menu

ကြံတစ်တန် စက်ရုံအရောက် ငွေကျပ်နှစ်သိန်းအထိ စံချိန်တင်စျေးတိုးမြှင့်ပေးလာ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

➡️ ကြံတစ်တန်စက်ရုံအရောက် ငွေကျပ် ၂၀၀,၀၀၀ ထိ စံချိန်တင်စျေးဖြင့်  ရွှေညောင် မြဘုရင်သကြားစက်က ယခင်နှစ်ထက်တိုးမြှင့်ပေးလာ​ကြောင်းသိရသည်။ 

➡️ မြန်မာနိုင်ငံ၊ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ပြည်တွင်းသကြားစက်များမှ ကြံတစ်တန်စျေးနှုန်းသတ်မှတ်ရန် မကြာမီဆွေးနွေးထုတ်ပြန်ရန်ရှိနေပြီး ပြည်တွင်းသကြားစျေးကိုအခြေခံဈေးထားပြီး ဝယ်ယူရန်သက်မှတ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

➡️ ကြံရာသီနီးလာတာကြောင့် သကြားစက်ရုံများကနယ်မြေအလိုက် ကြံတစ်တန်ဈေးသက်မှတ် ဝယ်ယူရာ ၂၀၂၃ - ၂၀၂၄ရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက် ငွေကျပ် ၁၅၀,၀၀၀ အထိ ဝယ်ယူခဲ့သည်။ 

➡️ ၂၀၂၄ -၂၀၂၅ ကြံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းမြောက် ဒေသ သကြားစက်ရုံများက ကြံစျေးထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း ရှမ်းတောင်ဒေသ မြဘုရင်သကြားစက်ရုံက ကြံတစ်တန်လျှင် ငွေကျပ် ၂၀၀,၀၀၀ သက်မှတ်ကြောင်း နိုဝင်ဘာ(၂)ရက်နေ့က ထုတ်ပြန်လာခြင်းဖြစ်သည်။ 

➡️ လက်ရှိ ပြည်တွင်းသကြားဈေးမှာ နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၅,၁၀၀ ဝန်းကျင်ခန့်ပေါက်ဈေးရှိနေပြီး  ပြည်တွင်းသကြားဈေးမှာတည်ငြိမ်နေသည်။ ကြံစိုက်တောင်သူများအနေဖြင့် သွင်းအားစု လုပ်သားစရိတ်၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးများ မြင့်တက်နေတာကြောင့် စိုက်ပျိုးစရိတ်မြင့်မားလာတာဖြစ်ပြီး  ကြံတစ်တန်ဈေး ငွေကျပ်၂၀၀,၀၀၀  မှာ သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ကြောင်း ကြံတောင်သူတစ်ဦးက ပြောသည်။ 

➡️ "လုပ်သားစရိတ်၊ စက်သုံးဆီဈေးတွေ၊ မြေဆီဈေးတွေ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်လာတာဖြစ်လို့ စိုက်ပျိုးစရိတ်လည်းမြင့်တက်လာပါတယ်။ ကြံတစ်တန်ဈေးက ငွေကျပ် ၂၀၀,၀၀၀ ဆိုတာ လက်ရှိသကြားပေါက်ဈေးဖြင့်တွက်ချက်လျှင် သင့်တင့်မျှတသည့်ဈေးဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)