စုနှစ်ခုကိုဆတိုးအာနိသင် (Synergism) ရရှိအောင်စနစ်တကျ ရောစပ် ထားသဖြင့်ပိုးသတ်စွမ်းရည်အထူးမြင့်မားပါသည်။

 🔸“မင်းရဲ ၂၅ အီးစီ” တွင်ပါဝင်သော “Profenofos”သည်အရွက်များအတွင်းထိုးဖောက်စိမ့်ဝင်နိုင်စွမ်းရှိပြီး အရွက်များ၏အောက်မျက်နှာပြင်တွင်တွယ်ကပ်နေတတ်သောပိုးဥများကိုပါသုတ်သင်နိုင်သောအာနိသင်ရှိသည်။ “Beta-Cypermethrin” သည် ဖျက်ပိုးများ၏ အစာစားချင်စိတ်ကို ပျက်စီးစေသည်။

 🔸ထို့ကြောင့် ဖျက်ပိုးအုပ်စုများစွာကိုဆေးတစ်မျိုးတည်းဖြင့်နှိမ်နင်းပေးနိုင်သည့် ပြင်းထန်သော ထိသေအာနိသင်နှင့် စားသေအာနိသင်ရှိ ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ “မင်းရဲ ၂၅ အီးစီ” သည် သီးနှံပင်များ ပေါ်တွင်ဆေးအာနိသင်တာရှည်ခံသဖြင့်ဆေးဖျန်းရသည့် အကြိမ်ကိုလည်းလျော့နည်းစေပါသည်။

 🔸စိန်ကွက်ဖလံ၊ ဝါသီးနှံ သီးလုံးဖောက်ပိုး၊ ပြောင်းတွင်ကျရောက်သော ဖောငမြှောင်တောင်စသည့် ခံနိုင်ရည်ရှိသောပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ စပါး၊ပဲမျိုးစုံ၊မြေပဲ၊ပြောင်း၊ ဝါ၊ ခရမ်းချဉ် နှင့် မုန်ညင်းမုန်လာသီးနှံများ တွင်ကျရောက်သောစုပ်စားပိုးများဖြစ်သည့် ပျ၊ဖြုတ်၊ ယင်ဖြူ တို့အပြင် “မွှားပင့်ကူနီ”ကိုလည်း အထူးနှိမ်နင်းနိုင်ပါသည်။

 🔸အသုံးပြုရမည့်ဆေးနှုန်းထားမှာ ပိုးအမျိုးအစားပေါ်မူတည်၍ ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံး တစ်ပုံးလျှင် ဆေးရည် (၈၀ - ၁၅၀)စီစီ နှုန်းအသုံးပြုရန်ဖြစ်ပါသည်။

 🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰