menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
လာမည့်ကြံရာသီ သကြားဈေးကွက်အခြေအနေ .....
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
☑️ ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှုလုံလောက်ပြီး ပြည်ပသို့တင်ပို့မှုများရှိရာ ကမ္ဘာ့သကြားဈေး မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့အမြင့်ဈေးရောက်လာရာ လာမည့်သကြားဈေးကွက်တွင် လက်ရှိပေါက်ဈေးထက် နိမ့်ကျဖွယ်မရှိကြောင်း သိရသည်။ လက်ရှိ သကြားတစ်ပိသာဈေးနှုန်းများမှာ မန္တလေးတွင် ၃,၁၈၀ ကျပ်နှင့် ရန်ကုန်တွင် ၃,၂၀၀ကျပ် ပေါက်ဈေးရှိသည်ဟု ဆိုသည်။
☑️ “ကမ္ဘာ့သကြားဈေးတက်လို့ ပြည်တွင်းသကြားလည်းဈေးမြင့်လာတာပါ။ လာမယ့်နှစ် သကြားဈေးက အခုဈေးထက်နိမ့်ကျဖို့မရှိနိုင်ဘူး။ လာမယ့်နှစ်မှာ ကြံစိုက်တောင်သူတွေ အလားအလာကောင်းတယ်။ ဒီနှစ်လည်း ကြံစိုက်ဧကတိုးလာသလို သကြားထွက်ရှိမှုလည်းတိုးတယ်” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးက ပြောသည်။
☑️ သကြားမှာ ပြည်တွင်းစားသုံးမှုပိုလျှံပြီး သကြားထုတ်လုပ်မှုမြင့်လာရာ ပြည်ပသို့တင်ပို့မှုများလည်းရှိပြီး လာမည့်နှစ်တွင် ယခုနှစ်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့သကြားသည် ကမ္ဘာ့ဈေးကွက်တွင် ယခင်ကတည်းက တန်းဝင်သကြားဖြစ်သော်လည်း Modified Sugar အဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
☑️ “ဒီနှစ် ကြံတောင်သူတွေအတွက်အဆင်ပြေတယ်လို့ ပြောနိုင်ပေမယ့် သကြားစက်တွေက ပိုပြီး အမြတ်အစွန်းရတယ်။ စက်ရုံတွေက သကြားဈေးပေါ်မူတည်ပြီး တောင်သူတွေဆီက ကြံဈေး ဖြတ်ပေးတာ။ ပြီးခဲ့တဲ့ကြံရာသီမှာ တစ်တန်ကို ၉၅,၀၀၀ ပေးတယ်။ လက်ရှိသကြားပေါက်ဈေးနဲ့ဆိုရင် တစ်သိန်းအထက်ပေးသင့်တယ်” ဟု မောင်းကုန်းမှ ကြံစိုက်တောင်သူ ဦးချိုတူးကပြောသည်။
☑️ ကြံတစ်ဧကလျှင် စိုက်ပျိုးစရိတ်မှာ ယခင်က ငွေကျပ် ၄သိန်း ဖြစ်သော်လည်း မြေသြဇာနှင့် အခြားစရိတ်များ မြင့်တက်လာသဖြင့် စိုက်ပျိုးစရိတ်မှာ ငွေကျပ် ၁၂သိန်း ကုန်ကျပြီး ကြံစိုက်ပျိုးစရိတ် မှာ ၃ဆခန့် ပိုမိုကုန်ကျလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ငါးသန်းဝန်းကျင်ဖြစ်ပြီး ထုတ်လုပ်နိုင်မှုမှာ တန်ချိန်လေးသန်းခွဲခန့်ရှိသဖြင့် ပိုလျှံပြီးပြည်ပသို့ တင်ပို့မှုများလည်းရှိကြောင်း ယခင်နှစ်များက ပြည်တွင်းသကြားလက်ကျန်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် ၂၀၂၁ ခုနစ်မတိုင်မီက သကြားတစ်ပိဿာ ငွေကျပ် ၂,၀၀၀ ၀န်းကျင်သာရှိခဲ့ကြောင်း သိရသည်။
☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း