menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြံတစ်တန်ဈေးနှုန်း ငွေကျပ် ၁၅၀,၀၀၀ အထိ စံချိန်တင်စျေးတိုးမြှင့်ပေးလာ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
➡️ ကြံတစ်တန်ဈေးနှုန်း စက်ရုံအရောက် ငွေကျပ် ၁၅၀,၀၀၀ အထိ စံချိန်တင်စျေးဖြင့် ရွှေညောင် မြဘုရင်သကြားစက်က ထပ်မံတိုးမြှင့်ပေးလာကြောင်းသိရသည်။
➡️ မြန်မာနိုင်ငံ၊ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ပြည်တွင်း သကြားစက်များမှ ကြံတစ်တန် ငွေကျပ် ၁၁၀,၀၀၀ မှ ၁၃၀,၀၀၀ ကြား အခြေခံဈေးထားပြီး တောင်သူများထံမှဝယ်ယူရန် ညှိနှိုင်းတောင်းဆိုမှုကြောင့် ကြံတစ်တန် ငွေကျပ် ၁၃၀,၀၀၀ အထိ ထပ်မံတိုးမြှင့်ဝယ်ယူမည်ဖြစ်သည်။
➡️ ကြံရာသီနီးလာတာကြောင့် သကြားစက်ရုံများက နယ်မြေအလိုက် ကြံတစ်တန်ဈေးတိုးမြှင့်ပေးဝယ် လာရာ ၂၀၂၃- ၂၀၂၄ရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက် ငွေကျပ် ၁၃၀,၀၀၀ အထိ တတိယအကြိမ် ထပ်မံတိုးမြှင့်ဝယ်ယူလာခြင်းဖြစ်သည်။
➡️ ၂၀၂၃-၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် စက်တင်ဘာလအတွင်းက ကြံတစ်တန် ငွေကျပ် ၁၁၀,၀၀၀၊ အောက်တိုဘာလတွင် ၁၂၀,၀၀၀၊ နိုဝင်ဘာလဆန်းပိုင်းတွင် ၁၃၀,၀၀၀ အထိ တိုးမြှင့်ဝယ်ယူမည်ဖြစ်ပြီး ရွှေညောင် မြဘုရင်သကြားစက် က ကြံတစ်တန် ငွေကျပ် ၁၅၀,၀၀၀ အထိ စံချိန်တင်အမြင့်ဆုံးဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာ(၂)ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။
➡️ လက်ရှိ ပြည်တွင်းသကြားဈေးမှာ နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၃,၆၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိနေပြီး ပြည်တွင်းသကြားဈေးမှာအနည်းငယ်ကျဆင်းသွားသည်။ ကြံစိုက်တောင်သူများအနေဖြင့် သွင်းအားစု၊ လုပ်သားစရိတ်၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးများ မြင့်တက်နေတာနှင့် စိုက်ပျိုးစရိတ်မြင့်မားလာတာကြောင့် ကြံတစ်တန်ဈေး ငွေကျပ် ၁၅၀,၀၀၀ မှာ သင့်တင့်မျှတသည့်ဈေးနှုန်းဖြစ်ကြောင်း ကြံတောင်သူ ဦးချိုတူး က ပြောသည်။
➡️ “လုပ်သားစရိတ်၊ စက်သုံးဆီဈေးတွေ၊ မြေဆီဈေးတွေ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်လာတာဖြစ်လို့ စိုက်ပျိုးစရိတ်လည်း မြင့်တက်လာပါတယ်။ ကြံတစ်တန်ဈေးက ငွေကျပ် ၁၅၀,၀၀၀ ဆိုတာ လက်ရှိသကြားပေါက်ဈေးဖြင့်တွက်ချက်လျှင် သင့်တင့်မျှတသည့် ဈေးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း(မကွေးဂျာနယ်)