menu

ဘက်စုံသုံး ပိုးသတ်ဆေးခဲ "ဒီပါ ၄၆ ဂျီ"



ဝိစာရ၏တောင်သူဦးကြီးတို့အတွက်..... 🌾🐛🌾🐜🌾🦗🌾🦟🌾🐀🌾
 
မိုးစပါးများစိုက်ပျိုးပြီးပိုးသတ်ဆေးဖျန်းချိန်တွင် မိုးရွာသွန်းမှုကြောင့် အခက်မတွေ့ရစေရန် စိုက်ခင်းအတွင်းသို့ အချိန်မရွေးလွယ်ကူစွာ ကြဲပက်အသုံးပြုနိုင်မည့် ဘက်စုံသုံး ပိုးသတ်ဆေးခဲ “ဒီပါ ၄၆ ဂျီ “ရှိနေပါပြီ။  

ဆေးသုံးမျိုးစပ် မြေသန့် အပင်ကောင်းပိုးသတ်ဆေးခဲ..... “ဒီပါ ၄၆ ဂျီ “ 

 “ဒီပါ “ တွင် အစွမ်းရှိပစ္စည်း Cartap - 4% +Thiamethoxam - 0.4% + Abamectin - 0.2% ပါဝင်ပါသည်။  

စိုက်ခင်း မြေပြင်ပေါ်သို့ လွယ်ကူစွာ ကြဲပက်ရုံဖြင့် ထိရောက်သော ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး နှင့် နီမတုတ်သတ် ဆေးခဲဖြစ်ပါသည်။  

မြေတွင်းအောင်းပိုးများ၊ စုပ်စားပိုးများ၊အပင်အစိတ်အပိုင်းများအတွင်းသို့ဝင်ရောက်ဖျက်စီးသောပိုးများ၊ နီမတုတ်ကြောင့်ဖြစ်သောရောဂါများကိုထိရောက်စွာ ကာကွယ် နှိမ်နင်း နိုင်ပါသည်။  

နှိမ်နင်းနိုင်သောဖျက်ပိုးများမှာ ပင်ဖြတ်ပိုး၊ ဖိုးလမင်းကျိုင်းလောက်ကောင်၊ ကျောက်ပိုး (ဝါယာပိုး)၊ ခြ၊ ပုရစ်၊ ပျ၊ ဖြုတ်စိမ်း၊ ဖြုတ်ညို၊ ယင်ဖြူ၊ သရစ်လှေးပိုး၊ ပိုးစေးနှဲ၊ စပါးဆစ်ပိုး၊ ပင်စည်ထိုးယင်၊ ရွက်ထွင်းပိုး အမျိုးမျိုးတို့ဖြစ်ပြီး နီမတုတ်ကြောင့်ဖြစ်သော စပါးမြစ်ဖုရောဂါ၊ ရွက်ဖျားဖြူရောဂါ၊ ယူဖရာရောဂါ တို့ကို လည်းထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

ကြဲပက်အသုံးပြုရမည့် ဆေးနှုန်းထားမှာ တစ်ဧကလျှင် (၆-၈) ကီလိုဂရမ်နှုန်းဖြစ်ပါသည်။ 

 👉သီးနှံမျိုးစုံ ဖျက်ပိုးကင်းစင်ရေး "ဒီပါ" သုံး၍ နှိမ်နင်းပေး။  
👉 နီမတုတ် ရဲ့ အစွမ်းဖျက်ဖို့ "ဒီပါ" ဆေးခဲကို သုံးကြပါစို့။ 

 ✅စစ်မှန် ပြည့်ဝ ဝိစာရ ✅